• Emotion Exit

    poem book
    နတ်ဆိုးလေးရဲ့ ဒီဘလော့ဂ်မှာ ဖော်ပြပြီးဖြစ်တဲ့ ကဗျာ လေးတွေကို စုစည်းပြီးတော့ ဖန်တီးထားတဲ့ ကဗျာစာအုပ်ကလေးပါ.။ ကဗျာ ၀ါသနာအိုးများအတွက် မျှဝေလိုက်ပါတယ်..။
    ပုံကိုကလစ်လိုက်နော်

တာရာမင်းဝေ အမှတ်တရ

Posted by နတ်ဆိုးလေး On Tuesday, February 02, 2010 0 ယောက်ရဲ့ စကားသံတွေ


စာရေးဆရာ၊ ကဗျာဆရာ၊ ၈၈ ကျောင်းသားခေါင်းဆောင် ဆရာ တာရာမင်းဝေ နောက်ဆုံးရေးသွားခဲ့တာလေးပါ

ဆရာဟာ ၂ဝဝ၇ ခု၊ သြဂုတ်လ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄ဝ မှ မြောက်ဥက္ကလာပ ဆေးရုံကြီးမှာကွယ်လွန်ခဲ့ပါတယ်


တာရာမင်းဝေအတွက် အမှတ်တရ ကဗျာ ရွတ်ပေးခဲ့တဲ့ ကိုမင်းကိုနိုင်
သူ့ကဗျာက....

သူငယ်ချင်းမင်းဟာ
ယုံကြည်ရာကို ရင်သွေးလိုလည်း
မွေးခဲ့တယ်….။
သူငယ်ချင်းမင်းဟာ
ဒဏ်ရာတွေကို ဆီမီးလိုလည်းထွန်းခဲ့တယ်…။
သူငယ်ချင်းမင်းဟာ
ကိုယ့်အနာ ကိုယ့်လျာနဲ့ပြန်သပ်
ရှင်တတ်ခဲ့ပြီးပြီပဲ…။
သူငယ်ချင်းမင်းဟာ
ကိုယ့်အရေပြားကိုယ်လွာ၊ ကိုယ့်အရိုးကိုအပ်လိုသွေး
ကိုယ့်ဝတ်စုံ ကိုယ် ချုပ်လို့ ကျကျနနလှခဲ့ပြီးပြီးပဲ။
သူငယ်ချင်း………..
သွားနှင့်သူငယ်ချင်း
ကြယ်အစင်းစင်းကြွေခဲ့…ဟောဒီကမ္ဘာမြေရဲ့
အနာတရ တွေကိုစွမ်းသမျှကုစားဖို့
ငါတို့နေရစ်ခဲ့ဦးမယ်………။
သွားနှင့်သူငယ်ချင်း
နေအစင်းစင်းပူတဲ့ ကမ္ဘာမြေရဲ့ဒဏ်ရာကို
လက်ဖ၀ါးတွေနဲ့ကာကွယ်ဖို့ ငါ့တို့ နေရစ်ခဲ့ဦးမယ်..။
သွားနှင့်သူငယ်ချင်း
ကမ္ဘာမြေရဲ့ကြေကွဲခြင်းဓာတ်ပြားထဲ
မင်းရဲ့ကဗျာတွေမာတိကာပြင်ဖို့
ငါ့တို့နေရစ်ခဲ့ဦးမယ်….။
သွားနှင့်သူငယ်ချင်း….
ကျောင်းနံရံတစ်ဝိုက်…
ဒေါင်းအလံပြန်စိုက်တဲ့တစ်နေ့…..
ငါ့တို့………………….။

ဆရာ့အတွက် ခံစားခဲ့ကြသူများ










0 Response for the "တာရာမင်းဝေ အမှတ်တရ"