နတ်နတ် ခရီးထွက်နေတာနဲ့ ဘလော့နဲ့က တော်တော်ကြီးကို အဆက်ပြတ်သွားတယ်..။ ဆရာမ မရွှေဇင်ဦးကဆို ကျွန်တော့်ကို ဘလော့ဂါ ဘ၀ ကနေ ပင်စင်ယူသွားပြီကို ထင်နေတာတဲ့..။ မယူပါဘူး..။ နတ်နတ်အသက် ၁၉ နှစ်ပဲ ရှိသေးတယ်။ သူများတွေလို ၇၀ကျော် ၈၀ နားနီးမှ ပင်စင်ယူမှာ စိတ်ချ..။ စိတ်နာနာနဲ့ကို ရေးနေဦးမှာ..။ ခုလဲ ပရုပ်ဆီက မရဘူး..။ ကျွန်တော် ခရီးထွက်တဲ့ အချိန်လေးတင်ကို အတော်ကြီး အခြေအနေက ဆိုးဝါးသွားတာ..။ ပရုပ်ဆီမှ မရပါဘူးဆို သတင်းကြေညာသလိုလို အတင်းတုတ်သလိုလိုနဲ့ လူကို အုန်းဆီ လာလိမ်းပေးတဲ့လူကရှိသေးတယ်.။ ဟီးဟီး..။ ထားလိုက်ပါတော့..။
ခုတော့ ရွှေနိုင်ငံရဲ့ ပင်တိုင်ပရုပ်ဆီဘူးကြီးဖြစ်တဲ့ freegate ကို အသုံးပြုပြီးသကာလ ပို့စ်တစ်ခု တင်နိုင်အောင် ဖျစ်ညှစ်ပြီးရေးလိုက်ပါတယ်..။ ဘာရေးမယ်လို့လဲ စီစဉ်မထားလေတော့ နတ်နတ် ရဲ့ ခရီးသွားတောလားကြီးကိုပဲ ရေးပါမယ်..။ ဖတ်ချင်လဲ ဖတ် မဖတ်ချင်လဲ ဖတ်ကြပေါ့နော..။
နတ်နတ်ရဲ့ ငယ်မပေါင်းကြီးဖော်ကြီး တစ်ယောက်ရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေကို လိုက်သွားတုန်းကပေါ့..။ သူကလဲ အဆွယ်ကောင်းတယ်ဗျ..။ နတ်နတ်ကို ကစော်နဲ့ မျှားခေါ်တာ..။ ဒီကကောင်ကလဲ ငေါက်ငေါက်ပါအောင်လိုက်သွားတာ.။ ထန်းရည်ကောင်းတယ် ဆိုတာကိုး..။ မုံရွာ ဟိုဘက် ပုလဲနယ်ထဲက ရွာတစ်ရွာ ပါ..။ ကိုင်းတွင်းတဲ့..။ ကားက ကိုင်းတွင်းထိမရောက်ဘူုးဗျ.။ သူ့ရှေ့မှာ မင်းတိုင်ပင် ဆိုတဲ့ရွာကို ရောက်တယ်.။ အဲဒီကမှ ကွေ့ကွေ့ကောက်ကောက် တောလမ်းတစ်လျှောက် ဆိုင်ကယ် ၁၅ မိနစ်လောက် မူးနောက်နေအောင်စီးပြီးရင် ကိုင်းတွင်းကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ပါတယ် ခင်ဗျ..။ စောစောက ကားဂိတ်ဆုံးတဲ့ မင်းတိုင်ပင်မှာ ဘော်ဒါ အပေါင်းအသင်းက ပိုပေါတယ်..။ နတ်နတ် အပေါင်းအသင်းတစ်ယောက်က အဲဒီမင်းတိုင်ပင်က ဘီယာဆိုင်က တစ်ယောက်ပါတယ်လေ..။ သူက one table တာဝန်ခံထားတယ်..