အဆုံးမဲ့ညတွေမှာ
ပြာလွင်ရှင်းတောက်
တိမ်ရည်သောက်တဲ့ ကြယ်လေးကို
လိုချင်တပ်မက်နေမိတာ ငါပေါ့..။
လျော့တိလျော့ရဲ နိုင်လွန်းလှတဲ့
အညတရကောင်းကင်ကြီးကတော့
မော့ကြည့်နေတဲ့ ငါ့ကိုတောင်
ပြောင်ပြောင်တင်းတင်း သရော်နေလိုက်သေး။
အဝေးကြီးဆိုပေမယ့်
ခနဲ့ပြုံးပန်းရိုင်းကို နာကြည်းလာမယ့်တစ်နေ့
မင်းပွေ့ထားတဲ့ကြယ်တစ်ပွင့်ကို
ချိုချိုလေး ဆွဲထုတ်ပြမယ် ကောင်းကင်ရေ..။
ရွှေအတိပြီးတဲ့ စိတ်ကူးနဲ့
သိပ်ရူးတဲ့ ရင်ဘတ်လေးက
အဝေးက ကြယ်လေး တစ်ကိုယ်စာတော့
ဆော့ကစားဖို့ ပြည့်စုံပါတယ်..။
ဘယ်သူမှ မပြောဘူးတဲ့
ထူးထူးဆန်းဆန်း ချစ်သူဘာသာဗေဒမျိုး
ကြယ်လေးနားတိုးရင်း
ပြင်းရှရှ ဖွင့်ချချင်လိုက်တာ...။
ငါ ကြယ်လေးဆီသွားမယ်..
ဘယ်ရယ်လို့မသိ
ဘယ်ချိန်ထိ နင်းလျှောက်ရပါစေ
(နေသားမကျတဲ့) မျှော်လင့်ချက်နဲ့တော့ အချိန်မကုန်ချင်ဘူးလေ။
ကြယ်လေးရေ
မင်းဆီကို ငါလာနေပြီ...
..................................
....................................။
.....နတ်ဆိုးလေး.........
Categories:
ကဗျာ
,
ကိုယ်ပိုင်ကဗျာ
Subscribe to:
Post Comments (Atom)
0 Response for the "ကြယ်ပုံပြင်"
Post a Comment