• Emotion Exit

    poem book
    နတ်ဆိုးလေးရဲ့ ဒီဘလော့ဂ်မှာ ဖော်ပြပြီးဖြစ်တဲ့ ကဗျာ လေးတွေကို စုစည်းပြီးတော့ ဖန်တီးထားတဲ့ ကဗျာစာအုပ်ကလေးပါ.။ ကဗျာ ၀ါသနာအိုးများအတွက် မျှဝေလိုက်ပါတယ်..။
    ပုံကိုကလစ်လိုက်နော်

နတ်နတ် လဲ ပျင်းကြောဆွဲနေတာနဲ့ ခုတစ်လော စာကို ရေးဖို့ အာရုံမရဘူးဖြစ်နေတယ်..။ ကဗျာတွေချည်း ရေးဖြစ်နေတယ်။ ကဗျာတွေကတော့ တော်တော် ပေါနေပြီ..။ လာပါလိမ့်မယ် တစ်ရက်နှစ်ရက် အတွင်းမှာ အတိုအစလေးများ နံပါတ် ၄ လာပါတော့မယ် ။ ခု နတ်နတ် အာရုံလေးရတုန်း စာလေးဘာလေးရေးဦးမဟ ဆိုပြီး စိတ်ကူးမိလို့ ဒီတစ်နေ့တော့ နတ်နတ် လေကန်လိုက်ဦးမယ်..။

မထူးပါဘူး ပုံပြင်ပြောလိုက်တာပဲ ကောင်းပါတယ်။။ နော ..။ သိတယ် နတ်နတ်တို့က နတ်နတ်ဘော်ဒါတွေ ပုံပြင်နားထောင်ချင်နေတာ သိတယ်..။ (ဟုတ်ဟုတ် မဟုတ်ဟုတ် ဟုတ်လိုက်တော့.. ဟီး)
ဒီကောင်လေးကို ဘယ်မှာ ဖတ်ဖူးတာလဲ ဘယ်သူက ပြောပြဖူးတာလဲ မမှတ်မိတော့ဘူးဗျ..။ အကြောင်းအရာလေးပဲ မှတ်မိတယ် ..။ ပြောပြမယ်နော်..။
တစ်ခါကပေါ့... အမျိုးသားတစ်ယောက်က အလုပ်ကနေ အပြန် ကားမောင်းလာနေတုန်း မတော်တဆမှုတစ်ခုကြောင့် အမျိုးသမီး တစ်ဦး ရဲ့ ကားနဲ့ ၀င်တိုက်မိပါသတဲ့..။ ကားတွေကတော့ တော်တော်လေး ဆိုးဆိုးရွားရွား ပျက်စီးကြပေမယ့် လူတွေတော့ ဘာမှ မဖြစ်ကြဘူးတဲ့...။ ပိန်ရှုံ့ စုတ်ပြတ်သွားတဲ့ ကာားတွေထဲကနေ အမျိုးသားကော အမျိုးသမီးကော ခက်ခက်ခဲခဲ ရုန်းကန်ထွက်လာလိုက်ကြပြီး နှစ်ယောက်သား လမ်းဘေးမှာ ရပ် ဖုတ်ဖတ်လေးခါပြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်..။
အဲဒီမှာ အမျိုးသမီးက စကားစပြောတယ်..။
ရှင် ဘာဖြစ်သွားသေးလဲ တဲ့ ။ ဒီတော့ အမျိုးသားက ပြန်ပြောတယ် ..။
အာ ဘာမှ မဖြစ်ပါဘူး အဆင်ပြေပါတယ် ရတယ် ..။
ဆိုတော့ အမျိုးသမီးက ရင်ဘတ်လေး ဖိပြီး အမလေး တော်ပါသေးရဲ့ ဆိုပြီး သူ့ဘာသူ တ သလိုလို အမျိုးသားကြားအောင်ပဲ တသလိုလို ပြောလိုက်တယ်..။ အမျိုးသားကလဲ ပြန်မေးရတာပေါ့ ၀တ္တရားအရလေ..။ သူဘာမှ မဖြစ်တာတော့ မြင်တာပေါ..။
ခင်ဗျားရော ဘာဖြစ်သွားသေးလဲ...
မေးတော့ အမျိုးသမီးကလဲ ဘာမှသိပ်မဖြစ်လိုက်ပါဘူး.. ရပါတယ် ပေါ့..။
အေးဗျာ ကားတွေက စုတ်ပြတ်သတ် သွားပေမယ့် လူတွေ ဘာမှ မဖြစ်တာ ကျွန်တော်တို့ ကံကောင်းတာပဲနော်.. ဘုရားမတာပဲ..။ လို့
အမျိုးသားက ပြောလိုက်တော့ အမျိုးသမီးက
ဟုတ်တာပေါ့ရှင် ဘုရား မတယ် ဆိုတာထက် ခုကြည့်လေ ကားတွေ က ကြေမွပျက်စီး သွားပေမယ့် ကျွန်မတို့ နှစ်ယောက်လုံး ဘာမှ မဖြစ်ပဲ ကျန်နေရစ်ခဲ့တာ ဒါ ဘုရားက ကျွန်မတို့ကို မိတ်ဆွေတွေ ဖြစ်ကြဖို့ ဆုံစည်းပေးလိုက်တာပဲ လို့ကော မတွေးမိဘူးလား လို့ မေးလိုက်ပါသတဲ့..။
အဲဒီတော့မှ အမျိုးသားက
ဟာ... ဟုတ်ပါရဲ့ဗျာ ကျွန်တော် မတွေးမိဘူး ဒါဆို ကျွန်တော်တို့ နှစ်ယောက် မိတ်ဆွေ တွေ ဖြစ်သွားကြပြီပေါ့ လာဗျာ လက်ဆွဲနှုတ်ဆက်ကြရအောင်
လို့ပြောတော့ အမျိုးသမီးက လက်ကာ ပြပြီး
နေဦးရှင့် ကျွန်မမှာ လက်ဆွဲနှုတ်ဆက်တာထက်ကောင်းတဲ အစီအစဉ် ရှိတယ်..။ တဲ့...။
အဲတော့ အမျိုးသားက
အော ဆိုပါဦး ဘယ်လို အစီအစဉ်များလဲ
ဆိုတော့ အမျိုးသမီးက
ကျွန်မ ကားထဲမှာ ရှန်ပိန်ပုလင်း ပါတယ်...။ ကျွန်မတို့ ဆုံဆည်းခြင်း အထိမ်း အမှတ်နဲ့ ရှန်ပိန် သောက်ကြရအောင်လေ

