ငါမငိုဘူး
ဒါပေမယ့်
နှလုံးသားမှာ ဘီလူးဝင်ပူးတယ်။
လက်သည်းချွန်သိပ်များတဲ့ မှော်ဆရာက
ငါ့နှလုံးသားကို ရင်ဘတ်ကနေဆွဲခွာတယ်
နာကျင်ပေမယ့် ငါမငိုဘူးကွယ်။
ငါ့ဘ၀ရဲ့
လင်းတောက်တဲ့ ရောင်ချည်တစ်စက်အတွက်
အသက်နဲ့လဲပြီး ရဲရင့်ပြမယ်။
ချစ်သောမေမေ
ငါ့ကို တမလွန်ကနေ နိုးထတွေ့မြင်စေမယ်။
ငါ့ဝိညာဉ်မှာ
ပန်းနှင်းဆီတွေ အပြာလွင်ဆုံးပွင့်
ငါ့ရွက်တိုင်ကို အမြင့်မားဆုံးလွှင့်ထူမယ်။
ဟေး....ပင်လယ်
ဟေး....လှဲအိပ်နေတဲ့ပင်လယ်
ခုထစမ်း
မင်းဆီငါလာတယ်။
ရွှေစင်ဦး ကြိုက်၏ မကြိုက်၏
1 year ago
0 Response for the "နောက်ဆုံးသောကြာနေ့က မေမေ"
Post a Comment