• Emotion Exit

    poem book
    နတ်ဆိုးလေးရဲ့ ဒီဘလော့ဂ်မှာ ဖော်ပြပြီးဖြစ်တဲ့ ကဗျာ လေးတွေကို စုစည်းပြီးတော့ ဖန်တီးထားတဲ့ ကဗျာစာအုပ်ကလေးပါ.။ ကဗျာ ၀ါသနာအိုးများအတွက် မျှဝေလိုက်ပါတယ်..။
    ပုံကိုကလစ်လိုက်နော်

ဟတ်မထိဘူးဗျို့

Posted by နတ်ဆိုးလေး On Sunday, July 25, 2010 7 ယောက်ရဲ့ စကားသံတွေ

နတ်နတ် သောကြာနေ့က ရုပ်ရှင်ကားသစ်တင်တယ်ဆိုလို့ ဘော်ဒါတွေ အုပ်လိုက်ကြီး သွားကြည့်ကြတာပေါ့..။ ဘယ်ပြောကောင်းမလဲ.။ နတ်နတ်တို့အဖွဲ့က ရုပ်ရှင်ကားတိုင်း တင်တဲ့ရက်မှာ ဦးအောင်ကြည့်တယ်..။ ကြွားချင်လို့ မဟုတ်ဘူးခင်ဗျ.။ လက်မှတ်ရအောင် အလုအယက် ဖြတ်ရတာကို ရင်ခုန်လို့.။ ထားပါတော့..။ ဒီတစ်ပါတ် ကားသစ်တင်ပြီ.။ ဒီဇာတ်ကားက ထရေလာ မှာကတည်းက အတော် နာမည်ကြီးနေတဲ့ကား..။ ဟတ်ထိတယ် တဲ့..။ သိတော်မူကြတဲ့အတိုင်း ဟာသကားလေ..။
မြန်မာနိုင်ငံမှာ ရိုက်စရာ ဒရာမာ ဇာတ်ညွှန်း မရှိတော့ဘူးလားမသိဘူး..။ ဟာသကားတွေချည်းလှိမ့်ရိုက်နေတယ်.။။ လာလိုက်ရင် ဟာသ ဟာသ နဲ့. ကြာရင် ရုပ်ရှင်ပရိတ်သတ် မေးရိုး လွဲသွားမှာတောင် ကြောက်ရတယ် ရယ်ရလွန်းလို့..။ စိတ်ပျက်ဖို့ကောင်းလောက်အောင် မှိုလိုပေါက်နေတဲ့ ဒီ ဟာသကားတွေက ပရိတ်သတ်ကို တစ်ခုခု ပေးနိုင်လားဆိုတော့လဲ ဘာမှ အဖြစ်ရှိအောင် ဆွဲဆောင်နိုင်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေလဲ ပါတာမဟုတ်.။ ဇာတ်လမ်းဇာတ်ကွက် ကမကောင်းဘူုးဆိုတော့ ဘာ special effect တွေနဲ့ ရိုက်ကူးထားလဲဆိုတော့လဲ မဟုတ်ပြန်..။ တစ်ခါလာ ငပလီ.. တစ်ခါလာ ချောင်းသာ တစ်ခါလာ ငွေဆောင် တစ်ခါလာ ကန်တော်ကြီး ကုက္ကိုင်းရေကူုးကန်.. ဘာလဲဗျာ.. အောက်ဒိုးဆိုရင် ဒါရိုက်တာတွေ တစ်ခြားနေရာကို မသွားကြဘူး ..။ ဒီမှာပဲ လာလာစုနေကြတယ်..။ ကမ်းခြေက နယ်ခံတွေကတော့ မျက်စိနောက်ရော့မယ်..။ ပြိးတော့ အင်ဒိုး ရိုက်ရင်လဲ နေရာသိပ်မရှိဘူး..။ ဇာတ်လမ်းဆင်ရင် ခြံပြောင်းတာက တော်တော် ခေတ်စားတယ်..။ ကောင်လေးနေတဲ့ခြံဘေး ကောင်မလေးက ပြောင်းလာ.. ကောင်လေးကကြွေ၊ ကောင်မလေးကမူ၊ ကောင်လေးက စ၊ ကောင်မလေးက စိတ်ဆိုး၊ ကောင်လေးက ဒူးထောက်၊ ကောင်မလေးကသနား ပြီးတော့ ညား..။ ပလုတ်ဗြုန်းဆို ဇာတ်သိမ်းသွားရော..။ ရုပ်ရှင်ဇာတ်ကား တဲ့အဲဒါ..။ တစ်ကားမဟုတ်ဘူး နှစ်ကားမဟုတ်ဘူး. ဇာတ်ကားတိုင်း ဒီလမ်းလိုက်နေတော့လဲ ကြာတော့ ငြီးငွေ့လာတာပေါ့.။ ပြီးတော့ ဇာတ်လမ်းက အနိမ့်အမြင့် အတက်အကျမရှိ . ဘာခံစားချက်မှ မရှိဘူး..။ ဖြောင့်ဖြောင့်စင်းစင်းကြီး ဇာတ်လမ်းစ ဖြောင့်ဖြောင့်ကြီး ရိုက်ကူးပြီး ဖြောင့်ဖြောင့်ကြီးပဲ ဇာတ်သိမ်းသွားတော့..။ ဇာတ်ကားကြီးက ရသမပါတဲ့ အဖြောင့်လိုက်ကြီး ဖြစ်နေတယ်..။

ဥပမာ...
နတ်နတ် ဇာတ်ညွှန်းတစ်ခု ရေးပြမယ်..။


ကိုလှဖေက မမြမေကို
မမြမေရေ ကျွန်တော်တော့ခင်ဗျားကိုချစ်မိနေပြီဗျာ.

