နတ်နှစ်နတ် ပေါင်းပြီး လောင်းကျော်ပစ်လိုက်ပြီ ဘော်ဒါတို့ရေ..။ နတ်ဆိုးလေးရဲ့ ဘလော့ဂ်ကို အလွယ်တကူ ဖတ်လို့ ရသွားပါပြီခင်ဗျာ..။ ဒိုမိန်းတစ်ခု တည်ဆောက်လိုက်ပါပြီ..။ http://www.netsoelay.tk ပါခင်ဗျာ..။ ကိုမာရ်နတ် က နတ်ဆိုးလေးကို ကူညီတယ်ခင်ဗျ..။ အမှတ်မထင်ပဲ. သူ့ကို ကျွန်တော်က စကားပြောရအောင် Gtalk မှာ လှမ်းဖိတ်လိုက်တယ်..။ အစက အစီအစဉ် မရှိဘူး..။ ပြောရင်းနဲ့ ဒိုမိန်း အကြောင်းရောက်သွားတော့ ပြောရင်း ပြောရင်း စိတ်က ပါလာတော့ ကိုင်း လုပ်မယ် ကိုမာရ်နတ်ရေ... ဆိုပြီး ကျွန်တော်က လုပ်တယ် .. သူက Supervisor လုပ်ပေးတယ်ခင်ဗျ..။ ကျွန်တော် လိုချင်တာက စာဖတ်သူ အဆင်ပြေဖို့ပဲ..။ ဆိုတော့ ဒီကောင်လေး မဆိုးဘူးဆိုပြီးလုပ်ချလိုက်တာ..။ ကိုမာရ်နတ်လဲ အတော် ပင်ပန်းသွားတယ်..။ ဟုတ်ကဲ့.. ကိုမာရ်နတ် ကို ဒီကနေလဲ ထပ်ဆင့် ကျေးဇုးတင်လိုက်ပါတယ်ခင်ဗျာ..။
ကျွန်တော် ရည်ရွယ်ထားခဲ့တဲ့ ပရီမီယမ် နဲ့ ဒိုမိန်းကိုတော့ ဒီ ဒိုမိန်းမှာ ပြသနာ တစ်ခုခုမရှိမချင်း ပြောင်းသုံးဖြစ်မှာ မဟုတ်ပါဘူးခင်ဗျာ.။ ဒီကောင်လေးက အတော်လေးကို အဆင်ပြေလို့ပါ..။ အခုလောလောဆယ် ဒိုမိန်းအသစ်နဲ့ Run လိုက်တော့ ပြသနာ တစ်ခု ရှိသွားပါတယ်.။ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး..။ Bloglist ပျောက်ထွက်သွားတာပါပဲ..။ ဒါ ကျွန်တော် ပြန် လုပ်မှာပါ..။ မနက်ဖြန် သန်ဘက်ခါဆို ရပါပြီ..။ စာဖတ်သူတို့ ကျော်လို့ ခွလို့ မရတော့ရင် နတ်ဆိုးလေးရဲ့ ဘလော့ဂ်လေး ကိုတော့ လာလည်လို့ရနေမှာဆိုတော့ နတ်ဆိုးလေးက ပီတိတွေ ဖြစ်နေပါတယ်ခင်ဗျ..။
အခု ကျွန်တော့် ဘလော့ဂ်ကို လင့်ခ် ညွှန်းထားတဲ့ ဘလော့ဂါ အကို အမ များ ကျွန်တော့ကို လင့်ခ် ပြောင်းညွှန်းပေးကြပါခင်ဗျာ..။
http://www.netsoelay.tk ပါခင်ဗျာ..။ ကျေးဇူးတင်ပါတယ်နော်..။
အားလုံးကိုလေးစားလျက်
...နတ်ဆိုးလေး.....
