• Emotion Exit

    poem book
    နတ်ဆိုးလေးရဲ့ ဒီဘလော့ဂ်မှာ ဖော်ပြပြီးဖြစ်တဲ့ ကဗျာ လေးတွေကို စုစည်းပြီးတော့ ဖန်တီးထားတဲ့ ကဗျာစာအုပ်ကလေးပါ.။ ကဗျာ ၀ါသနာအိုးများအတွက် မျှဝေလိုက်ပါတယ်..။
    ပုံကိုကလစ်လိုက်နော်

အတိုအစလေးများ ၎

Posted by နတ်ဆိုးလေး On Sunday, August 01, 2010 4 ယောက်ရဲ့ စကားသံတွေ

နာရီ

ချက်....ချက် ..... ချက် .....
ငါ့ထက် တိကျချင်လို့ မရဘူး
မနက်ဖြန်ပေါင်းများစွာရဲ့ လင်းရောင်ချည်တွေက
ငါ့ဒိုင်ခွက်ပေါ်မှာ အသက်တွေ ဆက်လို့...
ရက်ကိုလစား လကို နှစ်စား....
ငါ့ကိုမစားပဲ... ဒီရေတောင်မတက်ဘူး...။

ဓါတ်ပုံ

ငါ့မျက်နှာပြင်ပေါ်မှာ
တစ်ချို့က အလှအပတွေ ဖော်ကျူး
တစ်ချို့က အမှတ်တရတွေ ဆေးခြယ်
တစ်ချို့က ဘ၀အတွက် တစ်ပိုင်းပြတ် ပတ်စပို့တွေ ဖောဖောသီသီသုံး
အဲဒီအလှအပတွေ ထုတ်ထုတ်ကြည့် သူတို့ ပီတိ
အဲဒီအမှတ်တရတွေ ပြန်အသက်သွင်း သူတို့ တသသ
တစ်ပိုင်းပြတ် ပတ်စပို့တွေနဲ့ ဘ၀တစ်ဆစ်ချိုးတွေ တစ်ရိပ်ရိပ်.....။

မီးခြစ်

ထောက်..... ထောက်
တစ်ထောက်ထောက်နဲ့ သတိလဲထားကြဦး
မီးညှိတုန်းကတော့ ရဲကနဲ ရဲကနဲ
ကျုပ်နားကလဲ ရှဲကြဦး
ခင်ဗျားတို့ ဆေးလိပ်မီးက ကျုပ်နားမှာ ၀ဲဝဲ ၀ဲဝဲ နဲ့
ကျုပ် အသည်းယားတယ်....။

သုည

ငါ့ဘ၀ .. တန်ဖိုးတော့ မရှိဘူးပေါ့..
လက်ချိုးရေလို့ရတဲ့ ကိန်းဂဏန်းတွေ နောက်မှာ
 သူတို့ကို အရေအတွက် မြှင့်တင်ပေးချင်သေးတာလေ..။
ဒသမနဲ့ သူတို့ကြားမှာ..
ငါသူတို့ရဲ့ အရှိတန်ဖိုးကို ဖျက်ဆီးပစ်နေတုန်း
ငါ့ကိုယ်ငါ ရှက်လို့ မဆုံးဘူး....။



..........နတ်ဆိုးလေး....

4 Response for the "အတိုအစလေးများ ၄"

  1. နတ်ဆိုးလေး ရဲ့ ကဗျာ လေးကိုဖတ်သွားတယ် ကောင်းတယ်

    ခင်တဲ့
    ရွှေစင်ဦး

  2. အဲဒီလို လုပ်စမ်းပါ

  3. အတော်ကောင်းတဲ့ အတိုအစတွေပဲ ... လာကောင်းသွား တယ်ညီရေ ..

  4. ကောက်သွားတာ .. ဟီ::))))