မမြမေက
ဟုတ်လား ကျွန်မလဲ ရှင့်အပြောကိုစောင့်နေတာ

ကိုလှဖေ ၀မ်းသာသွား..။
ဟင် ဒါဆို ချစ်တယ်ပေါ့.. လက်ထပ်ကြရအောင်ကွာ..

မမြမေ ပြန်ပြော..။
အဖေတို့ အမေ တို့ဆီ လာတောင်းလေ..။

နောက်နေ့ ကိုလှဖေ လာတောင်း..။
လှဖေ မြမေ ပြိုင်တူပြော..။
သားတို့ သမီးတို့ ရည်ငံနေကြပါပြိ..

အဖေနဲ့ အမေ ပြိုင်တူပြန်ပြော..။
အေး.. အဖေတို့ အမေတို့လဲ သားတို့ သမီးတို့ အပြောစောင့်နေတာ...။
နေ့ကောင်းရက်သာရွေးပြီး ယူကြလေကွယ်.။

အဲဒါနဲ့ လှဖေ မြမေ ညားကြလေသတည်း..။

ကိုင်း... ဇာတ်လမ်းတစ်ပုဒ်က အဲလိုဖြစ်လို့ ရမလား..။ နတ်နတ်ပြောတာ နဲနဲ လွန်သွားပြီ.. အဲလောက်ကြိးတော့ ဘယ်ဇာတ်လမ်းမှ မရိုက်ဘူး.။ ဟုတ်ပါတယ်..။ အဲလိုတော့ မရိုက်ပါဘူး..။ ဒါပေမယ့် ဇာတ်လမ်းက အဖြောင့်ကြီးသွားတယ်လေ.. အနိမ့်အမြင့်အတက်အကျ မရှိဘူး..။ ဒါထက် ဖြောင့်မယ်ဆိုရင် စောစောက နတ်နတ် ပြောတဲ့ ဇာတ်ညွှန်း အတိုင်းသွားမှာပဲ..။ ဘယ်မှာလဲ အနှစ်သာရ..။ ဘယ်မှာလဲ ရသ..။ တစ်ဟီးဟီး တစ်ဟားဟားနဲ့ ဘာအဓိပ္ပါယ်မှ မရှိတဲ့ အကြောင်းအရာတွေ . လက်တွေ့ဘ၀နဲ့ ဘယ်လိုမှ မသက်ဆိုင်တဲ့ အကြောင်းအရာတွေကို အူတက်အောင် ရယ်ပြီး ပြန်လာရတာကိုပဲ ရသ လို့ ခေါ်သလား..။ တစ်ခြားခံစားလို့ရတဲ့ အကြောင်းအရာတွေ ပရိတ်သတ်ကို ပေးလို့ ရတဲ့ massage တွေ အများကြီး ပေးလို့ ရတယ်..။
ဒါရိုက်တာက ဇာတ်ကားနာမည်လေးနဲ့ ပရိတ်သတ်ကို မျှားခေါ်သွား..။ ဇာတ်လမ်းထဲ ကောက်ကောက်ပါလာမှ မထူးဇာတ်ခင်း.. မနေ့က အရာကြီး ဒီနေ့ ဘာဘူကြီး .ကြားထဲမှာဇာတ်ဝင်သီချင်းလေး ကို ခပ်မြူးမြုးလေးလုပ်ပြီး မြှူဆွယ်မယ်..။ မြင်နေတွေ့နေကျ ဟာသပြကွက်တွေနဲ့ ပရိတ်သတ်ကို အတင်း ကလိထိုးမယ်..။ ပြီးရင် ၀ုန်းဒိုင်းဆို ဇာတ်သိမ်းပြီး ပရိတ်သတ်ကို ပြန်လွှတ်မယ်..။ ဒါပဲ.။ ပရိတ်သတ်ဆိုတာ ဒီကားကြီး ကြည့်ပြီး ပြီးတဲ့နေရာမှာပဲ ကျန်ခဲ့ပြီ..။ ရင်ထဲမှာ စွဲသွားပါတယ်ဆိုတဲ့ ဇာတ်ကား.. ဘာရှိလဲ..။ ဘာမှ မရှိဘူး..။ အရင်တုန်းက သူ့ကျွန်မခံပြီ တို့ သင်္ကြန်မိုးတို့ဆို ကောင်းပါ့ဗျာ.။ မြန်မာကားထဲမှာ နတ်နတ် စွဲတာ သူ့ကျွန်မခံပြီ တစ်ကားပဲရှိတယ်.။ မြန်မာ့ရုပ်ရှင် အဆင့်အတန်းက မြင့်တက်မလာဘူးဖြစ်နေတယ်..။
နတ်နတ် က ဘော်ဒါတွေနဲ့ သွားနေရရင် ပျော်လို့သာ ဒီ ဟာသကားကြီးတွေကို ကြည့်နေတာ.။ စိတ်ထဲမှာက အရမ်းမုန်းနေပြီ.။ နိုင်ငံခြားကားတွေပဲ ကြည့်နေရတယ်.။ နိုင်ငံခြားကကျတော့ ဘယ်သူမှ ခေါ်လို့မရဘူး.။ နတ်နတ် တစ်ယောက်တည်းသွားသွားကြည့်ရတာ..။ မဖြစ်သေးပါဘူး. နိုင်ငံခြားကားကြိုက်တတ်တဲ့ ရည်းစားလေးတစ်ယောက်တော့ရှာဦးမှပါ....။ ဟဲဟဲ။။