ဆိုတော့ အမျိုးသားက ဟာ ကောင်းတာပေါ့ဗျာ လို့ ပြောတော့
ကျွန်မ ကားထဲမှာ ရှန်ပိန်ပုလင်းရှိတယ် မကွဲလောက်သေးဘူး မှန်ကွဲထဲကနေ လှန်းနှိုက်လိုက်ပါလား.. လို့ အမျိုးသမီး ပြောလိုက်တယ် ဆိုရင်ပဲ.. အမျိုးသားက ဟုတ်ပြီ ဆိုပြီးတော့ ရှန်ပိန်ပုလင်း ကို သွားထုတ်ယူလိုက်ပြီး အဖုံးဖွင့် ပြီး မော့ ချလိုက်တယ်...။ ပြီးတော့ အမျိုးသမီး ကို အလှည့် ပေးတဲ့ အနေနဲ့ ရှန်ပိန် ပုလင်း လှမ်းပေးလိုက်တယ်..။ အမျိုးသမီး ယူလိုက်ပြီး ပုလင်းကို အဖုံးပြန်အုပ်လိုက်တယ်..။
အဲတော့ အမျိုးသားက ဟင် ခင်ဗျား မသောက်ဘူးလား လို့မေးလိုက်တော့ အမျိုးသမီးက ဒီလိုလေး ပြန် ပြောလိုက်တယ်ခင်ဗျ ။

