နတ်ဆိုးလေး ခုရက်ပိုင်း အလုပ်တွေ ရှုပ်နေတယ်..။ ကိုယ့်ဘာကိုယ်ရှုပ်တာတွေကော သူများလာရှုပ်တာတွေကော ရောနေတယ်..။ အာရုံရတဲ့ အချိန်လေးတော့ ပို့စ် တင်နိုင်အောင် ကြိုးစားနေပါတယ်..။ စောစော ပိုင်းက Domain ရပြီးတည်းက နတ်ဆိုးလေးက မြောက်ကြွမြောက်ကြွနဲ့ ..။ ကိုယ့်ကိုကိုယ် တွေးလေ အမြင်ကတ်လေ ဖြစ်နေပြီ..။ ခုလဲ တင်းပလိတ်လေး ဟိုပြောင်းဒီပြောင်း လုပ်နေတာ အဆင်မပြေတာလေးတွေကို ကိုမာရ်နတ် က ကူညီခဲ့ပါတယ်.။ ဆွဲပေးထားတဲ့ Header Image ဒီဇိုင်လေးဆို မအိပ်ပဲတောင်ဆွဲထားတာတဲ့ဗျ။ (ဟုတ်မှာပဲ. Spelling မှားလို့ မနက်မှ ပြန်ပြင်ရသေးတယ်. အဟီး)..။ ကျွန်တော်လဲ သူ့ကိုပဲ အားကိုးနေရတာ .. ။
ကျွန်တော် အားတဲ့အချိန်လေး လက်ကလေးက ယားလာတာနဲ့ ဘာတင်ရကောင်းမလဲဆိုပြီး ကွန်ပျူတာပေါ် ဝေ့ကြည့်တဲ့ပြီး Desktop ပေါ်တွေ့သမျှကို လိုက်ပြီး Upload လုပ်ချလိုက်တာ.. အောက်မှာ တွေ့တဲ့ အတိုင်း Publish လုပ်စရာ ပို့စ်တစ်ပုဒ် ဖြစ်သွားလေတော့သတည်း..။
ဒီကောင်လေးတွေက အများစု သုံးနေတာလေးတွေပါ..။ အဆန်းတော့ မဟုတ်ပါဘူး..။ မြန်မာစာနဲ့ ပက်သက်သမျှလေးတွေပါ..။
နံပါတ် - ၁
အဘိဓါန်
မြန်မာ ဖောင့် သုံးမျိုးနဲ့ ဘာသာပြန်ပေးပါတယ်.။ Zawgyi one , Myanmar 3 , Ayar Burmese ဆိုတဲ့ font သုံးမျိုး နဲ့ အသုံးပြုနိုင်မှာပါ..။ မြန်မာ to အင်္ဂလိပ် နဲ့ အင်္ဂလိပ် to မြန်မာ နှစ်မျိုးလုံး သုံးရပါတယ်..။ အသုံးပြုနည်းလဲ လွယ်ပါတယ်.။ အောက်မှာ ဒေါင်းလုပ်လုပ်ပါခင်ဗျ.။
မီဒီယာဖိုင်းယား
နံပါတ် -၂
ကွန်ဗာတာ
ဒါကတော့ မြန်မာဖောင့် အမျိုးအစား တော်တော် များများကို convert လုပ်ပေးတဲ့ ကောင်လေးပါ..။ Blog ပေါင်းစုံ ကို လျှောက်လည်နေသူုတွေ အဆင်ပြေမှာပါ..။ အောက်မှာ ဆွဲလိုက်ဗျာ..။
မီဒီယာဖိုင်းယား
နံပါတ် - ၃
ဒါကတော့ Font ပါ်..။ Chatter တွေ အတွက် Font.. မြန်မာလို မရိုက်တတ်လို့ Burglish ရိုက်နေရတဲ့ သူတွေအတွက် အလိုအလျောက် Burglish ကနေ မြန်မာဖောင့် ကို ပြောင်းပေးမယ့် ကောင်လေးပါ..။ ၀ိဇ္ဇာ ဖောင့်ပါခင်ဗျ.။ အောက်ကလင့်မှာ ယူနော်..။
မီဒီယာဖိုင်းယား
ကိုင်း ဘာရယ်ညာရယ်တော့ မသိဘူး တင်ချလိုက်ပြီ..။ လိုအပ်တဲ့ လူကဒေါင်းပေါ့..။ မလိုအပ်တဲ့လူကလဲ ရောယောင်ပြီး comment သာရေးသွား .. ဟဲဟဲ..။
အားလုံးကိုလေးစားလျက်
.......နတ်ဆိုးလေး............
