• Emotion Exit

    poem book
    နတ်ဆိုးလေးရဲ့ ဒီဘလော့ဂ်မှာ ဖော်ပြပြီးဖြစ်တဲ့ ကဗျာ လေးတွေကို စုစည်းပြီးတော့ ဖန်တီးထားတဲ့ ကဗျာစာအုပ်ကလေးပါ.။ ကဗျာ ၀ါသနာအိုးများအတွက် မျှဝေလိုက်ပါတယ်..။
    ပုံကိုကလစ်လိုက်နော်

အိပ်မက် အကြောင်းပြောလိုက်ရင် ဘော်ဒါတို့ အရင် နတ်နတ် နေ့ခင်းကြောင်းတောင် အိပ်မက်မက်ဖူးတာ မှတ်မိကြမလားပဲ..။ နတ်နတ် အိပ်မက်တွေက အဆန်းကြီးပဲ..။ မက်လိုက်ရင် အမြင့်ကြီးတွေချည်း တက်တက် မက်လွန်းလို့ ဒုက္ခတွေ ရောက်နေတာ..။ ဘာတွေ မှန်းလဲ မသိဘူး..။ ပြီးတော့ ဟုတ်တိပတ်တိလဲ တစ်ခုမှ မပါဘူး..။ နှစ်လုံး သုံးလုံးသမားတွေလို အတိတ်ကောက်လို့ ရရင်လဲ တော်သေးရဲ့..။ ပြောချင်တာတော့ အဲဒီ အိပ်မက်အကြောင်းပြောမှာ..။ ဒါပေမယ့် ခဏလေး အဲဒီ အိပ်မက်ကို ခေါက်ထားလိုက်ဦးမယ်..။ ပြောစရာ ရှိလို့..။ နတ်နတ်လေ ပို့စ်မတင်တာကြာပြီ. မျှော်တဲ့လူလဲ မျှော်မှာပေါ့..။ ဟုတ်ကဲ့..။ မအားလို့ပါခင်ဗျာ..။ ဘာတွေ မအားတာလဲ.။ ဟုတ်ကဲ့ ပြောပါ့မယ်.။ နတ်နတ် အလုပ်ပြောင်းချင်လို့ အဲဒါလေး သွားသွားစုံစမ်းနေရတယ်..။ အင်စထရက်တာ လုပ်ချင်တာဗျ..။ နောက်လလောက်ဆို ပြောင်းဖြစ်မယ်ထင်တယ်..။ အဲဒါလေး တစ်ခု ..။ နောက်တစ်ခုက ဗိုင်းရပ်စ်ပါ..။ နာမည်ကြီးပါတယ်. ဘာတဲ့ မကွေးအက်ဖ်စီ ဆိုတဲ့ကောင် .. အတော့်ကို အဖြေအနေ ဆိုးဆိုးဝါးဝါး အကိုက်ခံလိုက်ရတာ..။ အဲဒါလေးတွေ တစ်ချက် သုတ်သင်နေရတယ်.။ အဲဒါတစ်ခု .. နောက်တစ်ခု ရှိသေးတယ် .. အဲဒါ အရေးကြီးတယ်..။ ပြောပြမယ်..။ နတ်နတ် ကောင်မလေး က နတ်နတ်ကို စိတ်ဆိုးနေတယ်..။ ဘယ်ကောင်မလေးလဲဆိုတော့ ၅ ယောက်မြောက်လား ၆ ယောက်မြောက်လားမသိဘူး.။ သိပ်တော့ မသေချာဘူး..။ ဝေေ၀၀ါးဝါးပဲ..။ အဲ ကောင်မလေးက ဘာမှလဲ မဟုတ်ပဲနဲ့ ဗျာ.. ကျွန်တော်နဲ့ချိန်းတာ ကန်တော်ကြီးမှာ .. အဲဒါကိုဗျာ ကျွန်တော်လာတာ ၃ နာရီနောက်ကျလို့တဲ့ .. ကိုင်း..။ ၃ နာရီဗျာ. ဘာကြာတာမှတ်လို့..။ အိပ်စောင့်ရင် လေးငါးခါလောက်တောင် အိပ်ပျော်သေးတယ်..။ ကျွန်တော့်မှာက ဦးပိန်မှာ တစ်ယောက်ချိန်း.. ကျုံးဘေးမှာ တစ်ယောက်တွေ့ .. ရွှေဘဲမှာ တစ်ယောက်နဲ့ ညစာစားပြီးမှ လာရတာကို.. ဒါလေးတောင် နားလည် မပေးနိုင်ဘူးလား..။ တစ်နေ့ ၂၄ နာရီ ရှိတာ ၃ နာရီထဲ စောင့်ရတာ ဘာဖြစ်တာမှတ်လို့ .. ဟုတ်ဘူးလာ.း...။ ထားလိုက်တော့ အိပ်မက်ကလေးပျောက်သွားလိမ့်မယ်..။ သူ့ကိုနောက်မှချော့မယ်..။ အိပ်မက် မက်ရအောင်..။