ဟင့်အင်း မသောက်တော့ ဘူး တ။ဲ့ ယာဉ်ထိန်းရဲ လာစစ်တဲ့ အချိန်ပဲ စောင့်တော့မယ်တဲ့ .....။ ကဲ မှတ်ကရော....။

သွားယုံတာကိုခံပေါ့..။ နည်းတောင်နည်းသေးတယ်..။

ကမ္ဘာကျော်တဲ့ အတွေးအခေါ်ပညာရှင်ကြီးတွေ စွန့်ဦးတီထွင်သူကြီးတွေ သူရဲကောင်းကြီးတွေတောင် မိန်းမတစ်ယောက်ကြောင့် ဒုက္ခရောက်ကြရဖူးပါတယ်...

အားလုံးကိုလေးစားလျက်
...နတ်ဆိုးလေး.....

12 Response for the "ယုံချင်ဦးဟ... မှတ်ပလား"

  1. ညီလေးရေ့......

    အတော်အကြံပိုင်သူပဲဗျနော့်......။
    ဖတ်ရင်းပြုံးသွားတယ်......။
    (စာဖတ်ရတာ......အပြာပေါ်မှာ အနက်ဖြစ်နေတော့ အားစိုက်ရတယ်ညီလေး.....း))

    ခင်မင်ခြင်းအားဖြင့်.........
    ဏီလင်းညို

  2. ဟိုက် သေရော သွားပြီ
    ဖမ်းခံရတော့မှာပဲ

  3. အင်း အကြံပိုင်တဲ့ မိန်းမ ပေါ့နော် နတ်ဆိုးလေး

    ရွှေစင်ဦး

  4. တော်တော်သဘောကျသွားတယ်
    ဒါကြောင့်လဲ မိန်းမမာယာသဲကိုးဖြာလို့ ဆိုကြတာ ထင်တယ်နော်..း)
    အယုံလွယ်သူရဲ့ အမှားပေါ့...

  5. မိန်းမ ဉာဏ်.. များ တယ်ပိုင်ပ နော်....
    နတ်နတ်လည်း ဂရုစိုက်အုံးနော်.. တော်ကြာ ရှန်ပိန် ပုလင်းနဲ့ မတွေ့ပဲ ခေါင်ရည်ပုလင်း နဲ့ တွေ့နေအုံးမးယ်.. ဟီးဟီး... ပုလင်း မှားမှာဆိုးလို့ပြောတာနော်.. စိတ်စိုးရဘူး...

  6. ဟားဟား...ရီသွားတယ်..နတ်နတ်ရေ..။
    အတော် အကြံပိုင်တဲ့ အမျိုးသမီးပဲ..။

  7. လာဖတ်ပြီး ရီသွားတယ်..နောက်ကြုံ၇င် အဲဒီလိုအကြံလေး
    သုံးကြည့်ဦးမယ်

  8. ဟားဟား..
    မိုက်တယ်ကွာ..
    ပုံပြင်လေးက...
    post ထဲမှာ နာမည်ရေးထားပါတယ်နော်...
    ဖိတ်စာရေးတော့ မျက်စိရှန်းပြီးမပါသွားတာဖြစ်မယ်..
    ပြန်ရေးထားပြီးပြီနော်...

    နတ်အချင်းချင်းပဲဟာ..စိတ်မဆိုးကျေး..း)

  9. မိန်းမဥာဏ်ဆိုတာ အဲဒီလို အဲဒီလိုဗျို့ ။ အလိမ်မမိစေနဲ့။းဝ)

  10. သြော် .. မိန်းမ မိန်းမဆိုတာ .. ဘာလဲဗျ

    မိန်းမ မိန်းမဆိုတာ ဒါပဲဗျ ... ::)))

  11. သဲကိုးဖြာ။
    ရှမ်ပိန်တစ်ပုလင်း။

  12. Z says:

    သြော် ကားတွေဘာတွေကြေသွားတာတောင် ပုလင်းကမကွဲဘူး... ဟိုလူကလည်း အဲလောက်အယုံလွယ်တယ်။ အဲဒီမိန်းမတော်တယ်။ :D