ရွှေနိုင်ငံက ဘလော့ဂါ အကိုအမများ.. လောလောလတ်လတ် ကော်နက်ရှင် အခက်အခဲတွေ ဖြစ်နေတယ်ဗျ.. တော်တော်များများကြားနေရတယ်..။ အရင် ကျွန်တော်က Moliza ရဲ့ Option ထဲကို ၀င်ပြီး Http Proxy နဲ့ သုံးတယ်.. ကျွန်တော် ဘလော့ဂ် စရေးတဲ့နေ့ကစပြီး စောစောပိုင်းရက် ထိပေါ့ .. အဆင်ပြေတယ်..။ ခု တစ်ပါတ်ကျော်ကျော် ရှိသွားပြီ.. ရတော့ဘူးဗျ..။ ဘသားချောတွေ လုပ်ချလိုက်ပြန်ပြီထင်ပါ့ဗျာ..။
အဲဒါနဲ့ နတ်ဆိုးလေးလဲ မနေနိုင်မထိုင်နိုင် မအိပ်နိုင် မစားနိုင်တွေ ဖြစ်ပြီးတော့ (ပိုသွားပြီထင်တယ်) Proxy ရှာပုံတော် ဖွင့်ရတာပေါ့..။ ဘသားချောတွေကလဲ ဘန်းထားတဲ့ ဆိုဒ်တွေ ဖွင့်ဖို့ ထားတဲ့ Proxy ဆိုဒ်တွေကိုလဲ လိုက်ဘန်းထားတာကိုးး..။ အဲဒါနဲ့ ရှာရင်းရှာရင်း ရှာရင်း (ဟောဟဲ ဟောဟဲ) တစ်ခုတွေ့သွားတယ်..။
https://www.undoblock.com တဲ့..။ ၀င်လို့လဲရတယ်..။ ရေးလို့လဲ ရတယ်..။ မန့်လို့လဲ ရတယ်..။ မဆိုးဘူး..။
ဘာအခက်အခဲရှိလဲ ဆိုတော့ ပို့စ်တင်တဲ့အခါ ရေးရင်းနဲ့ Auto Save မလုပ်ဘူးဗျ ..။ ရေးပြီင်္း မတင်ချင်သေးလို့ Save ထားလို့မရဘူး..။ Save Now icon လေးတော့ ပါပါရဲ့..။ အလုပ်မလုပ်ဘူး..။ နောက်တစ်ခုက အဆိုးဆုံးပဲ..။
ပို့စ်တင်ရင် စာရေးတဲ့ Box ရဲ့ အပေါ်က bar ပေါ်က bold , Italic တို့ align ချိန်တဲ့ Icon တို့ Image upload , Video Upload Icon တွေ ဘာမှ မပါဘူး..။ 100% solve မလုပ်နိုင်တာ ဖြစ်မယ်..။ Html နဲ့ ရေးတတ်ရင်တော့ ရပါတယ်..။ အဆင်မပြေတာပေါ့...။
ခု နောက်တစ်ခုထပ်တွေ့တယ်.။ တွေ့တွေ့ချင်း တင်ပေးလိုက်တာပါ..။
သူကတော့ စောစောက ပြောတဲ့ ပြသနာတွေ ဘာမှ မရှိဘူး သုံးလို့ အဆင်ပြေပါတယ်..။
စမ်းသုံးကြည့်ကြပါခင်ဗျာ..။
ဝင်ပုံဝင်နည်းကတော့ သိကြမှာပါ..။ ရှင်းပြမနေတော့ဘူး..။ မရှင်းရင်တော့ ပြောပေါ့နော..။
အောက်ကလင့်ခ်ကို သွားလိုက်ပါနော..။
ရွှေနိုင်ငံက ဘလော့ဂါများ အဆင်ပြေပါစေ..။
https://kproxy.com <==== ဒီလင့်ခ် ခင်ဗျ..။ သုံးကြည့်နော်..။
အားလုံးကိုလေးစားလျက်
...နတ်ဆိုးလေး........