အိပ်မက်ထဲကိုရောက်တော့ လူစုလူဝေးကြီးက တစ်စုံတစ်ခု ပျောက်သွားလို့ လိုက်ရှာနေတာကို တွေ့လိုက်ရတယ်..။ တစ်ချက် လူအုပ်ထဲကို အကဲခတ်လိုက်တယ်..။ အိုဗာဆီးက လူတွေတော့ တစ်ယောက်မှ ပါဟန် မတူဘူး..။ ငါတို့ တိုင်းပြည်က လုတွေပဲ ဖြစ်ရမယ်..။ လူတစ်ယောက်က ထ ပြောတယ်.. ။ ဒီမှာ ဒါပဲ တွေ့တယ်.. တဲ့..။ အားလုံးက မော့ကြည့်တယ်.. ။ သူ့လက်ထဲမှာကိုင်ထားတာက အပြာရောင် အ၀ိုင်းလေးပေါ်မှာ အဖြူရောင် ငှက်ရုပ်ကလေး..။ ကျန်တဲ့လူတွေက အသိအမှတ်ပြုရုံပြုပြီး ဆက်ရှာနေကြတယ်..။ နောက် ၅ နာရီ ၆ နာရီ တော်တော်လေး ကြာသွားတော့မှ သက်ပြင်းကိုယ်စီချပြီးတော့
မတွေ့ဘူးကွာလို့ ညည်းပြီး ပထမလူတွေ့တဲ့ ငှက်ရုပ်ကို ပွားယူသွားကြတယ်..။ ကျွန်တော်လဲ သိချင်တာနဲ့ အဲဒီလူကို သွားမေးကြည့်တယ်..။

အဲဒါဘာလဲ........?????
ဖရီးဂိတ်..............
သူတို့က ဘာရှာတာလဲ.....?????
ပရောက်စီ
မတူဘူးလား ဒါနဲ့ ................???????
တူတော့တူတယ် ကွာလတီကွာတယ်..
ဘယ်ဟာက ပိုကောင်းလဲ..........?????
ခု ရှာမတွေ့တဲ့ဟာ က ပိုကောင်းတယ်.
ခင်ဗျားတို့က ဘာတွေလဲ........?????
ဘလော့ဂါ..... ဘလော့ဂါ..


နည်းနည်းတော့ စိတ်ကုန်သွားတယ်.. အိပ်မက်တောင်ဆက်မက်ချင်စိတ်မရှိတော့ဘူး..။ ဒါပေမယ့် အရှိန်လေးနဲ့တော့ လိမ့်သွားတယ်..။
အသိတစ်ချက်လွတ်သွားတယ်..။ ပြီးတော့ ရီဝေေ၀ ဖြစ်သွားတယ်.။
ဟင်.. ငါ အရက်တွေ သောက်ထားတာပဲ..။ ရှေ့ကိုကြည့်လိုက်တယ်..။ စားပွဲပေါ်မှာ...
ဘလူးလေဘယ်........
မာလ်ဘိုရို........
ဘဲကင်...........