။ ( 0ne table တာဝန်ခံဖို့ရာ ကို တော်တော် နားချလိုက်ရတယ်.. သူက ကောင်မလေးဆိုတော့ သိပ် တိုက်ချင်တာ မဟုတ်ဘူး..) ထားတော့..။ ကိုင်းတွင်းကို ရောက်တော့ ညနေ ၄ နာရီလောက်ရှိသွားပြီ..။ အဲမှာ ကိုယ့်ဆြာသမားက ရေမိုးချိုးတဲ့ပြီး ၀ူးဆို ဆိုင်ကယ်လေးနဲ့ ထွက်သွားပြီး ပြန်ရောက်လာတော့ လက်မလေးထောင်တဲ့ပြီး ဟေ့ကောင် တစ်မြူမှာခဲ့ပြီ တဲ့..။ ကိုယ့်မတော့ ဟုတ်လှပါလား အောင့်မေ့တာ ပြီးတော့ ဟုတ်လဲ ဟုတ်ဘူး.. ။ နောက်နေ့မှတဲ့..။ ငုတ်တုတ်ကိုမေ့ရော..။ အဲဒီတစ်ည ထန်းရည်ကိစ္စ စိတ်ဒုန်းဒုန်းချပြီး ဆြာသမားရဲ့ ရပ်ဆွေရပ်မျိုးတွေဆီ သွားလည်ပါတယ်..။ မိတ်ဆက်ပေးပါတယ်ခင်ဗျ...။ ဟုတ်ကဲ့ ရွာဆိုတဲ့အတိုင်းပဲ ရွာလုံးသာကျွတ်သွားတယ်.။ သူ့အမျိုး မကုန်ဘူး ခင်ညာ..။ သွားဦးမလား မေးတော့ အောင်မလေး တော်ပါတော့ ဆြာရယ် ညောင်းလှပါပြီပြောမှ ချစ်ကြည်ရေး မိတ်ဆက်ခြင်းကိစ္စ နိတ္တိတံသွားတော့တယ်။။ တစ်ခုတော့ရှိတယ်ဗျ... တစ်အိမ်ဝင် တစ်ခွက်ချတည်လိုက်တဲ့ မုန့်တွေက တစ်နပ်စာ ဖူလုံတယ်ခင်ဗျ..။
နောက်တစ်နေ့ မနက် ကျတော့ ၇ နာရီ အိပ်ရာထတယ်ခင်ဗျ..။ စောလှပြီမှတ်တာ ရွာထဲမှာ နတ်နတ် နောက်ဆုံးနိုးတာတဲ့ ခင်ဗျာ..။ အဲဒါနဲ့ မျက်နှာသစ် ထမင်းကြမ်းစား ရေမိုးချိုးပြီး.. ကားဂိတ်ဆုံးခဲ့တဲ့ မင်းတိုင်ပင်ဆီကို ပြန်လည်ချီတက်တယ်ခင်ဗျာ..။ အဲဒီမှာ အပေါင်းအသင်းတွေ ပေါတယ်ခင်ဗျ..။ ရှိသမျှ အပေါင်းအသင်းတွေ စုပြီး လက်ဖက်ရည်ဆိုင်မှာ လေကန်နေလိုက်ကြတာ... ၁၁ နာရီလောက်ကနေ ၂နာရီခွဲသွားတယ်။ လူစုလဲ ကွဲသွားရော မိုးလေးအုံ့လာတာနဲ့ ကိုယ့်နေရာကိုယ် ပြန်နေရာယူလိုက်ကြတယ်..။ မိုးကလဲ မညှာမတာ ရွာတယ်ခင်ဗျ..။ ၅ နာရီလောက်ကျတော့ မိုးစဲစဲချင်း one table စေတနာရှင်လေးဆီကိုသွားပြီး အပီအပြင် ဆွဲပါတယ်ခင်ညာ..။ ဟုတ်ကဲ့..။ ထမင်း ဘူဖေး တစ်ပွဲနဲ့ ဘီယာ သုံးခွက်စီ သုံးဆောင်ကြတယ်..။ သူငယ်ချင်းမလေး ကလဲ သဘောကောင်းရှာပါတယ်..