နတ်ဆိုးလေး အွန်လိုင်းပေါ်ကနေ ပျောက်နေတာ နှစ်ရက်လောက် ရှိမယ်ထင်တယ်..။ ဆိုင်မှာ မီးစက် ဂျမ်းဖြစ်သွားလို့ ပြင်နေရတယ်ဗျာ..။ လျှပ်စစ်မီးကလဲ သိတော်မူကြတဲ့အတိုင်း.. လျှပ်စီးလက်သလောက်တောင် ကြာအောင်မလာဘူးဗျာ..။
ဆိုတော့ နတ်ဆိုးလေးတို့ဆိုင် ပိတ်ထားရတယ်ဗျ..။ မီးစက်ကိုလဲ .. နတ်ဆိုးလေး ပဲ ကိုင်ရပါတယ်ခင်ည..။ အင်တာနက်ဆိုင်မှာ operator လဲ နတ်ဆိုးလေးပဲ.. သန့်ရှင်းရေးသမားလဲ နတ်ဆိုးလေးပဲ... ငွေကိုင်စာရေးလဲ နတ်ဆိုးလေးပဲ... ပြာတာလဲ နတ်ဆိုးလေးပဲ ဆိုတော့ ဘယ်လိုမှကို မအားတာနဲ့ပဲ အွန်လိုင်းကို မတက်နိုင်တော့ဘူးဗျာ..။
အခု ကိုကြီး ZOX တောင်းထားတာလေး အားနာတာနဲ့ တင်ပေးချင်လွန်းလို့ တက်လာလိုက်တာ..။ အားလုံးပဲ နေကောင်းကြတယ်မလား..။
ကိုကြီး တောင်းဆိုတာက Nokia N series တွေအတွက် SWF player တဲ့ ..
ခက်တာက နတ်ဆိုးလေးဆိုတဲ့ကောင် က ဖုန်း application တွေကို တစ်ခါမှ ထဲထဲဝင်ဝင် လေ့လာဖူးတဲ့ ကောင်မဟုတ်တော့ နဲနဲတော့ နဖူး ချွေးပြန် သွားတယ်..။ ဒါပေမယ့် .. ကျွန်တော် တတ်နိုင်သလောက် ကြိုးစား ကြည့်ပါတယ်..။ တွေ့သမျှ တွေထဲက ကိုယ့်ဘာကိုယ် ရွေးပြီးကောင်းမယ်ထင်တာလေး တင်လိုက်တယ်..။
ကြို တောင်းပန်ချင်တာကတော့ ကိုကြီးရေ.. ကျွန်တော့်မှာ ဖုန်းမရှိတော့ စမ်းကြည့်ဖို့ မဖြစ်နိုင်တော့ ရတယ် မရဘူး.. အဆင်ပြေတယ် မပြေဘူး ဆိုတာ မသိရတာတော့ ခွင့်လွတ်ပါ ကိုကြီး ZOX ရေ..။
ကိုကြီးရေ အောက်မှာ Direct Download လုပ်လိုက်ပါနော...။
mobile SWF & FLV Player
အဆင်မပြေတေးရင် ကျောနော်.. တိုဂျီး... :P
နတ်ဆိုးလေး တစ်ကောင်လဲ ကဗျာတွေ ရေးနေရာက နေ ဘယ်လိုကနေ ဘယ်လို လိုင်းကြောင်သွားတာလဲ မသိပေါင်ဗျာ.. ဟိုဟာလေး ဝေဖန်ချင်ရတာ နဲ့ ဒီဟာလေး share ချင်ရတာနဲ့ ဒီအကြောင်းလေး လေကန်ချင်ရတာနဲ့.. ကိုယ်ကိုကိုယ်တောင် နဲနဲ အမြင်ကတ်ချင်လာပြီ..။ ဟိုတစ်နေ့က စိတ်ကူးလေးရတာနဲ့
