• Emotion Exit

    poem book
    နတ်ဆိုးလေးရဲ့ ဒီဘလော့ဂ်မှာ ဖော်ပြပြီးဖြစ်တဲ့ ကဗျာ လေးတွေကို စုစည်းပြီးတော့ ဖန်တီးထားတဲ့ ကဗျာစာအုပ်ကလေးပါ.။ ကဗျာ ၀ါသနာအိုးများအတွက် မျှဝေလိုက်ပါတယ်..။
    ပုံကိုကလစ်လိုက်နော်

Goodbye from our Newsletter

Posted by နတ်ဆိုးလေး On Wednesday, May 01, 2013 0 ယောက်ရဲ့ စကားသံတွေ

Goodbye from our Newsletter, sorry to see you go.

You have been unsubscribed from our newsletters.

This is the last email you will receive from us. We have added you to our
"do not send list", which means that our newsletter system, phpList, will
not send you any further messages, without manual intervention by our
administrator.

Thank you

Solutions qui marchent

Posted by နတ်ဆိုးလေး On Thursday, January 24, 2013 0 ယောက်ရဲ့ စကားသံတွေ

Not received in your language? Click here

Cher Webmaster du site web
netsoelay1.blogspot.com
Nous avons l’honneur de vous écrire parce que, après avoir navigué sur votre site, nous avons remarqué que vous disposez d’espaces publicitaires.
On vous écrit pour vous présenter notre AdNetwork, qui offre aux affiliés des solutions de publicité digitale.
PARMI VOS AVANTAGES:
 
Euro 25,00 pour la création de votre compte en tant que Affilié.
 
CPM: votre espace publicitaire est acheté en CPM par le système d’enchère en temps réel en fonction du public cible de votre site web.
 
Vous utilisez déjà Adsense? Augmentez vos revenus grâce au quatrième espace de DoubleClick.
 
Est-ce que votre site génère des millions d’impressions par mois? Un account Manager dédié est à votre disposition pour vous aider augmenter vos revenus.
 
Pass-Back Tag: on assure aux affiliés qualifiés un CPM minimum garanti.
 
Aucun contract d’exclusivité: ajoutez même seulement une bannière de OxaMedia à vos pages web sans enlever celles des autres fornisseurs.
 
…Et bien plus encore…
 
OxaMedia est un Adnetwork de publicité digitale qui collabore avec Affiliés et Annonceurs à l’échelle mondiale.

En utilisant le système du RTB, OxaMedia offre à ses Affiliés une bonne opportunité de monétisation en fonction du public cible du site web.

Voici à côté une liste des plusieurs avantages que nous garantissons aux affiliés.

Si vous souhaitez en savoir plus, s’il vous plaît cliquez ici, ou bien remplissez notre formulaire de contact.

En vous remerciant de votre aimable attention, nous nous excusons pour tout inconvénient occasionné par cet e-mail.

Restant à votre disposition pour toute demande d'information, nous espérons avoir bientôt le plaisir de vous compter parmi nos affiliés.

Cordialement.

L'Équipe de OxaMedia AdNetwork



--
If you do not want to receive any more newsletters, this link

Hi ,
Ececle09 sent you a private message

Ececle09
Ececle09 has left you a private message for you. Click on the button below to view it:
Regards,
Zorpia Team
Other Zorpians waiting to meet you...

Seinkalar, 21
Yangon, Myanmar

Thiha, 28
Yangon, Myanmar

Zaw, 31
Yangon, Myanmar

Zayar, 21
Yangon, Myanmar
This message was delivered by ececle09's initiation.
If you wish to discontinue receiving invitations from us, please click here: Block future invitations
Copyright © 2003-2010 Zorpia.com All rights reserved.

မတတ်ပေလို့ပေါ့....

