• Emotion Exit

    poem book
    နတ်ဆိုးလေးရဲ့ ဒီဘလော့ဂ်မှာ ဖော်ပြပြီးဖြစ်တဲ့ ကဗျာ လေးတွေကို စုစည်းပြီးတော့ ဖန်တီးထားတဲ့ ကဗျာစာအုပ်ကလေးပါ.။ ကဗျာ ၀ါသနာအိုးများအတွက် မျှဝေလိုက်ပါတယ်..။
    ပုံကိုကလစ်လိုက်နော်

ကောင်းကင်က ငါ့ပေါ် ပဲ့ကျတဲ့နေ့
အဲဒီနေ့က ထာဝရ မလာဘူးလေ..။

တစ်ကယ်ပါ အဲဒီနေ့က .
ငါ့ကိုထမ်းတဲ့ မြေပြင်လဲ အလဲအကွဲကို ပြိုကျတာ
(ငါရပ်နေတဲ့ တစ်နေရာထဲကိုပေါ့)...။

လျော့တိလျော့ရဲ လရောင်ကလဲ..
ကွဲရှသံတွေ နဲ့ မှိန်နေတယ်..
ကြယ်တွေ . .. .. ... ... ... .. ..
သွားစမ်းပါ.. အကျည်းတန်လိုက်တာ..။

ငါ သာ တန်ခိုးရှိရင်..
ထာဝရ ကို ငါ့ကိုယ်ငါ အဖြစ် ဖန်ဆင်းပစ်လိုက်ချင်တယ်
တကယ်... ခုတော့ ဒဏ်ရာတွေကိုပဲ ကော်ဆဲ နေမိတယ်..။

နီကိုတင်းတွေ စုပ်ယူနေတဲ့ ငါ့နှုတ်ဖျားက
ထာဝရ ရဲ့ပါးကို ဒီအချိန် ဒီနေရာမှာပဲ
နမ်းရှိုက်ခဲ့ဖူးခဲ့တာ... ..
နီကိုတင်းက အဆုတ်ထိတာ
အဲဒီပါးက နှလုံးသားကို ရှတယ်...။

သေနိုင်လောက်တဲ့ အလွမ်းမဟုတ်ခဲ့ရင်တောင်မှ
ငါ့ သမိုင်းမှာ စာကမ္ဗည်း မှတ်တိုင်တစ်ခုအဖြစ်တော့
ခပ်ဖျော့ဖျော့လေး ရှိနေမှာပါ... ...
ငါကလဲ. ပက်ပက်စက်စက် ရင်ခုန်ခဲ့တာကိုး.. ။

ဟားး..............
ကြားနေရတဲ့ ညသံတွေထဲမှာ
ငါမသိတာတွေရော ငါသိတာတွေရော
သေချာ သိတာကတော့ ...
ထာဝရ ရဲ့ အငွေ့အသက်နဲ့
ခပ်ဆင်ဆင် တူတာလေးတောင် မပါလာတာပဲ..
ကြေကွဲကွာ......................။

ဘာမှန်းမသိတဲ့ စိုးရွံ့မှုတွေက
ငါ့ရင်ဘတ်ထဲမှာ ညာသံတွေပေးပြီး ခြောက်လှန့်နေလေရဲ့..
ယိုင်နဲ့နဲ့ ငြီးတွားသံ တွေထဲမှာ
ငါ ကြားရတာ ....
ထာဝရသာ ဘယ်တော့မှ ပြန်မလာတော့ရင် တဲ့.........။

မဖြစ်ပါရစေနဲ့...
ခနဲ့တဲ့တဲ့ ရယ်သံတွေလဲ
ကျေးဇူးပြုပြီး မလှောင်ကြပါနဲ့..။
ငါ့ရဲ့ ထာဝရ ဒီည လာမှာပါ..။

ကြယ်တွေလဲ ကြွေကြွေကျနေတာ..
ငါ လဲ စိတ်ဓါတ်တွေ မြေခ နေတာ..
ဒီတိုင်းထိုင်နေလို့ရော ထာဝရလာမှာလား
ငါ့ကိုယ်ငါ မိုးလင်းပစ်လိုက်ရတော့မလား...။

အားးးးးး
သောက်ရေးမပါတဲ့စီးကရက် ..
ဘယ်တုန်းက.. ကုန်သွားတာလဲ..
အတွေးပျက်အောင်.. ဖင်စီခံက
လက်ကြားထဲ မီးစနဲ့ထိုးချသွားလိုက်တာ..
လာထား... နောက်တစ်လိပ်.. ။

.......... ............... ...................
......... ...... ............. ........... ............
.... ......... ........ ............. ............
... .. ........... ............ .................................။

7 Response for the "လေလွင့်စီးကရက် အမှတ် ၁၀၁"

  1. သတိ...
    ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်....း)
    ကဗျာလေး ကို ခံစားသွားပါတယ်...
    နှင်းမိုးမိုး

  2. သောက်ရေမပါတဲ့စီးကရက် လာ. သောက်ရေးမပါတဲ့စီးကရက်လား ဘယ်လိုခံစားရမှာလဲ.

  3. အဟား ... ရှတတနဲ့ မီးခိုးတွေတောင်အဆစ်ပါလိုက်သေး ..
    ကောင်းကွ ...
    သောက်လိုက်တဲ့ဆေးလိပ် .. တစ်လိပ်ပြီးတစ်လိပ်ထပ်လာတော့
    အရသာရိုးသွားခဲ့ ..
    ဒါပေမယ့် ဖတ်ရတဲ့ကဗျာတွေကတော့ မရိုးဘူးဟေ့ ..
    လာထား.. နောက်တလိပ် ...

  4. တလိပ်ပြီးတလိပ်ပါပဲလား............
    ကဗျာကတော့ မရိုးဘူးဟေ့...........
    ခင်တဲ့
    သဒ္ဓါ

  5. makhaing says:

    အင်း မောင်နတ်ဆိုး ဆိုးးးးးးးးးးးး...

    မိုက်ဆဲပါလား.. မိုက်တဲ့အရွယ်ပဲ မိုက်သာမိုက်..

    စောစောတောင် အိပ်ရပသေး..ဟဲ..။

    အမ နေကောင်းတယ်..။

    မဗေဒါ (၈၈)

  6. မိုက်တယ်ဗျာ။ လာလည်တယ်။

  7. “ငါ သာ တန်ခိုးရှိရင်..
    ထာဝရ ကို ငါ့ကိုယ်ငါ အဖြစ် ဖန်ဆင်းပစ်လိုက်ချင်တယ်
    တကယ်... ခုတော့ ဒဏ်ရာတွေကိုပဲ ကော်ဆဲ နေမိတယ်..။” ဆိုတဲ့တွေးလေးက
    ဆန်းလည်းဆန်းတယ်။ပြီးတော့ မိုက်တယ်။
    အားပေးဆဲ နတ်ဆိုးလေးရေ