ကျွန်တော် နတ်ဆိုးလေး Blog စရေးကတည်းက ရေးချင်နေတာက ကဗျာမဟုတ်တဲ့ Post တွေပါ။ ခက်တာက Notepad လေးနဲ့ စရေးလိုက်ရင် အဲဒါ Blog Entry မဖြစ်တော့ဘူး။ Recycle Bin ထဲပဲ ရောက်ရောက်သွားတယ်။ ပါရမီလို့ပဲ ခေါ်မလား အကျိုးမပေးဘူးလို့ပဲ ပြောရမလားပဲ။ ရေးလို့ မရခဲ့တာတော့ အမှန်အကန်ပါ..။ ရေးဖို့တော့ အားခဲထားပါတယ်။ ကဗျာချည်းသက်သက်တော့ ကျွန်တော့ Blog လေးကို မတင်းတိမ်နိုင်ဘူးခင်ဗျ။ ရေးချင်သေးတယ်။ ရေးဦးမှာပါ.။ ကျွန်တော့ Blog လေးကို လာလည်ကြတဲ့ လူတွေကို message တစ်ခုခု ရသွားစေချင်တယ်။ ဘာပဲ ဖြစ်ဖြစ် တစ်ခုခုပေါ့.။ ဘာမှ မဖြစ်စလောက်လေးဆိုရင်လဲ ကျွန်တော်ပေးနိုင်သလောက် ပေးရတာမို့ ကျေနပ်မိမှာ အမှန်ပါ..။ ပေးနိုင်အောင် ကြိုးစားနေပါတယ်.။ ဘာမှ မရှိသေးလို့သာ မပေးနိုင်သေးတာပါ.။
နတ်ဆိုးလေး ဒီတစ်ပါတ်ထဲ ငြိမ်နေတယ်.။ အမေများနေ့ ပြီးကတည်းက စာရွက်နဲ့ရော Notepad နဲ့ရော Dashboard ပေါ်မှာရော ဘာမှ မရေးဖြစ်ဘူး.။ ဘာရေးရမှန်းမသိတာရော အပျင်းကြီးနေတာရောကြောင့်ပါ။ နောက်နေ့ နောက်နေ့တွေမှာ ကျွန်တော် တတ်သမျှ မှတ်သမျှ နည်းပညာ လေးတွေ share လုပ်ချင်ပါတယ်။ လုပ်ဖို့လည်း စိတ်ကုးနေပါတယ်။ ဒါပေမယ့်ဗျာ .. လာလည်နေကြတဲ့ Blogger အကို အမတွေက ဘာမှ မသိ မတတ်ပဲ ရေးနေကြတာမှ မဟုတ်တာ.။ ကျွန်တော် သိသမျှ တတ်သမျှ share သမျှဟာ blogger အကို အမများအတွက် ပြောပ လောက်တဲ့ အတိုင်းအတာတစ်ခုထိတော့ ရမှာ မဟုတ်ပါဘုး .။ အဲဒါတစ်ခုတော့ စိတ်မကောင်း ဖြစ်မိပါတယ်.။ ဘာပဲဖြစ်ဖြစ် ကျွန်တော် သိသမျှ ချပြမှာပါ..။
ကျွန်တော်က အင်တာနက်ဆိုင်တစ်ခုမှာ ၀န်ထမ်း လုပ်နေပါတယ်.. ။ အဝေးသင်တက်ဖို့ ရှိပါတယ်။ ကျွန်တော် ခုမှ အသက် ၁၈ နှစ် ပါ။ ၁၉ နှစ်ထဲကို ၀င်ကာစ ပဲ ရှိပါသေးတယ်။ ကျွန်တော့် blog ထဲက shoutbox မှာ လာအော်သွားတဲ့ စာဖတ် ပရိတ်သတ်တွေ .. Post တွေရဲ့ အောက်မှာ စာမူခ တစ်ဖြစ်လဲ comment တွေ လာပေးကြတဲ့ စာဖတ်သူတွေ အားလုံး ကျွန်တော့ထက် ကြီးကြမှာပါ..။ ကျွန်တော် ရေးခဲ့တဲ့ အထဲမှာ အမှား ပါသွားရင် စိတ်ရှိလက်ရှိ ဝေဖန်ပါ ထောက်ပြပါ..။ အကို အမ တို့ ရဲ့ လက်တွဲခေါ်ယူမှုကို နတ်ဆိုးလေးက မျှော်လင့်နေပါတယ်.။ ကျွန်တော် ပြောချင်တာတစ်ခု ရှိသေးတယ်။ ကျွန်တော် အင်တာနက်ဆိုင်မှာ လုပ်တယ်.။ နေ့စဉ်နဲ့ အမျှ တွေ့နေရတာကတော့ မြန်မာ ပြည်ရဲ့ ၀ါရင့် သမ္ဘာရင့် Chatter ကြီးတွေပါ..