• Emotion Exit

    poem book
    နတ်ဆိုးလေးရဲ့ ဒီဘလော့ဂ်မှာ ဖော်ပြပြီးဖြစ်တဲ့ ကဗျာ လေးတွေကို စုစည်းပြီးတော့ ဖန်တီးထားတဲ့ ကဗျာစာအုပ်ကလေးပါ.။ ကဗျာ ၀ါသနာအိုးများအတွက် မျှဝေလိုက်ပါတယ်..။
    ပုံကိုကလစ်လိုက်နော်

လောကကြီးက တောင်ကြည့်မြောက်ကြည့်နဲ့
ပတ်ဝန်းကျင်လို့ ထအော်ပြီး
ဗျာများနေလေရဲ့..။

ဘယ်သူမှ အမှားမကင်းကြဘူး.
ဒါပေမယ့်.. ဘယ်သူမှလဲ
အမှားတွေကို ရင်မဆိုင်ကြဘူး..။

ဘယ်နားမှာလဲ ဂုဏ်သိက္ခာ
ငါမြင်တာတော့  လိမ်ညာဟန်ဆောင်မှုတွေ
လူတွေ အမှန်တရားဘက်မှာ မရှိကြတော့ဘူး..။

ပတ်ဝန်းကျင်ကို မျက်နှာဖုံးပြ
ကျကျနန လူတောတိုးနေကြတာ
မုန်းစရာကောင်းလောက်အောင် မြင်နေရ....။

ငါ့အတွက်တော့ လောကကြီးရေ
ပေါက်ဖော်ကြီး ကီမိုနိုဝတ်ပေးထားသလို
ဘိုသီဘတ်သီနဲ့ ကြည့်လို့ကို အဆင်မပြေဘူးကွယ်..။

တကယ်တန်း အမှန်တရားနဲ့ ရင်ဆိုင်ကြကြေးဆို
ကိုယ်တိုင် ပိုင်ဆိုင်တဲ့ အရှိကို ဒီတိုင်းချပြဖို့
ဘယ်သူ့မှာ သတ္တိရှိလဲ...။

ကဲပြောစမ်း.......... မင်းရော
ဟန်ဆောင်မှု တစ်ခုခုကိုများ
မဟားတရား ဖက်တွယ်ထားမိသလား..။

သွားနေတဲ့ ခရီးလမ်းမှာ..
လိမ်ညာမှုတွေက မင်းအတွက်
တော်တော်ကြီး အရေးပါ အရာရောက်သလား..။

မင်းကိုပုတ်ခတ်တဲ့ ပတ်ဝန်းကျင်ကရော
မင်းရဲ့ ရှေ့က လမ်းပေါ်မှာ
တော်တော်ကြီး အနှောင့်အယှက်ဖြစ်လို့လား..။

အပြင်ထွက်လာလိုက်ပါ အပေါင်းအသင်း
မင်းဝင်ထိုင်နေတဲ့ ပုံစံခွက်ထဲမှာ
နေရတာ မညောင်းဘူးလားကွာ...။

လာ သူငယ်ချင်း.
ပွင့်လင်းလွပ်လပ်ဖို့ဆိုတာ
အမှန်တရားနဲ့ အနီးစပ်ဆုံးနေမှ ရမှာ..။

အဲတော့ သူငယ်ချင်း
မင်း ၀တ်ထားတဲ့ ဟန်ဆောင်မှုတွေ
သွားခွာချ ခဲ့လိုက်........။

လောကကြီးရေ...........
ခင်ဗျားရော အဲဒီ အရောင်တွေထဲမှာ ပျော်နေပြီလား..
ဖြစ်နိုင်ရင်တော့ အဲဒီ အရောင်တွေ လာချွတ်ပေးချင်သား...။

ဟေးး
ကမ္ဘာ....................................
ငါ.. ရှင်သန်နေချိန်မှာ အရောင်ပြောင်းပေးပါ..။

တစ်ဆိတ်လောက်
ခဏလေးဖြစ်ဖြစ် လွပ်လပ်ချင်လို့ပါ..................။


........နတ်ဆိုးလေး

6 Response for the "အရောင်ပြောင်းပါ ကမ္ဘာ.."

  1. ခံစားသွားတယ်ဗျား ချစ်ကောင်းသီချင်းလေးကို သတိရမိတယ်.. မာယာတွေ တကယ်ကိုများတဲ့ လောကကြီး.. မာယာဟာ တစ်ကယ်အမှန်တရား.. ကမ္ဘာကြီးတစ်ခုလုံး မာယာနဲ့ ထုသားပေသညးကျသွားပြီ ထင်ပါတယ်ဗျား...
    လေးစားလျက်..

  2. ကောင်းပညီလေး..အရေးအသားလေးမိုက်တယ်..
    ဒီလိုပဲညီရေ... လောကကြီးက မာယာများတယ်..
    သူလဲမာယာများတယ်..ပိတောက်ချစ်သူလဲ
    မာယာများတယ်..အဲဘယ်နားရောက်သွား... .....

    အားပေးနေတယ်..ညီလေး..ညီညီ(လောကမီးအိမ်)

  3. ကြိုက်တယ် အားရှိတယ်ဗျ
    ဒီလိုကဗျာတွေဖတ်ချင်တယ်
    လောကကြီးကို တိုင်တည်ရင်းပေါ့
း)

  4. နတ်ဆိုးလေးရေ....
    ကဗျာလေးကောင်းတယ် ....
    နတ်နတ် က ဘာအရောင်ပြောင်းချင်တာတုန်းးးးးး
း)

  5. အမြဲတန်း လွတ်လပ်ချင်တယ်

    ခင်မင်လျှက်
    ရွှေစင်ဦး

  6. ကိုကိုနတ်စွတ်အော်မနေနဲ့လောကမှာအမှန်တရားရှိတယ်
    ဒီမှာ ရေသောက်ပြီးရင် လူကသေးပေါက်ချင်တတ်တယ်
    အစာစားပြီးပြန်တော့ အီးအီးပါချင်ကြပြန်တယ် ။ အဲ ဒါ အမှန်တရားပေါ့ ဟဲဟဲ လာဖက်သွားပြီ