ငါ့ကိုတော့ ခွင့်တောင်းသင့်ပါတယ်
ငါ့နှာခေါင်းပေါ်တက်ပြီး
ဘယ်သူ လာအသက်ရှူနေတာလဲ.....။
မင်းကသာ ဟိုဘက်က အပ်နဲ့ မမှုတ်ဘူးဆိုရင်
မင်းလက်ထဲက ပြောင်းကို
ဒီဘက်က ငါချောင်းကြည့်ရဲမှာပါ။
ငါက....
တေတွ့နေကျ မြင်နေကျ ရိုးရိုးလူမျိုးပေါ့
ပန်းနဲ့ပဲ ဖြစ်ဖြစ် ကောက်ရိုးနဲ့ပဲဖြစ်ဖြစ်
အရမ်းလာပေါက်ရင်တော့
ကြောက်တတ်တဲ့ကောင်မျိုး..။
ဆောင်းတစ်ခုမှာ
ပါဝင်ပက်သက်ခဲ့ဘုးတဲ့ နှင်းတစ်စက်လို
စာရင်းလဲမရှိ၊ နံပါတ်လဲမသိ
ဘယ်အထိမှလဲ မကြီးကျယ်ပါဘုးကွယ်..။
ငါက သာမညလူ၊ ငါက ယေဘုယျလူ၊
ဆပ်ပြာပုပေါင်းလိုပဲ
အရေခွံတစ်ထပ်ခွာလိုက်ရင်
အထဲမှာ ဘာမှကျန်မှာ မဟုတ်တဲ့လူ....။
ဘယ်သူကမှ မသိဘုးဆိုရင်တောင်
ငါ့ကိုယ်ငါတော့ သိတာပေါ့
သိပ်ကိုသိတာပေါ့ကွယ်....။
Categories:
ကဗျာ
,
တာရာမင်းဝေ
Subscribe to:
Post Comments (Atom)
0 Response for the "ယေဘုယျ ၀ိညာဉ်"
Post a Comment