Posted by နတ်ဆိုးလေး On Friday, August 06, 2010 5 ယောက်ရဲ့ စကားသံတွေ

နတ်နတ် ခုနောက်ပိုင်း အလုပ်ထွက်ထားတော့ အင်တာနက်ကို ပိုက်ပိုက်နဲ့
သုံးနေရတယ်..။ ပိုက်ပိုက်ကလဲ တွင်းထဲက နှိုက်ယူရတာ မဟုတ်တော့ နတ်နတ်လဲ
အွန်လိုင်းနဲ့ သိပ် လမိုင်းမကပ်ဘူး ဖြစ်နေတယ်။။ အဆောင်မှာ အိပ်လိုက်
စားလိုက်နဲ့ ကဗျာတွေချည်းရေးနေတယ်..။ ရေးသမျှကဗျာတွေကို
မတင်ဖြစ်သေးဘူး.။ ကဗျာစာအုပ် အသစ်တစ်အုပ်လုပ်ဖို့ ရှိလို့.။
ပရောက်စီကလဲ ရှိတာ မဟုတ်ဘူး..။ အီးမေးလ် ပို့စတင်းနဲ့ တင်နေရတာ .။
စိတ်တိုင်းတော့ မကျဘုး.။ ဒါပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ..။ နတ်နတ် ကိုက
လက်ကမျဉ်းပြီး ဘလော့ကြီးကို လုပ်မိ ရေးမိတာကိုး။။
ခုတော့ ပုံပြင်လေးတစ်ပုဒ်ပြောပြဦးမယ်..။ မတတ်နိုင်ဘူး..။

ရေးစရာမရှိရင် ဆားချက်သင့်ချက်သင့် ချက်ရမယ်လို့ ကမ္ဘာကျော်
အတွေးအခေါ်ပညာရှင်ကြီး အဲလ်ဘတ် အာလဗာ နတ်ဆိုးလေး က ပြောဖူးတယ်မလား..။ :P
ကြာတယ် .. ပြောတော့မယ် .. ပုံပြင်။။

တစ်ခါက ဆယ်တန်းအောင် အဆင့်ပဲရှိတဲ့ လူငယ်တစ်ယောက်ဟာ
အလုပ်လုပ်ချင်လှပါတယ်ဆိုပြီးတော့ လိုက်ရှာ ပါသတဲ့..။ ဆယ်တန်းအောင်ဆိုတော့
အလုပ်အကိုင်အခွင့်အလမ်းကလဲ နည်းတာကိုးးး.။ တစ်နေရာပြီးတစ်နေရာ
လိုက်ရှာရင်း ရှာရင်းနဲ့ တစ်နေရာရောက်တော့ ကွန်ပျူတာ အင်တာနက်နဲ့
ပက်သက်ပြီး ၀န်ဆောင်မှုလုပ်တဲ့ ကုမ္ပဏီ တစ်ခုရှေ့ကို
ရောက်သွားပါလေရော..။ကုမ္ပဏီ တစ်ခုပြီးတစ်ခု လိုက်မေးရင်း ဒီကုမ္ပဏီ လဲ
ဝင်မေးဦးမှ ဆိုပြီး ၀င်ချသွားပါလေရော..။ အဲဒီ ကုမ္ပဏီ ရဲ့ တာဝန်ခံနဲ့
တွေ့ခွင့်ရတယ်..။ အဲတော့ တာဝန်ခံကမေးတယ်။။

မင်း ဘာလုပ်ချင်တာလဲ... ပေါ့.။
ကောင်လေးက
ဘာဖြစ်ဖြစ် ပေါ့.. အပေါက်စောင့်ဆိုလဲ လုပ်လို့ ရပါတယ်.ခင်ဗျာ..။

ဆိုတော့ တာဝန်ခံက မေးတယ်။။

ဟုတ်ပြီ.. ဘာနေနေ လုပ်မယ်ဆိုတော့ ဟုတ်ပြီ... မင်း.. ပညာရေးအဆင့်အတန်းက..???

ဟုတ်ကဲ့ ကျွန်တော် ဆယ်တန်းအောင်ပါခင်ဗျ...။

ဆယ်တန်းအောင် ဟုတ်ပြီ... မင်းမှာ အီးမေးလ် လိပ်စာ ရှိလား။။

မရှိပါဘုးခင်ဗျာ..

အော်.... အင်တာနက်တော့ သုံးတတ်သလား...။

မသုံးတတ်ပါဘူုးခင်ဗျာ...။

ဟင်.. ကွန်ပျူတာရော

မသုံးတတ်ပါဘုးခင်ဗျာ...။

ဆိုတော့ တာဝန်ခံက နဲနဲတော့ မျက်နှာပျက်သွားတယ်...။

မင်းက ကွန်ပျူတာတောင် မသုံးတတ်ဘူးဆိုတော့ ငါတို့ က ကွန်ပျူတာ အင်တာနက်နဲ့
ပက်သက်ပြီး ဆားဗစ်ဇင်း လုပ်ငန်းတွေ လုပ်နေတာလေ..။ မင်းကို ငါတို့ ဘယ်လို
အလုပ်ခန့်မလဲ..

