• Emotion Exit

    poem book
    နတ်ဆိုးလေးရဲ့ ဒီဘလော့ဂ်မှာ ဖော်ပြပြီးဖြစ်တဲ့ ကဗျာ လေးတွေကို စုစည်းပြီးတော့ ဖန်တီးထားတဲ့ ကဗျာစာအုပ်ကလေးပါ.။ ကဗျာ ၀ါသနာအိုးများအတွက် မျှဝေလိုက်ပါတယ်..။
    ပုံကိုကလစ်လိုက်နော်

ရွှေနိုင်ငံက ဘလော့ဂါ အကိုအမများ.. လောလောလတ်လတ် ကော်နက်ရှင် အခက်အခဲတွေ ဖြစ်နေတယ်ဗျ.. တော်တော်များများကြားနေရတယ်..။ အရင် ကျွန်တော်က Moliza ရဲ့ Option ထဲကို ၀င်ပြီး Http Proxy နဲ့ သုံးတယ်.. ကျွန်တော် ဘလော့ဂ် စရေးတဲ့နေ့ကစပြီး စောစောပိုင်းရက် ထိပေါ့ .. အဆင်ပြေတယ်..။ ခု တစ်ပါတ်ကျော်ကျော် ရှိသွားပြီ.. ရတော့ဘူးဗျ..။ ဘသားချောတွေ လုပ်ချလိုက်ပြန်ပြီထင်ပါ့ဗျာ..။

အဲဒါနဲ့ နတ်ဆိုးလေးလဲ မနေနိုင်မထိုင်နိုင် မအိပ်နိုင် မစားနိုင်တွေ ဖြစ်ပြီးတော့ (ပိုသွားပြီထင်တယ်) Proxy ရှာပုံတော် ဖွင့်ရတာပေါ့..။ ဘသားချောတွေကလဲ ဘန်းထားတဲ့ ဆိုဒ်တွေ ဖွင့်ဖို့ ထားတဲ့ Proxy ဆိုဒ်တွေကိုလဲ လိုက်ဘန်းထားတာကိုးး..။ အဲဒါနဲ့ ရှာရင်းရှာရင်း ရှာရင်း (ဟောဟဲ ဟောဟဲ) တစ်ခုတွေ့သွားတယ်..။

https://www.undoblock.com တဲ့..။ ၀င်လို့လဲရတယ်..။ ရေးလို့လဲ ရတယ်..။ မန့်လို့လဲ ရတယ်..။ မဆိုးဘူး..။
ဘာအခက်အခဲရှိလဲ ဆိုတော့ ပို့စ်တင်တဲ့အခါ ရေးရင်းနဲ့ Auto Save မလုပ်ဘူးဗျ ..။ ရေးပြီင်္း မတင်ချင်သေးလို့ Save ထားလို့မရဘူး..။ Save Now icon လေးတော့ ပါပါရဲ့..။ အလုပ်မလုပ်ဘူး..။ နောက်တစ်ခုက အဆိုးဆုံးပဲ..။
ပို့စ်တင်ရင် စာရေးတဲ့ Box ရဲ့ အပေါ်က bar ပေါ်က bold , Italic တို့ align ချိန်တဲ့ Icon တို့ Image upload , Video Upload Icon တွေ ဘာမှ မပါဘူး..။ 100% solve မလုပ်နိုင်တာ ဖြစ်မယ်..။ Html နဲ့ ရေးတတ်ရင်တော့ ရပါတယ်..။ အဆင်မပြေတာပေါ့...။

ခု နောက်တစ်ခုထပ်တွေ့တယ်.။ တွေ့တွေ့ချင်း တင်ပေးလိုက်တာပါ..။
သူကတော့ စောစောက ပြောတဲ့ ပြသနာတွေ ဘာမှ မရှိဘူး သုံးလို့ အဆင်ပြေပါတယ်..။
စမ်းသုံးကြည့်ကြပါခင်ဗျာ..။
ဝင်ပုံဝင်နည်းကတော့ သိကြမှာပါ..။ ရှင်းပြမနေတော့ဘူး..။ မရှင်းရင်တော့ ပြောပေါ့နော..။
အောက်ကလင့်ခ်ကို သွားလိုက်ပါနော..။
ရွှေနိုင်ငံက ဘလော့ဂါများ အဆင်ပြေပါစေ..။


https://kproxy.com <==== ဒီလင့်ခ် ခင်ဗျ..။ သုံးကြည့်နော်..။


အားလုံးကိုလေးစားလျက်
...နတ်ဆိုးလေး........

0 Response for the "Proxy ကောင်းကောင်းလေး"