။ Gtalk ထဲမှာ screen ပေါ်က စကားလုံးတွေကို သာယာနေကြတဲ့ ကျွန်တော့ အရွယ် ပတ်ဝန်းကျင် ကောင်လေးကောင်မလေးများ ကို မတွေ့ချင် အဆုံး မုန်းနေအောင် မြင်ရပါတယ်.။ တစ်ခါက ကိုဇော့စ်(ZOX) ရဲ့ blog ကို သွားလည်တော့ ဖတ်ခဲ့ရတယ်. ။ Gtalk , sign in , sign out ဆိုတာလေးပဲ တတ်ပြီးတော့ အင်တာနက်သုံးတတ်တယ်ဆိုတဲ့ နာမည်ကို လက်မထောင်ထားကြတဲ့လူတွေထဲမှာ ကျွန်တော့ ပတ်ဝန်းကျင်က ကျွန်တော့ သူငယ်ချင်း မိတ်ဆွေများ အပါအ၀င်ပါ.။ ကျွန်တော် သူတို့ကို ဒါ့ထက်ပိုပြီး သိစေချင်တယ်။ အဲဒီစေတနာလေးနဲ့ ကျွန်တော် (စကားလုံးရှာမရလို့ ကြီးကျယ်ခမ်းနားတဲ့ စကားလုံး သုံးပါရစေ) လုငယ်အကျိုးပြု မယ့် Post တွေ ရေးပါ့မယ်.။ နောက်ပြီင်္း လူ့အသိုင်းအ၀ိုင်း လူ့ ပတ်ဝန်းကျင် မှာ ကျွန်တော် ခံစားနားလည်သမျှ လေးတွေကို မျှဝေပေးချင်ပါတယ်.။ ကျွန်တော့ ဆန္ဒ အမှန်အကန်ပါ.။ နောက်တစ်ခုက ကျွန်တော့ ရဲ့ Blogspot ဟာ သိတော်မူကြတဲ့အတိုင်း ရေးတဲ့လူကလဲ ကျော်ခွရေး .. ဖတ်တဲ့လူုက လဲံ ကျော်ခွဖတ် ဆိုတော့ တော်ရုံ စာဖတ် ၀ါသနာ နဲ့က တော့ အဲဒီကျော်ဖို့ခွဖို့ အပင်ပန်းခံမှာ မဟုတ်ပါဘူး။ ကျွန်တော့ Blog လေးကို အဆင်ပြေစွာ ဖတ်လို့ ရစေချင်လွန်းလို့ ကျွန်တော် Domain တစ်ခု ကြိုးစားပါဦးမယ်.။ (အဲဒါကတော့ အချိန်အတိုင်းအတာ တစ်ခု လောက် ကြာပါလိမ့်ဦးမယ်. .လောလောဆယ် အဆင်မပြေသေးပါ.။ )
အခုလက်ရှိ ကျွန်တော့ Blog လေး စိုစိုပြေပြေ ဖြစ်အောင် လာလည်ကြတဲ့ ကိုညီညီ (လောကမီးအိမ်)၊ မကြေးမုံ ၊ ကိုပေါက်၊ ဘလော့ဂါ ကိုမိုး ၊ ကိုကြီးကျောက်၊ ဘယ်ကလာလို့ ဘယ်လိုက်ရမှန်းမသိတဲ့ မသဒ္ဒါလှိုင်း .. (လာတော့လည်ရပြီး နာမည်မပါလို့ စိတ်မခုကြပါနဲ့ ) shoutbox ထဲကနေ အသံပြုသွားတဲ့ စာဖတ်သူတွေရော comment တွေ ပေးသွားတဲ့ စာဖတ်သူတွေရော ဘာသိဘာသာပဲလာပြီး ဘာသိဘာသာပဲ ပြန်သွားကြသူများရော အားလုံး အားလုံးကို နတ်ဆိုးလေးက ကျေးဇူးတင်လျက်ပါခင်ဗျာ..။ ကျွန်တော် ရှေ့ဆက်မဲ့ blog လေးကို ပြီးပြည့်စုံအောင် Blogger အကိုအမများက အားပေး ကူညီ လက်တွဲ ဆွဲခေါ်ကြပါဦးလို့.. အားလုံးကိုတောင်းဆိုလိုက်ပါရစေ..။ ကျွန်တော့ရဲ့ ဒီ Post လေးကို ဆုံးအောင်ဖတ်ပေးတာ ကျေးဇူးတင်ပါတယ်...။
Blogger ကောင်းတစ်ယောက်ဖြစ်ချင်တဲ့
.........နတ်ဆိုးလေး.......................