Blogger in Draft ထဲက template designer လေးနဲ့ ကိုယ့် template လေးကို ထိုင်ပြင်နေလိုက်တာ .. အခု လက်ရှိ template လေး တော်တော်ကြိုက်ပါတယ်..။ မျက်စိလည်းရှင်းတယ်.. ။ Script တွေလဲ သိပ်မပါတော့ ပေါ့ပေါ့ပါးပါးပဲ.. မပြောင်းတော့ဘူးလို့ကို စိတ်ကူးထားတယ်..။ ကဲ တော်ပါပြီ Portable ဆိုပြီး ဘာတွေ လာပြောနေမှန်းလဲ မသိဘူး..။ ပေကိုရှည်တယ်. လိုရင်းမရောက်တော့ဘူး..။ အဟက်.။
နတ်ဆိုးလေးက ပေါ့တေဘယ် ဆို အားကြီး သဘောကျတာ..။ သွားလေရာ thumb drive လေး ပါတယ်...။ နတ်ဆိုးလေးရဲ့ thumb drive လေးက အရူးလွယ်အိတ်ကျနေတာပဲ.. စုံလို့ . ဘာတွေ မှန်းကိုမသိဘူး..။ သီချင်းတွေကော.. Ebook တွေရော အဲဒီ ပေါ့တေဘယ် တွေကော .. 4GB မလို့သာရယ်..။ ခု နတ်ဆိုးလေး သုံးနေတဲ့ ပေါ့တေဘယ် လေးတွေ share ပေးမယ်နော်.. ။ ပေါ့တေဘယ်မှန်သမျှ လိုက် ဒေါင်းနေတဲ့ နတ်ဆိုးလေးဆီမှာ ပေါ့တေဘယ် တော်တော်များများ ရှိတယ်ခင်ည..။ ကြွားတာတော့မဟုတ်ဘူး.. (ဒါ ကြွားစရာ မှ မဟုတ်တာ.) ..။ လိုချင်တာရှိပြောနော်.. ရှိရင် ပေးမယ်.. မရှိလဲ ရှာပေးမယ်... ဘာခက်တာမှတ်လို့... နတ်ဆိုးလေးက upload လုပ်ပြီး ပေးတာလဲ မဟုတ်ဘူး..။ ကိုယ်ယူထားတဲ့ source ကိုတန်း link ချိတ်ပစ်လိုက်တာ... ။ (ဘာရမလဲ ငါကွ).။
ကဲကဲ လေပဲများနေတယ်.. အောက်မှာ လိုတာလေးများ ပါမလားလို့ ကြည့်လိုက်ကြဦး..။
ဒါလေးကတော့ PDF ဖိုင်လေးတွေဖတ်ဖို့.. Foxit Reader တဲ့.. ကလစ်လိုက်ရုံပဲနော်
ဒါက skype portable တဲ့ .. ဒီမှာကလစ်..
ဒါလေးကတော့ ဂိမ်းခင်ဗျ.. Frats on Fire တဲ့ ဒီကောင်လေးနဲ့ ညိမ့်ရတာ တကယ့် Feel ပဲ..
ဒီမှာ ကလစ်
ဒါလဲ ဂိမ်းပဲ နဲနဲတော့ အုံးစားရလိမ့်မယ် ဆုဒိုခု.. လေ..။ ဒီမှာ ကလစ်
ဒါကတော့ Massenger portable ဗျ..ချက်တာဂျီးများအတွက်ပေါ့.. ICQ, MSN Messenger, Yahoo!, Gtalk စုံအောင်သုံးလို့ ရလိမ့်မယ်.. ဒီမှာ ကလစ်ဗျ
Laptop လေးနဲ့ Wifi ရှိတဲ့ နေရာ သွားသုံးမယ့် ဘော်ဘော်တို့ အတွက် Browser လေးတွေပါ..