ဆိုတော့ ကောင်လေးက

ခင်ဗျာ... ကျွန်တော် က အပေါက်စောင့်ပဲ လုပ်ရ လုပ်ရလို့ ပြောတယ်လေ..
ဟို.... တံခါးဖွင့် တံခါးပိတ်လုပ်တာ အင်တာနက် သုံးတတ်ဖို့်
ကွန်ပျူတာကိုင်တတ်ဖို့ အီးမေးလိပ်စာ ရှိဖို့ လိုလို့ လားခင်ဗျာ..။

ဟ.. မင်း အဲလိုတော့ မပြောနဲ့လေ... လာတဲ့ customer တွေက မင်းကို လိပ်စာကဒ်
ပြတာတို့ .. မင်းကို မှာသွားတာတို့ မင်းကို ဒီမှာရှိတဲ့ ၀န်ထမ်းတွေက
တစ်ခုခု ခိုင်းတာလေးတွေ လုပ်တတ်အောင်တော့ အင်တာနက်လေး ဘာလေး
သုံးတတ်ဖို့တော့ လိုမှာပေါ့ကွာ..။

ဒါဆို ကျွန်တော် အလုပ်မရနိုင်ဘူးပေါ့..။

အင်း... အင်တာနက် သုံးတတ်မယ်ဆိုရင်တော့ စဉ်းစားပါ့မယ်...။

ဟုတ်... အဲဒါဆိုလဲ ကျွန်တော့်ကို ခွင့်ပြုပါဦး။။။


ကောင်းပါပြီ....။


ဒ့ါနဲ့ ခေါင်း ငိုက်စိုက်လေးနဲ့ ကုမ္ပဏီ ထဲကနေ ထွက်လာခဲ့တယ်..။။ ကောင်လေး
ဘာဆက်လုပ်ရမလဲ... စဉ်းစားတယ်...။ ဒီလိုနဲ့ ကောင်လေးဟာ ကြံရာ မရ
ခေါင်းရှုပ်လာတဲ့ အဆုံးမှာ ဆက်မစဉ်းစားတော့ပဲ.. ဆံပင်သွားညှပ်လိုက်တယ်.။
ဆံပင်ညှပ်ရင်းနဲ့ သူ အကြံတစ်ခု ရသွားတယ်..။ သူ ဆံပင်ညှပ် ပညာ သင်မယ်..။
ဆံပင်ညှပ်တဲ့လုပ်ငန်းလုပ်မယ်.. ဆိုပြီး သူ ညှပ်ပြီးတာနဲ့
ဆိုင်ပိုင်ရှင်နဲ့ တွေ့ပြီး ဆံပင်ညှပ် ပညာသင် အဖြစ်နဲ့ အလုပ်စ
ဝင်ပါတော့တယ်။။။
အဲဒီ အချိန်ကစပြီး ကောင်လေး ကြိုးစားပြီ..။

ပညာသင်ကနေ လခစား ၀န်ထမ်း ဖြစ်လာတယ်။။ လခစား ၀န်ထမ်းက နေ ဆိုင်ရဲ့
မရှိမဖြစ် လိုအပ်တဲ့ Essential တစ်ယောက်ဖြစ်လာတဲ့ အခါမှာ ကောင်လေးဟာ
ဆိုင်ကနေ ခွဲထွက်ပြီး... သူ့ဘာသူ ဆိုင်တစ်ဆိုင်ဖွင့်တယ်..။
အတော်အတန်အောင်မြင်လာတော့ ဆက်ဆက် လေ့လာရင်း လေ့လာရင်းနဲ့ သူ့ဆိုင်ကို
ှဆံပင်ညှပ်အပြင် အခြား အလှပြင် ဆရာတွေပါ ငှားပြီး မိတ်ကပ် အလှပြင်
လုပ်ငန်းပါ တွဲလုပ်..။ သူ့ဘာသူလဲ ပညာသင် ... သူကိုယ်တိုင် ၀င်လုပ် ..။
လုပ်ရင် လုပ်ရင်းနဲ့... လမ်းဘေး ဆိုင်ခန်းလေး ကနေ ကိုယ်ပိုင်တိုက်ခန်း
ကိုယ်ပိုင်တိုက်ခန်းကနေ .. ကြီးမားတဲ့ Shopping Mall တွေ မှာပါ ဆိုင်ခွဲ
တွေ ဖွင့်နိုင်တဲ့အထိ အောင်မြင်လာတော့ သူလဲ အဲဒီမြို့ ရဲ့ ဒိတ်ဒိတ်ကြဲ
သူဌေးတွေထဲက တစ်ယောက် ဖြစ်လာတော့တာပေါ့..။