။ မငြီးမငြူပဲ အပြုံးမပျက်ပဲ ကျွေးမွေးရှာပါတယ်..။ ၇ နာရီလောက်ရောက်တော့ ကိုင်းတွင်းကို ပြန်ဖို့ ကိစ္စ ပြသနာတက်ပါလေရော..။ မိုးကြိး ရွာထားတော့ မင်းတိုင်ပင်-ကိုင်းတွင်း လမ်းကလဲ နေပူတော် က ကွန်ကရစ်လမ်းတွေ မဟုတ်လေတော့ နတ်နတ်တို့ အတော့ကို ပင်ပင်ပန်းပန်း ကြိုးစား အားထုတ်ပြီး ပြန်လိုက်ရတယ်ခင်ညာ.။ ဆိုင်ကယ်က ကိုယ့်ကို ပြန်မစီးရုံတစ်မယ်ပေါ့..။ ၇ နာရီလောက်က ပြန်တာ ၁၅ မနစ်လောက်ကြာရမယ့်ခရီးကို ၁ နာရီ ကျော်ကျော်လောက် သွားလိုက်ရတယ်ခင်ဗျ..။ ဆင်းတွန်းလိုက် တက်စီးလိုက်နဲ့..။ ထားတော့ ရောက်သွားပြီပဲထားပါတော့.။
အဲဒီမှာ ဇာတ်ရှီန်တက်တာပဲ..။ ကိုင်းတွင်းရောက်တာနဲ့ ထန်းရည်ဆိုင်က နတ်နတ်တို့ကို ဆီးကြိုနေတယ်ခင်ညာ..။ မြူအိုးလေးမြင်မှ ပဲ အမောကို ပြေသွားတာပဲ..။ သောက်ရတဲ့ ထန်းရည်က ဒီကောင် အပြောထက်တောင် ပိုကောင်းသေး..။ ရွှေမန်းက မြန်မာ ဘီယာတို့ ဒဂုံတို့ဆိုတာ ကိုင်းတွင်း ထန်းရည်က တက်မလာနဲ့ တောက်ချပစ်မယ်ဆိုတဲ့ အထဲကပဲ..။ တနားဒယ်လို့....။ ရယ်လိုက်မောလိုက် ပြောလိုက်ဆိုလိုက်နဲ့ ထန်းရည်ကလဲ သောက်လို့ကောင်း ရွာသားတွေကလဲ ခင်ဖို့ကောင်း ဆိုတော့ အဲဒီည က တော်တော် လေး ပျော်ဖို့ ကောင်းခဲ့တယ်ခင်ဗျ.။ သူများဆီဆိုတော့ ရွှေမန်းမှာလို့ ပတ်မရမ်းရဲဘူးဗျ.။ မတော် ပတ်တီး တန်းလန်းနဲ့ ပြန်နေရမှာ..။။ ဟီးဟီး..။ မနက် ၄ နာရီထပြန်ရမယ်ဆိုတော့ ည ၁၂ လောက်လဲရောက်ရော မအိပ်ချင်လဲ နတ်နတ်တို့ မှိတ်ကြိတ်အိပ် ခဲ့ရတယ်..။ ဒါတောင် မနက်ကျတော့ အပြန်ကားကို မီရုံလေးရယ်..။
ကိုင်း နတ်နတ်ရဲ့ ခရီးသွားတောလားကြီးကတော့ ဒီမျှပါပဲ..။ နောက်လဲ လမ်းကြုံကြုံ မကြုံ ကြုံ အလည် လိုက်ပါဦးမယ်. ကိုင်းတွင်းသား ဘော်ဘော်ရေ..။
နတ်နတ် ကဗျာတွေ ရေးနေပါတယ်..ခင်ညာ..။ ပြောဖို့ ပုံပြင်တွေရှာနေပါတယ်.။ နတ်နတ် ဘလော့ဂါ လောကက နေ အနားမယူသေးပါဘူး..။ ရေးဦးမှာပါ ..။
အားလုံးကိုလေးစားလျက်
......နတ်ဆိုးလေး......
