မိန်းမမာယာ သဲကိုးဖြာ
ငါကတော့ များဦးမယ်ထင်တာပဲ
တွဲလျှောက်ခဲ့ဘူးတဲ့လမ်းတွေက
ငါ့ကိုပဲ မေးငေါ့နေကြတာ
ဘာတွေများ သိထားကြလို့လဲ
အဲဒီ အသည်းစား ဘီလူးမလေးက
လှတပတ အညတရ ပန်းလေးလိုလဲ
ချိုမြိန်ပြတတ်သေးတယ်...
ကွယ်ရာမှာကျ
ငါ့ အသည်းကိုစား မဟားတရား
ဓါးနဲ့လဲ မွှန်းတတ်သေးရဲ့....
အပြုံးလဲ့လဲ့ နောက်ဘက်က
ပဉ္စလက် အဆိပ် မျက်ဝန်းတွေ
ခြွေချခံရတဲ့ ငါ့နှလုံးသားကို
ကြည့်ပြီး ဟားနေတာ...
ငါ သိတာပေါ့....။
တော်ပါတော့ကွာ..
ငါချစ်ခဲ့တာကို နင်းဖြတ်
လက်ညှိုးကြီး ငေါက်ငေါက်ထိုးလို့
ပိုးစိုးပက်စက် စွပ်စွဲနေတာတွေ..
လေထဲကိုပဲ ပစ်သွင်းနေတဲ့ မင်း တော်ကီတွေ
နေတတ်တဲ့ငါက အနေသာကြီးပါ...
မင်းဘာသာ နာကြည်းနေတာ..
ငါက ဘယ်မှာ သစ္စာမဲ့လို့လဲ..
ကွဲကြေခဲ့ရတာ ငါ့ရင်ဘတ်ပါ
တစ်လွှာချင်း ဖဲ့ခြွေခဲ့တာမင်းလေ...
ခြေသံကို ဆောင့်ကြီးအောင့်ကြီး နင်းလျှောက်
``တောက်´´ လို့က ခေါက်သွားသေး..
အေး.... မိုးကောင်းတုန်းရွာထားဦးပေါ့ကွာ
မာယာကို မျက်ရည်နဲ့ဖုံး
ဗြုံးကနဲ အသည်းကိုခွဲယူ....
ပူထူနေအောင် ခံစားနေတဲ့ ရင်ဘတ်ကို
ငြိုငြင်စွာ ကျောခိုင်းထွက်သွားတာ
ငါ မမေ့ဘူးးးးး....
မှတ် ထား တယ်....။
ဟဲလို
2 days ago
0 Response for the "အသည်းတစ်ခြမ်းသို့...."
Post a Comment