ဒါက Moliza Firefox
ဒါလေးက Google Chrome
လိုတာတွေ ပါရင်လဲ ယူသွားကြပါခင်ည..။ ပါတာတွေ မလိုရင်လဲ ဖတ်သွားကြတာ ကျေးဇူးပါ ခင်ည..။
အားလုံးကို လေးစားလျက်
...နတ်ဆိုးလေး....
ကျွန်တော် နှစ်သက်မိလို့ တင်ပြလိုက်ပါတယ်..။ အွန်လိုင်းမှာ သူငယ်ချင်း မရှိလို့ ပျင်းနေပါတယ်ဆိုတဲ့ သူတွေအတွက်ပါ..။ Gtalk လေးဖွင့်လိုက်တယ်.. သူငယ်ချင်းလဲ တစ်ယောက်မှ မရှိဘူး.. စိတ်မညစ်ပါနဲ့..။ စက်ရုပ်တွေနဲ့ စကားပြောကြည့်ပါ့လား...။ ယောက်ျားလေးနဲ့လဲ ပြောလို့ ရတယ်. မိန်းကလေးနဲ့လဲ ပြောလို့ရတယ်.. ။ အင်္ဂလိပ်လိုပဲ ပြောလို့ ရပါတယ်..။ မြန်မာလို မရဘူး.. မြန်ဂလိ လဲ မရဘူး..။ Broken English တောင် မရပါဘူး..။ ကိုယ်က ပြောလိုက်ရင် သူက စာနဲ့ရော အသံနဲ့ရော ပြန်ပြောတာဆိုတော့ English လေ့လာသူတွေအတွက်လဲ ကောင်းပါတယ်.။ Reading skill ရော Speaking skill ရော လေ့ကျင့်နိုင်မှာပါခင်ဗျာ..။ အဲဒီ စက်ရုက်လေးတွေက mouse ရွှေ့တဲ့နေရာတွေကိုလဲ လိုက်ကြည့်တတ်သေးသဗျ...။ ပြီးတော့ မနေ့က ပြောခဲ့တဲ့အကြောင်းကို ဒီနေ့ပြန်မေးလို့ ရတယ်ဗျ..။ အဲဒီတော့ အပျင်းပြေပဲ ဖြစ်ဖြစ် အင်္ဂလိပ် စာလေ့လာချင်လို့ပဲဖြစ်ဖြစ် အရမ်းကောင်းတဲ့ စက်ရုပ်လေးတွေပါ..။ စမ်းကြည့်လိုက်ကြပါခင်ညာ...။
ယောကျာ်းလေးစက်ရုပ်နဲ့ပြောမဲ့ မမတွေ ဒီမှာနှိပ်
မိန်းကလေးစက်ရုပ်နဲ့ပြောမယ့် ကိုကိုတွေ ဒီမှာနှိပ်
အားလုံးကိုလေးစားလျက်
........နတ်ဆိုးလေး............