Categories:
အခြား
,
ရောက်တတ်ရာရာ

Subscribe to:
Post Comments (Atom)
နတ်ဆိုးလေး ရေ
ကိုင်းတွင်း ထန်းရေ တော့ စိတ်ဝင်စားသား ရွှေပြည်ကြီးမှာ နေတော့ ဒီလိုဘဲ ဒုက္ခခံပြီး စာတွေရေးရမှာပေါ့ ပိုစ် အသစ်လေး တင်တဲ့ အတွက် ကျေးဇူးပါ... ငါ့ဟဲ့... နတ်ဆိုးလေး
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ညကကွန်မက်မရေးနိုင်တော့လို့မနက်မှလာရေးတယ်
ငှဲငှဲ ရွှေပြည်ပြန်လာရင်တော့ မန်းလေးမှာ လာကဲရင်ကောင်းမလား ထန်းရည်တို့ဘီဘီတို့ဆို မာရ်နတ်က ကြည့်တောင်မကြည့်ဘူး တစ်ခါတည်းမော့တာ အဟီး
နတ်သဘင် အစည်းအဝေးသွားသလား အောက်မေ့တာ....
ခုမှ ကျွဲခိုးပေါ်တော့တယ်...
အားပါး .. ငါညီ့ကအတော်ကစ်သကိုး ..
အင်း ..အင်း..ကိုယ့်လည့်တကျိုက်လောက်လုပ်ပါအုံးကွ..
ထ ထန်းရည်ကတော့ အကြိုက်ဖြစ်ခဲ့ပေမယ့် ခုတော့
ဝေးရပီးလေး ... နာ့တွက် ပိုတောက် တိရား..
ညီညီ
ကိုရွှေနတ်...နာမည် နဲ့လိုက်အောင်ကို မောင်ရင် အတော်ဆိုးပါလား....ဒီမှာ မြန်မာပြည်က ဟာတွေအကုန်ရ
တယ်.... ထရေပဲ မရတာ....ဒီရောက်ကတည်းက မေ့ချင်
ယောင်ဆောင်ထားရတာတွေ...မောင်ရင်လုပ်လို့ သတိရ
ကုန်ပြီ..။
ပျောက်နေတာထန်းတောထဲရောက်နေတာကိုးးးး
ကဗျာကိုမျှော်နေပါတယ်နတ်ရေ
ခင်တဲ့
သဒ္ဓါ
နတ်ဆိုးလေးရေ ကျွန်တော်က အဲဒါကို ဝေရာမဏိ ထားတာ ကြာပီဗျ။
အင်း ဂလု၊ ဂလု။
ခင်းဗျားက စိတ်ကို လာဆွတယ် အရှေ့ မှာ သောက်ပြရင်တောင် ဂလု ဖြစ်မှာမဟုတ်ဘူး ဂလု။
ပါးစပ်ထဲမှာ တံတွေးတောင်ကျန် ရဲ့လားမသိ ဂလု။ )
ကဗျာတွေ များများရေးပါဗျာ ။ ပုံပြင်တွေ ဘာတွေသိပ်မလုပ်နဲ့။(ကျွန်တော့သဘောသက်သက်ပါ၊စိတ်မရှိနဲ့)
ခင်ဗျားအတွးလေးတွေက လှတယ်။
အတိုလေးတွေကလည်း တွေးခေါ်ပုံလေးတွေ တအားကောင်းတယ်။