ဘုရား ဘုရား ဒါတွေ ငါမှာစားထားတာလား..။ ကုန်ပါပြီ..။
အသံတစ်ခု ကြားလိုက်တယ်.. ဘေးက ..။

ငါ အများကြီးမျှော်လင့်ထားတာပါကွာ........ တဲ့
ကျွန်တော့် ပုခုံးကိုလဲ လာဖက်ပြီး ငိုသေးတယ်ဗျ..။
ဟိုက် သေစမ်းဟ ..။ ဘယ်သူတိုက်တဲ့ ကြေကွဲဝိုင်းလဲ မသိဘူး..။ လူကိုဖက်ပြီး ကြေကွဲနေတယ်။
ဘယ်သူပါလိမ့် .. မှန်းစမ်း..။
ငါ မျှော်လင့်ထားသမျှတွေ အလကားပဲ...

ဟော လုပ်ပြန်ပြီ...
ငါ့ကို ရက်စက်ကြတယ်ကွာ...

ဘယ်သူကတုန်း.. ကျွန်တော်လဲ မနေနိုင်ဘုး မေးရပြီ..။
မက်ဆီတို့ တီဗက် တို့ပေါ့ကွာ ငါ့ကိုလုပ်ရက်တယ်... အီးဟီးဟီး...
ဘုရားရေ တကယ် ငိုတာပါလားဟ.. ကြည့်စမ်း ဘယ်သူလဲ... မှန်း...........
ရီဝေေ၀ ဖြစ်နေတဲ့ကြားက မြင်လိုက်ရတာကတော့

ဟိုက်... မာရာဒိုနာ ကြီးပါလား

........................................................................................................

အိပ်မက်က လန့်နိုးတော့ လမ်းဘက်က ဘောပွဲပြန် တစ်သိုက်ရဲ့ အသံကြားလိုက်ရတယ်..

အာဂျင်တီးနား စုတ်ပြတ်သတ်နေတာပဲ... တဲ့..

မာရာဒိုနာရေ အိမ်အပြန်လမ်း.. ဖြောင့်ဖြူးပါစေနော်..။

7 Response for the "နတ်နတ် အိပ်မက်မက်ပြန်ပြီ.."

  1. ကောင်းပ မာရာဒိုနာကြီးတောင်အလွတ်မပေးပါလား

  2. နတ်ဆိုးလေး ရေ

    မာရာဒိုနာ က ရက်စက် မတ်စိ က မထေ့မဲ့မြင့်ပြု ပရုတ်ဆီ က မျက်စေထဲဝင် စိတ်ညစ်တယ် စိတ်ညစ်တယ်

  3. နတ်နတ်ရေ....ဘရာဇီးက နှိပ်စက်လိုက်၊အာဂျင်တီးနားက
    နှိပ်စက်လိုက်နဲ့ အိပ်ပျက်ညတွေများလှပေါ့

  4. နတ်ဆိုးလေးရေ..
    ပရောက်စီရှာတဲ့ လူတွေထဲမှာ ငါလဲပါတယ်မလားးးး။
    မာရာဒိုနာကြီး သနားပါတယ်..
    နတ်နတ် တို့ကတော့ မက်လိုက်ရင်....

  5. ဟိုဘလော်ကာအမျိုးသမီး ကအကုန်ပါချင်နေတာသိလား
    ဟိုနေရာပါချင် ၊ဒီနေရာပါချင်နဲ့ ကြည့်လို့ကိုမရဘူး ဟွမ်း
    ကြည့်လုပ်ကြနော် ဟွန်း

  6. အမိုက်စားပဲ
    တကယ့် အကောင်ကိုတောင် အိပ်မက်ထဲ ထဲ့မက်နိုင်တယ်။
    အားကျတယ်။

  7. ကောင်း...

    ညီလေးရေ..မာရာဒိုနာကြီးက ငါ့ဆီကပြန်သွားပီ
    ညီ့ဆီမှာ ထပ်ချတယ်ထင်တယ်..
    ဒီကောင် တော်တော်ဆိုးးးး)))

    ညီညီ(လောကမီးအိမ်)