ဒီမှာ မိတ်ဆွေ
အောင်မြင်မှုရဲ့ အနှစ်အရသာကို ခင်ဗျားကြိုက်လား
အို ဘယ်လိုပြောလိုက်ပါလိမ့်ဗျာ
ကျွန်တော် အတောင့်တခဲ့ရဆုံးအရာပေါ့။
အင်း... ဒါဆို
ဆုံးရှုံးမှုရဲ့ အရသာကော
ဟေ့လူ ဟေ့လူ
မနောက်နဲ့လေ
ဆုံးရှုံးရတာကို ဘယ်သူကကြိုက်မှာလဲ။
အိုသွားဗျာ
ခင်ဗျား ဘာတွေလာမေးမှန်းလဲ မသိဘူး
ပါးစပ်ပုပ်ကြီင်္းနဲ့
နမိတ်မရှိ နမာမရှိ
ဖွဟဲ့ လွဲပါစေ ပယ်ပါစေ
ဘုရား ဘုရား..။
.....သျှီ.......
အဆိုတော် သျှီ ရဲ့ ကဗျာလေးပါ...။ magazine တစ်ခုမှာ တွေ့လို့ ကြိုက်လွန်းလို့ တင်လိုက်တာပါ..။
ဟဲလို
2 days ago
0 Response for the "လရေး နှစ်ချောင်းငင်"
Post a Comment