နတ်ဆိုးလေး ဗဟုသုတ ဖြစ်စေမယ့် ပို့စ်တွေ စရေးပါတော့မယ် .. ဘာမှ သိထားတဲကောင်တော့ မဟုတ်ဘူး.။
ဟိုစပ်စပ် ဒီစပ်စပ်နဲ့ တို့ကနန်း ဆိတ်ကနန်း သိထားတာလေးတွေကို ပြန်ပြီး Share လုပ်တာပါ..။ ရေးတာတွေ အမှားပါရင် သိတဲ့ တတ်တဲ့လူများ အားမနာပါနဲ့...။ နတ်ဆိုးလေးရေ... ဒါလေးတော့ မှားနေပြီကွ..။ ဒါလေးကတော့ လိုနေတယ်ကွ..။ ဒါကတော့ မသင့်တော်ဘူးကွ...။ စသဖြင့် စသဖြင့် ဝေဖန်ပါ...။ ထောက်ပြပါ..။ အကြံပေးပါ..လို့ ပြောလိုက် ပါရစေ..။ ခုတင်ပြပေးမှာက တော့ ကိုယ့်ရဲ့ ဘလော့ဂ်မှာ အလှဆင်နိုင်ဖို့ လှုပ်ရှားပြေးလွားနေတဲ့ စာလုံးလေးတွေ ပြုလုပ်နည်းလေး တွေပဲ ဖြစ်ပါတယ်..။ သင်တန်းဆရာတစ်ယောက်ကို လက်ဖက်ရည်တိုက်ပြီး မေးထားတာပါခင်ညာ..။ :P
ဒီ Effect တွေကို လုပ်မယ်ဆိုရင် Blogger...> Dashboard....> Layout....> Add a Gadget..> Html/javascript ထဲကို ၀င်ပြီး code တွေကို ကူးထည့်ပေးရမှာ ဖြစ်ပါတယ်..။
အောက်မှာ လေ့လာလိုက်ကြရအောင်..။
ဒါလေးက ထက်အောက်ပြေးတာ ပါ။ သူ့ကို လိုချင်ရင်တော့ အောက်က ကုတ်ပါ..။
<marquee direction="up" behavior="alternate"> ပြေးချင်တဲ့စာဒီမှာရေး </marquee>============================================================
နောက်တစ်ခု..
ဒါက zigzag Maquee လေးပါ။ လိုချင်ရင် အောက်မှာ code ပါခင်ဗျာ..။
<marquee behavior="alternate" direction="up" width="80%"><marquee direction="right" behavior="alternate">ပြေးချင်တဲ့စာ ဒီမှာရေး </marquee></marquee>==========================================================
နောက်တစ်ခုက နှစ်ကြောင်းခွဲ ပြေးတယ်ခင်ဗျ..။
ဒီလိုလေး...
အဲဒါကိုလိုချင်ရင် ဒီမှာဗျာ..။
<marquee behavior="alternate" direction="up" height="80" scrollamount="2" scrolldelay="65"><center>အပေါ်ကစာဒီမှာ အောက်ကစာ</center></marquee>====================================================
နောက်တစ်ခုကတော့ ဘယ်လိုပြေးတယ်လို့ ပြောရမလဲ..။
အဲ.. အဲ အဲလိုလေးပြေးချင်ရင် အောက်မှာ ယူခင်ဗျ။
<marquee behavior="alternate"><marquee width="150"> ဒီမှာစာရေးနော် </marquee></marquee>;
=========================================================
နောက်တစ်မျိုးရှိသေးတယ်..။ ကြည့်ကြည့် ပါဦး
အဲဒါက ဒီမှာယူ..။
<marquee style="border:BLUE 2px SOLID">ဒီမှာ စာရေးနော်</marquee>============================================================
နောက်ဆုံးတစ်ခု ရှိသေးတယ်..။ ဒါပြီးရင်ကုန်ပြီ..။
ဘက်ဂရောင်းနဲ့ ပြေးချင်ရင်တော့ ဒီမှာယူဗျာ...။
<font color="#FFFFFF"><marquee direction="left" style="background:BLUE">ဒီမှာစာရေးပေးပါ</marquee></font>==========================================================
ကဲ အဲဒါပါပဲ ခင်ဗျာ... ။ ဒါထက် အများကြီးရေးချင်ပေမယ့် ဆရာက မင်းတိုက်တဲ့လက်ဖက်ရည် ဒီလောက်ပဲတန်တယ် ဆိုပြီး ဆက်မပြောတော့ဘူုးဗျ..။ ဟီးဟီး..။ နောက်မှပဲ တစ်ယောက်ယောက်ကို လက်ဖက်ရည်တိုက်ပြီးရင် ထပ်ပြီး Share ပါဦးမယ်..။
သဘောကျရင် လက်ဖက်ရည် လိုက်တိုက်ရအောင် စာမူခလေးတွေ ပေးခဲ့ပါနော်..။
အားလုံးကို လေးစားလျက်...
.........နတ်ဆိုးလေး.............