မျက်ရည်တော့မကျဘူး
ပုဆိုးခြုံထဲက ခံနိုင်ရည်ကတော့
ထိတ်လန့်တကြား သွေးပျက်နေပြီ.။
င့ါကို ငါပြန်ကြည့်တော့လဲ
ရပ်နေတဲ့ခြေထောက်တွေတောင်
အခြေမခိုင်ချင်တော့ဘူး..။
ထိပ်, ပုပ်တဲ့လူတွေ များလာတော့
အနားကို တစ်ယောက်ယောက် မလာလိုက်နဲ့
အလိုလို ခေါင်းငုံ့ပေးချင်စိတ်တွေ ပေါက်လာတာ...(တကယ်)။
တွယ်တက်ဖို့လဲ မ၀င့်မရဲနဲ့ (အဲဒီ)
ဟန်ဆောင်ပြုံးကိုပဲ ဖက်တွယ်ထားရတာ
လက်အံ တွေတောင် သေ....လို့။
ကိုယ့်ဘာကိုယ် မတ်တပ်ရပ်ကြည့်မယ် ကြံကာမှ
အနာပေါ် တုတ်ကျရတယ်လို့
ငါ ရူးတောင် ရူးချင်လာပြီ..။
ငါကွ လို့ အော်ပြီ လက်မထောင်ချင်ပါရဲ့
ဘာလဲဟ လို့မေးလာရင်
ဘာမှ ဟုတ်ပါဘုးဗျာလို့ဖြေရမှာ...(ဖြစ်သေးပါဘူး)။
ထီးမပါတဲ အခါများဆို
နေပူရတာနဲ့ မိုးသည်းရတာနဲ့
တောက်.....................။
အဲ..............
ဘုရား.. ဘုရား.................
ဘယ်သူများကြားသွားလဲ မသိဘူး......။
.........နတ်ဆိုးလေး........................
Categories:
ကဗျာ
,
ကိုယ်ပိုင်ကဗျာ
Subscribe to:
Post Comments (Atom)
Hello
ကဗျာကို ခံစားပြီး ခေါင်းမငုံ့ ဖို့အားပေးပါ၏..။
ခေါင်းငုံ့စရာမလိုတဲ့နည်းတွေ ရှာကြရအောင်ပါ..။
အဆင်ပြေပါစေ..။
မဗေဒါ