• Emotion Exit

    poem book
    နတ်ဆိုးလေးရဲ့ ဒီဘလော့ဂ်မှာ ဖော်ပြပြီးဖြစ်တဲ့ ကဗျာ လေးတွေကို စုစည်းပြီးတော့ ဖန်တီးထားတဲ့ ကဗျာစာအုပ်ကလေးပါ.။ ကဗျာ ၀ါသနာအိုးများအတွက် မျှဝေလိုက်ပါတယ်..။
    ပုံကိုကလစ်လိုက်နော်

Portables

Posted by နတ်ဆိုးလေး On Saturday, May 29, 2010 4 ယောက်ရဲ့ စကားသံတွေ

နတ်ဆိုးလေး တစ်ကောင်လဲ ကဗျာတွေ ရေးနေရာက နေ ဘယ်လိုကနေ ဘယ်လို လိုင်းကြောင်သွားတာလဲ မသိပေါင်ဗျာ.. ဟိုဟာလေး ဝေဖန်ချင်ရတာ နဲ့ ဒီဟာလေး share ချင်ရတာနဲ့ ဒီအကြောင်းလေး လေကန်ချင်ရတာနဲ့.. ကိုယ်ကိုကိုယ်တောင် နဲနဲ အမြင်ကတ်ချင်လာပြီ..။ ဟိုတစ်နေ့က စိတ်ကူးလေးရတာနဲ့
Blogger in Draft ထဲက template designer လေးနဲ့ ကိုယ့် template လေးကို ထိုင်ပြင်နေလိုက်တာ .. အခု လက်ရှိ template လေး တော်တော်ကြိုက်ပါတယ်..။ မျက်စိလည်းရှင်းတယ်.. ။ Script တွေလဲ သိပ်မပါတော့ ပေါ့ပေါ့ပါးပါးပဲ.. မပြောင်းတော့ဘူးလို့ကို စိတ်ကူးထားတယ်..။ ကဲ တော်ပါပြီ Portable ဆိုပြီး ဘာတွေ လာပြောနေမှန်းလဲ မသိဘူး..။ ပေကိုရှည်တယ်. လိုရင်းမရောက်တော့ဘူး..။ အဟက်.။

နတ်ဆိုးလေးက ပေါ့တေဘယ် ဆို အားကြီး သဘောကျတာ..။ သွားလေရာ thumb drive လေး ပါတယ်...။ နတ်ဆိုးလေးရဲ့ thumb drive လေးက အရူးလွယ်အိတ်ကျနေတာပဲ.. စုံလို့ . ဘာတွေ မှန်းကိုမသိဘူး..။ သီချင်းတွေကော.. Ebook တွေရော အဲဒီ ပေါ့တေဘယ် တွေကော .. 4GB မလို့သာရယ်..။ ခု နတ်ဆိုးလေး သုံးနေတဲ့ ပေါ့တေဘယ် လေးတွေ share ပေးမယ်နော်.. ။ ပေါ့တေဘယ်မှန်သမျှ လိုက် ဒေါင်းနေတဲ့ နတ်ဆိုးလေးဆီမှာ ပေါ့တေဘယ် တော်တော်များများ ရှိတယ်ခင်ည..။ ကြွားတာတော့မဟုတ်ဘူး.. (ဒါ ကြွားစရာ မှ မဟုတ်တာ.) ..။ လိုချင်တာရှိပြောနော်.. ရှိရင် ပေးမယ်.. မရှိလဲ ရှာပေးမယ်... ဘာခက်တာမှတ်လို့... နတ်ဆိုးလေးက upload လုပ်ပြီး ပေးတာလဲ မဟုတ်ဘူး..။ ကိုယ်ယူထားတဲ့ source ကိုတန်း link ချိတ်ပစ်လိုက်တာ... ။ (ဘာရမလဲ ငါကွ).။
ကဲကဲ လေပဲများနေတယ်.. အောက်မှာ လိုတာလေးများ ပါမလားလို့ ကြည့်လိုက်ကြဦး..။

ဒါလေးကတော့ PDF ဖိုင်လေးတွေဖတ်ဖို့.. Foxit Reader တဲ့.. ကလစ်လိုက်ရုံပဲနော်

ဒါက skype portable တဲ့ .. ဒီမှာကလစ်..

ဒါလေးကတော့ ဂိမ်းခင်ဗျ.. Frats on Fire တဲ့ ဒီကောင်လေးနဲ့ ညိမ့်ရတာ တကယ့် Feel ပဲ..
ဒီမှာ ကလစ်

ဒါလဲ ဂိမ်းပဲ နဲနဲတော့ အုံးစားရလိမ့်မယ် ဆုဒိုခု.. လေ..။ ဒီမှာ ကလစ်

ဒါကတော့ Massenger portable ဗျ..ချက်တာဂျီးများအတွက်ပေါ့.. ICQ, MSN Messenger, Yahoo!, Gtalk စုံအောင်သုံးလို့ ရလိမ့်မယ်.. ဒီမှာ ကလစ်ဗျ

Laptop လေးနဲ့ Wifi ရှိတဲ့ နေရာ သွားသုံးမယ့် ဘော်ဘော်တို့ အတွက် Browser လေးတွေပါ..

ဒါက Moliza Firefox

ဒါလေးက Google Chrome

လိုတာတွေ ပါရင်လဲ ယူသွားကြပါခင်ည..။ ပါတာတွေ မလိုရင်လဲ ဖတ်သွားကြတာ ကျေးဇူးပါ ခင်ည..။

အားလုံးကို လေးစားလျက်
...နတ်ဆိုးလေး....

4 Response for the "Portables"

  1. လှ တာလေး တွေ လုပ်တတ် တဲ့ သူကတော့ လုပ်ကြပါ လုပ်ကြပါ

  2. portable ကြိုက်တဲ့သူ မိန်းမယူလဲ portable ယူနော..
    ဝတာကြီးတွေမယူနဲ့

  3. ကဗျာနဲ့အစပ်ပြတ်သွားအုံးမယ်နော် ၊ ကျုပ်တို့ဘကြီးတယောက်လဲကဗျာရေး
    ဘို့ ၊ ဘလော့တင်ရင်း နဲ့ဟိုလူ့ဝေဘန်ဒီလှူု့ဝေဘန်နဲ့ ဝေဘန်ရေးဘက်ရောက်
    သွားတယ် အခုတော့သေသွားပါပြီ ၊ ဟဲဟဲကြုံလို့ပြောပြတာ နတ်မိစ္ဆာရဲ့ အိုကေ
    လာလည်သွားပြီ.......။

  4. Unknown says:

    မောင် နှိုးစက်လေး ရေ... တင်ပေးထားတာတွေလည်း အဆင်ပြေတယ်။ တစ်ခု တောင်းဆိုမယ်ကွာ။ မိုဘိုင်းလ်တွေမှာ .swf ဖိုင် ဖတ်လို့ရတဲ့ ဆော့ဖ်ဝဲလ် လေး တစ်ချက်ပေးပါဦး။ အရေးတကြီး လိုနေလို့။ Nokia N series တွေ အတွက်ပါ။ ကျေးဇူးဟေ့။