• Emotion Exit

    poem book
    နတ်ဆိုးလေးရဲ့ ဒီဘလော့ဂ်မှာ ဖော်ပြပြီးဖြစ်တဲ့ ကဗျာ လေးတွေကို စုစည်းပြီးတော့ ဖန်တီးထားတဲ့ ကဗျာစာအုပ်ကလေးပါ.။ ကဗျာ ၀ါသနာအိုးများအတွက် မျှဝေလိုက်ပါတယ်..။
    ပုံကိုကလစ်လိုက်နော်

Myanmar Collection

Posted by နတ်ဆိုးလေး On Tuesday, June 22, 2010 5 ယောက်ရဲ့ စကားသံတွေ

နတ်ဆိုးလေး ခုရက်ပိုင်း အလုပ်တွေ ရှုပ်နေတယ်..။ ကိုယ့်ဘာကိုယ်ရှုပ်တာတွေကော သူများလာရှုပ်တာတွေကော ရောနေတယ်..။ အာရုံရတဲ့ အချိန်လေးတော့ ပို့စ် တင်နိုင်အောင် ကြိုးစားနေပါတယ်..။ စောစော ပိုင်းက Domain ရပြီးတည်းက နတ်ဆိုးလေးက မြောက်ကြွမြောက်ကြွနဲ့ ..။ ကိုယ့်ကိုကိုယ် တွေးလေ အမြင်ကတ်လေ ဖြစ်နေပြီ..။ ခုလဲ တင်းပလိတ်လေး ဟိုပြောင်းဒီပြောင်း လုပ်နေတာ အဆင်မပြေတာလေးတွေကို ကိုမာရ်နတ် က ကူညီခဲ့ပါတယ်.။ ဆွဲပေးထားတဲ့ Header Image ဒီဇိုင်လေးဆို မအိပ်ပဲတောင်ဆွဲထားတာတဲ့ဗျ။ (ဟုတ်မှာပဲ. Spelling မှားလို့ မနက်မှ ပြန်ပြင်ရသေးတယ်. အဟီး)..။ ကျွန်တော်လဲ သူ့ကိုပဲ အားကိုးနေရတာ .. ။

ကျွန်တော် အားတဲ့အချိန်လေး လက်ကလေးက ယားလာတာနဲ့ ဘာတင်ရကောင်းမလဲဆိုပြီး ကွန်ပျူတာပေါ် ဝေ့ကြည့်တဲ့ပြီး Desktop ပေါ်တွေ့သမျှကို လိုက်ပြီး Upload လုပ်ချလိုက်တာ.. အောက်မှာ တွေ့တဲ့ အတိုင်း Publish လုပ်စရာ ပို့စ်တစ်ပုဒ် ဖြစ်သွားလေတော့သတည်း..။
ဒီကောင်လေးတွေက အများစု သုံးနေတာလေးတွေပါ..။ အဆန်းတော့ မဟုတ်ပါဘူး..။ မြန်မာစာနဲ့ ပက်သက်သမျှလေးတွေပါ..။
နံပါတ် - ၁
အဘိဓါန်
မြန်မာ ဖောင့် သုံးမျိုးနဲ့ ဘာသာပြန်ပေးပါတယ်.။ Zawgyi one , Myanmar 3 , Ayar Burmese ဆိုတဲ့ font သုံးမျိုး နဲ့ အသုံးပြုနိုင်မှာပါ..။ မြန်မာ to အင်္ဂလိပ် နဲ့ အင်္ဂလိပ် to မြန်မာ နှစ်မျိုးလုံး သုံးရပါတယ်..။ အသုံးပြုနည်းလဲ လွယ်ပါတယ်.။ အောက်မှာ ဒေါင်းလုပ်လုပ်ပါခင်ဗျ.။
မီဒီယာဖိုင်းယား

နံပါတ် -၂
ကွန်ဗာတာ
ဒါကတော့  မြန်မာဖောင့် အမျိုးအစား တော်တော် များများကို convert လုပ်ပေးတဲ့ ကောင်လေးပါ..။ Blog ပေါင်းစုံ ကို လျှောက်လည်နေသူုတွေ အဆင်ပြေမှာပါ..။ အောက်မှာ ဆွဲလိုက်ဗျာ..။
မီဒီယာဖိုင်းယား

နံပါတ် - ၃
ဒါကတော့ Font ပါ်..။ Chatter တွေ အတွက် Font.. မြန်မာလို မရိုက်တတ်လို့ Burglish ရိုက်နေရတဲ့ သူတွေအတွက် အလိုအလျောက် Burglish ကနေ မြန်မာဖောင့် ကို ပြောင်းပေးမယ့် ကောင်လေးပါ..။ ၀ိဇ္ဇာ ဖောင့်ပါခင်ဗျ.။ အောက်ကလင့်မှာ ယူနော်..။
မီဒီယာဖိုင်းယား

ကိုင်း ဘာရယ်ညာရယ်တော့ မသိဘူး တင်ချလိုက်ပြီ..။ လိုအပ်တဲ့ လူကဒေါင်းပေါ့..။ မလိုအပ်တဲ့လူကလဲ ရောယောင်ပြီး comment သာရေးသွား .. ဟဲဟဲ..။

အားလုံးကိုလေးစားလျက်
.......နတ်ဆိုးလေး............

5 Response for the "Myanmar Collection"

  1. နတ်နတ် တို့က လျှင်တယ်နော်....
    ဒေါင်းတွားဘီ..နော်..။

  2. လိုအပ်တာတွေ ကော်နက်ရှင်ကောင်း မှ လာယူမယ်နော် ကျေးဇူး

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

  3. အင်တာနတ်ပေါ်စာမရေးဘဲ နဲ့ဘေထုတ်ရောင်းစားတဲ့
    လူနဲ့လာတွေ့နေတယ် ဂွသိပ်ကျတာဘဲ ယူသွာြး့ပီ

  4. မရှိရှိတာနဲ့ပို့စ်တစ်ပုဒ်လုပ်စားသွားပြန်ပြီ
    တော်လိုက်တာ
    ဒီမှာတော့ ဘာကိုရေးရမှန်းကိုမတိဘူး
    နက်ဖြန်တော့ထူးခြားတာလေးတစ်ခုတင်မလားလို့

  5. Unknown says:

    နတ်ဆိုးကို ကူညီတာက ကိုမာရ်နတ်တဲ့.. နတ်မျိုး နတ်နွယ်တွေပဲ.. ကောင်းလေစွ ကောင်းလေစွ...