• Emotion Exit

    poem book
    နတ်ဆိုးလေးရဲ့ ဒီဘလော့ဂ်မှာ ဖော်ပြပြီးဖြစ်တဲ့ ကဗျာ လေးတွေကို စုစည်းပြီးတော့ ဖန်တီးထားတဲ့ ကဗျာစာအုပ်ကလေးပါ.။ ကဗျာ ၀ါသနာအိုးများအတွက် မျှဝေလိုက်ပါတယ်..။
    ပုံကိုကလစ်လိုက်နော်

လိုအပ်တဲ့အချိန်မှ ငါရှိပေးရမှာလား
မလိုအပ်ရင်လဲ ဘာပဲဖြစ်ဖြစ်
တစ်ရှူးစ တစ်ခုစာလောက် သုံးလို့ရရင်
နေပေးချင်လို့ပါ....။

လိပ်ပြာတွေ တန်းစီ ခစာကြတဲ့
ပန်းဘုရင်မရဲ့ ဒိုင်ယာရီမှာ
ငါက ဘာမှသာ မဟုတ်တာ
ပေးလာတဲ့ ခံစားခွင့်တွေလဲ ယူမသုံး
နင့်ဝတ်ရည်ကိုတောင် မစားသုံးခဲ့ပါဘူးကွယ်..။

တကယ်တမ်း နင်ခံစားတတ်ရင်
နင် အထင်ကြီးပါတယ်ဆိုတဲ့
စည်းစိမ်နဲ့ ရက်လုပ်ထားတဲ့ ကောင်းကင်တွေထဲက ခုထွက်
ငါ့ရင်ဘတ်ထဲမှာ ခဏလောက် ၀င်မှီကြည့်
မေတ္တာအတိပြီးနေတာကို မင်းမြင်ရမှာ...။

ဘာအတွက်မှ မျှော်လင့်ချက်မရှိလို့
ငါ့အချစ်ထဲမှာ ဘာခြွင်းချက်မှလဲမရှိ
ရှိသမျှ ခံစားချက်တွေကိုငါ
ကဗျာတွေ အဖြစ် အသက်သွင်းဖန်ဆင်း
မင်းနင်းလျှောက်ဖို့ ခင်းထားပြီးသား..။

အပေါ်ယံတွေမှာ သာယာတတ်တဲ့ ချစ်သူကို
လိုချင်တပ်မက်မှုတွေနဲ့အတူ ပါသွားမှာ
ငါ.......နှမြောလိုက်တာ
(သူ့ကို) ပြောပေးစမ်းပါ မြားနတ်မောင်ရယ်
သူ့ကိုငါ (လုံးဝ) ပေးဆပ်မှာ.... လို့.။

နေ့ရက်ပေါင်းများစွာ ပိုင်ဆိုင်ထားတာ
ငါမလိုချင်မိပါဘူး..
ရူးတဲ့ရင်ဘတ်က မင်းလာမဲ့ နေံကိုပဲ တောင့်တတာ
အဲဒီနေ့ကို ရောက်ရင်လေ....
သေချာတာ တစ်ခုက.................။


...................................
..............................
................................
..........................
.........................
ငါ့ရင်ဘတ်ထဲမှာ........... ပေးဆပ်မှုမိုးတွေ
မစဲနိုင်အောင် ....စွေနေလိမ့်မယ်....။






0 Response for the "ရင်ဘတ်နဲ့ ခင်းတဲ့လမ်း"