အဲတစ်နေ့တော့ ... စားသောက်ဆိုင်တစ်ဆိုင်မှာ ထိုင်နေရင်းနဲ့ သူ တစ်ခါက
အလုပ်သွားလျှောက်ဘူးတဲ့ ကွန်ပျူတာအင်တာနက် ဆားဗစ်ဇင်း ကုမ္ပဏီ က သူဌေးနဲ့
ဆုံဖြစ်တော့ စကားစမြည် ပြောဖြစ်ကြရင်းနဲ့ ရင်းနှီးမှု ရသွားတယ်.။ စားပြီး
သောက်ပြီး တော့ နှုတ်ဆက်တော့ ကွန်ပျူတာ ကုမ္ပဏီ ပိုင်ရှင် သူဌေးက
ကောင်လေးကို.. ဆက်သွယ်လို့ ရမယ့် အီးမေးလ် လိပ်စာ ပေးပါပေါ့..
ဆက်သွယ်လို့ရအောင် .. ဆိုတော့

ကောင်လေးက သူ့မှာ အီးမေးလ် လိပ်စာ မရှိပါဘူး.. အင်တာနက်ကိုလဲ
မသုံးတတ်ပါဘုး... လို့ ပြန်ပြောလိုက်တယ်..။
ဒီတော့ ဟိုသူဌေးက တအံ့ တသြ ဖြစ်သွားတယ်..။

ဟာ... အင်တာနက်မသုံးတတ်ပဲနဲ့ တောင် ခင်ဗျား ဒီလောက် အောင်မြင်နေတာ ..
အင်တာနက် ကွန်ပျူတာလေး ဘာလေးသင်ပြီး အင်တာနက်သာ သုံးတတ်ခဲ့မယ်ဆိုရင်
ဒီံထက် ဘယ်နှစ်ဆလောက် အောင်မြင်ဦးမယ်မသိဘူုးဗျာ...။ လို့
ပြောလိုက်တယ်..။

အဲတော့ ကောင်လေးက ပြုံးတယ်.။ ပြီးတော့ အဲဒီ သူဌေး ကိုပြောလိုက်တယ်...။

မထင်နဲ့ဗျ.. အင်တာနက် နဲ့ပက်သက်ပြီး ဘာမှ မတတ်ပေလို့ ပေါ့ဗျာ .. ။
ကျုပ်သာ... ကွန်ပျူတာ အင်တာနက် သုံးတတ်ခဲ့ရင် ခုလောက်ဆို .. ခင်ဗျားတို့
ကုမ္ပဏီမှာ အပေါက်စောင့်ကြီး ဖြစ်နေမှာဗျ.......... တဲ့

ပြီးတွားပါပြီခင်ညာ..။ ပြောထားပြီးသားနော်... ဆားချက်တာပါလို့.......။ အဟီး.။


အားလုံးကို လေးစားလျက်..
.......နတ်ဆိုးလေး........

ည.... ည............
အဲဒိ ည.....................
ငါ့တစ်ယောက်တည်းကိုပဲ ကွက်ကွက်ပြီး ညဥ့်နက်နေတယ်။

ခါးသီးမှုတွေကို ခေါင်းဦးအိပ်နေလို့ကတော့
နာကျင်မှုတွေနဲ့ ရှုပ်ထွေးရင်း
အိပ်မက်ဆိုးတွေနဲ့ မိုးလင်းရဦးမှာပဲ..။

ငါ့အာခေါင်တွေနာနေတယ်.........
ငါ့ ဘယ်လက်ချောင်းထိပ်လေးတွေ အသားမာထက်နေတယ်...
ညာလက်မောင်း.. တစ်ဆစ်ဆစ်ကိုက်ခဲလို့...
မင်းရဲ့ ပြတင်းပေါက်လေးက မီးရောင်မရှိပဲ ငါ့ကို ကျီစယ်လို့.......။

ရွှေစိတ်တော်မညိုစေရန်
အသုံးတော်ခံ ကိုယ်ရံတော်တစ်ယောက်အဖြစ်
သံစဉ်တွေကို ဆက်တိုက် ထုဆစ်နေပေးရန် အသင့်...
သဘောထားကြီးခြင်းနဲ့ ကျွန်တော်မျိုးကို ကျေနပ်လိုက်ပါတော့...။