အားလုံးကိုလေးစားလျက်
....နတ်ဆိုးလေး....

7 Response for the "ဟတ်မထိဘူးဗျို့"

  1. နတ်ဆိုးလေး ရေ

    ရိုက်သူ အပြစ်မရှိ ကြည့်သူမှာသာ အပြစ်ရှိ
    ကဲ ကြည့်သူများ ကျောတရာ ရင်တရာ ကြိမ်ဒဏ် အချက်၁၀၀ ရိုက်လို့ နတ်ပြည် နှင်စေဗျာ

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

  2. ဟင်း ကြည့်တာနည်းနည်း ဝေဖန်တာနည်းနည်း ရည်းချားလိုချင်လို့ ကြေငြာတင်တွားဒါ တိနေဒယ်နော်

  3. အဲ..သူများကျ အဖော်ရှာလို့ .. ရုပ်ရှင်ဆိုလို့ ဘယ်ရုံမှာကြည့်တာတုန်း .. မာရ်နတ်ခေါ်ပီး သွားချောင်းမယ် .. ဟီ
    ညီညီ(လောကမီးအိမ်)

  4. Anonymous says:

    မောင်နတ်ဆိုး....စိတ်ဒုက္ခခံပြီး မြန်မာကားတွေ မကြည့်ပါနဲ့ကွယ်။ ဦးဦးဆိုရင် အိမ်မှာ အခွေငှားဆိုင်ဖွင့်ထားတာ။ မြန်မာကားကို ငှားတဲ့သူရှိနေလို့သာ ဆိုင်မှာတင်ထားရတာ။ ဦးဦးကတော့ လုံးဝမကြည့်။

  5. တို့ကတော့ တို့ကတော့ အကုသိုလ်ဝင်လွန်းလို့ မကြည့်ပါး) မြန်မာကားလောက်ဆိုးရွားတာ မြန်မာရုပ်ရှင်ဗီဒီယိုတွေပဲရှိး)

  6. Unknown says:

    နတ်နတ်ပြောတာ ထောက်ခံတယ်ဗျို့... မြန်မာကားမှာ ကောင်လေးနဲ့ ကောင်မလေးနဲ့တွေ့ တစ်ယောက်နဲ့တစ်ယောက် ကြည့်မရ.. ရန်တွေ့ဖြစ်.. ပြီးတော့သူတို့ပဲ ကြိုက်... ကြိုက်တော့ မိဘကသမိုင်းကြောင်း အမျိုးမျိုးကြောင့် သဘောမတူ.. မင်းသားနဲ့ မင်းသမီးဆွေး... သီချင်းလေး ၅မိနစ်လောက်လာ.. ငိုပြ.. ပြီးတော့ ဝုန်းဆို မျက်လှည့်ပြသလိုကြီးညားသွားရော... အဟက်ဟက်... ဟက်ထိတယ်တော့ မကြည့်ရသေးဘူး.. ဒါပေမယ့် ဒီတိုင်းပဲ နေမှာ... ပြီးတော့ ရှိသေးတယ်... နောက်ဆုံးအခန်းကျရင် ရုပ်ရှင်ထဲက ရှိသမျှလူတွေက မင်းသားနဲ့မင်းသမီး အကြည်ဆိုက်နေတုန်း ဗြုန်းဆိုပေါ်လာတာ.. ဟိဟိ... မန့်တာ ရှည်သွားတယ်... နတ်နတ်ပြောတာတွေ ပြောချင်နေတာ.. စိတ်ကူးရပြီး မရေးအားသေးလို့ comment ပေးရင်း complaint ပါတက်သွားတယ်.. ကွိကွိ.

  7. နတ် ကြည့်လာတဲ့ ကား
    ဟတ် မထိဘူးလား
    ဓါတ် သိတွေကိုလက်တို့ပြောလိုက်မယ်
    နိုင်ငံခြားကားကြိုက်မယ့် ကောင်မလေးတစ်ယောက် ရှာနေတာကိုးး။