• Emotion Exit

    poem book
    နတ်ဆိုးလေးရဲ့ ဒီဘလော့ဂ်မှာ ဖော်ပြပြီးဖြစ်တဲ့ ကဗျာ လေးတွေကို စုစည်းပြီးတော့ ဖန်တီးထားတဲ့ ကဗျာစာအုပ်ကလေးပါ.။ ကဗျာ ၀ါသနာအိုးများအတွက် မျှဝေလိုက်ပါတယ်..။
    ပုံကိုကလစ်လိုက်နော်

ခက်တယ်နော်
မျှော်ရတဲ့ကိစ္စ
ဘ၀င်မကျတဲ့ငါ
ဘာကြောင့်ခုမှ သာယာနေမိပါလိမ့်။

ရှိစုရှိမဲ့
ယိုင်နဲ့နဲ့ သတ္တိတွေကလဲ
ဝဲခါနေတဲ့ သူ့ဆံနွယ်နောက်ကနေ
ခြေတိုအောင်လိုက်ပြောဖို့ (လုံလုံလောက်လောက်) မကောင်းဘူးကွာ

လာရာလမ်းတစ်လျှောက်မှာ
ငါ... ငေးမောကြည့်တဲ့ အဖြစ်ကို
မလိုတမာ မတုံ့ပြန်ပဲ
နဲနဲလေးပြုံးပြသွားတယ်
(လှလိုက်တာ...)

ဘာကိုမျှော်လင့်ရမှာလဲ
စွဲစွဲမြဲမြဲ ရင်ခုန်မိတဲ့သူ
ကြည်ကြည်ဖြူဖြူတုံ့ပြန်အောင်လဲ
အသည်းထဲက မတောင်းဆိုဘူး

ရူးလောက်အောင် စွဲလန်းတယ်ဆိုပေမယ့်
သူ့ရဲ့ ခါးသီးတဲ့အမုန်းကိုလဲ
အလဲအကွဲ ခံစားပြီးတော့
မငြင်းဆန်ရဲဘူး..(သူကျေနပ်ရင်ပေါ့).။

ထားပါလေ
တေလေတစ်ယောက်ရဲ့ဘ၀မှာ
ချိုသာတဲ့ သူ့အပြုံးက ခမ်းနားလွန်းပါတယ်
(ကြည့်လေ.. အဲလိုလေးသူပြုံးနေပြန်ပြီ)..။

ဒီလိုလေးပဲ ရင်ခုန်ရတာကို
မငြိုငြင်ပဲ ငါကျေနပ်တယ်
ဘယ်လိုတုန့်ပြန်မှုကမှ
လှလွန်းတဲ့ သူ့အပြုံးကို မမီနိုင်ပါဘူးလေ.။

တွေဝေပြီးလဲ မနေတော့ဘူး
ရူးသွပ်တဲ့ အကြောင်းတွေလဲ မပြောပြတော့ဘူး
ဒီနားမှာပဲ ဆက်စောင့်လိုက်ဦးမယ်
(သူပြန်လာရင် ပြုံးပြဦးမှာ လေ...။..)





.....နတ်ဆိုးလေး.......




0 Response for the "အပြုံးတစ်ပွင့်၏ ကောက်ကြောင်း"