ရင်ခုန်သံချင်း ကျီစယ်ဖူးတဲ့ နှုတ်ခမ်းတွေနဲ့ သီကြွေး
ဆံနွယ်လေးတွေ သပ်ပေးဖူးတဲ့.. လက်ချောင်းလေးတွေနဲ့ တီးခပ်
မင်းခေါ်ရာကို လိုက်ခဲ့ဖူးတဲ့ ခြေထောက်တွေနဲ့
ပြတင်းပေါက်ရှေ့မှာ ရပ်နေတယ်.............
တစ်ချက်လောက်တော့ ငါတို့ ရင်ဘတ်ချင်း နီးကြရအောင်...။

ည.............. ည...................
သန်းခေါင်ထက် နက်ပြနေပြီ.............
ငါ့ကိုလဲ တိတ်ဆိတ်မှုတွေက ငြူစူနေလှပြီ...
ကောင်မလေးရေ....... ............
မင်းပြောတဲ့စကား ငါ့နားထဲမှာ........။

"ဘာရယ်မဟုတ်ပါဘုး....
နင်ဘယ်လောက်.. ငါ့အပေါ် အနွံအတာခံနိုင်မလဲလို့
ငါ စိတ်ကောက်ကြည့်မယ်....
ငါ့ကို ဂစ်တာတီးပြီး လာချော့နော်..............."

မင်းရဲ့ စိတ်ကောက်တတ်တဲ့ အကျင့်လေး
ကြောက်ဖို့ကောင်းလိုက်တာ...
ကျေနပ်ပါတော့ကွာ..........................။

ဘာပဲ ဖြစ်ဖြစ်
မင်းဘတ်က ရင်ခုန်မှုတွေ
ငါ့အတွက် ကြိုးပြတ်သွားရင်တောင်
ဂစ်တာအိုလေးကို ..... ငါတီးနေဦးမှာပါ...
တီးနေဦးမှာပါ............ တီးနေဦးမှာပါ............................။

.....နတ်ဆိုးလေး............

အတိုအစလေးများ ၎

Posted by နတ်ဆိုးလေး On Sunday, August 01, 2010 4 ယောက်ရဲ့ စကားသံတွေ

နာရီ

ချက်....ချက် ..... ချက် .....
ငါ့ထက် တိကျချင်လို့ မရဘူး
မနက်ဖြန်ပေါင်းများစွာရဲ့ လင်းရောင်ချည်တွေက
ငါ့ဒိုင်ခွက်ပေါ်မှာ အသက်တွေ ဆက်လို့...
ရက်ကိုလစား လကို နှစ်စား....
ငါ့ကိုမစားပဲ... ဒီရေတောင်မတက်ဘူး...။

ဓါတ်ပုံ

ငါ့မျက်နှာပြင်ပေါ်မှာ
တစ်ချို့က အလှအပတွေ ဖော်ကျူး
တစ်ချို့က အမှတ်တရတွေ ဆေးခြယ်
တစ်ချို့က ဘ၀အတွက် တစ်ပိုင်းပြတ် ပတ်စပို့တွေ ဖောဖောသီသီသုံး
အဲဒီအလှအပတွေ ထုတ်ထုတ်ကြည့် သူတို့ ပီတိ
အဲဒီအမှတ်တရတွေ ပြန်အသက်သွင်း သူတို့ တသသ
တစ်ပိုင်းပြတ် ပတ်စပို့တွေနဲ့ ဘ၀တစ်ဆစ်ချိုးတွေ တစ်ရိပ်ရိပ်.....။

မီးခြစ်

ထောက်..... ထောက်
တစ်ထောက်ထောက်နဲ့ သတိလဲထားကြဦး
မီးညှိတုန်းကတော့ ရဲကနဲ ရဲကနဲ
ကျုပ်နားကလဲ ရှဲကြဦး
ခင်ဗျားတို့ ဆေးလိပ်မီးက ကျုပ်နားမှာ ၀ဲဝဲ ၀ဲဝဲ နဲ့
ကျုပ် အသည်းယားတယ်....။

သုည

ငါ့ဘ၀ .. တန်ဖိုးတော့ မရှိဘူးပေါ့..
လက်ချိုးရေလို့ရတဲ့ ကိန်းဂဏန်းတွေ နောက်မှာ
 သူတို့ကို အရေအတွက် မြှင့်တင်ပေးချင်သေးတာလေ..။
ဒသမနဲ့ သူတို့ကြားမှာ..
ငါသူတို့ရဲ့ အရှိတန်ဖိုးကို ဖျက်ဆီးပစ်နေတုန်း
ငါ့ကိုယ်ငါ ရှက်လို့ မဆုံးဘူး....။



..........နတ်ဆိုးလေး....