• Emotion Exit

    poem book
    နတ်ဆိုးလေးရဲ့ ဒီဘလော့ဂ်မှာ ဖော်ပြပြီးဖြစ်တဲ့ ကဗျာ လေးတွေကို စုစည်းပြီးတော့ ဖန်တီးထားတဲ့ ကဗျာစာအုပ်ကလေးပါ.။ ကဗျာ ၀ါသနာအိုးများအတွက် မျှဝေလိုက်ပါတယ်..။
    ပုံကိုကလစ်လိုက်နော်

ခက်တယ်. ကောင်မလေးရယ်
မင်းကလဲ တစ်ဗျစ်တောက်တောက်နဲ့
ငါ့ကို ဘုကျဖို့လောက်ပဲ သိတယ်.
ငါကလဲ အဲဒါလေးပဲ ချစ်တာ... ချီးထုပ်လေးရဲ့


ထစ်ခနဲဆို... ငိုယို
ခပ်တိုတို ဆံစတွေထဲ
လက်ဆယ်ချောင်း ဖြဲထိုးရင်း
“ပျင်းတယ်.... ကော်ဖီတိုက်”. တဲ့......ကဲ
ဘယ်လောက်ချစ်ဖို့ကောင်းလဲ...။

ဒီလို ညနေဆို
တစ်နေရာမဟုတ် တစ်နေရာမှာ ငါနဲ့
ဘာရယ်မဟုတ် အတင်းတောင်ထိုင်တုတ်နေလိုက်သေး
(အဲဒီ ချီးထုပ်က) တွေးတွေးပြီးလဲ ရယ်ချင်ရယ်လို့....။

တစ်ခါတစ်လေ အတွေးကြောင်ပုံများဆို
ဂျိုင်းမွှေး ဒူးခေါက်ကွေး မှာပေါက်ရင် တဲ့....ကဲ
ချီးထုပ်တို့ ပေါပုံများ ပြောပါတယ်
ငါကလဲ အဲဒါကြောင့် ချစ်နေတာ....။

အရိပ်အကဲလဲ နားမလည်
သွယ်ဝိုက်ပြီး ရည်းစားစကားပြောတာကို
မျက်မှောင်ကြီးကျုံ့ပြီး “ဒီဝတ္ထု ငါဖတ်ဖူးတယ်”တဲ့
သေလိုက်ပါလား ချီးထုပ်ရယ်..။

မလွယ်တာကို ပြောရဦးမယ်..
ငါဖွင့်ပြောလိုက်တော့ သူက
ခေါင်းလေးမော့ပြီး............“အင်း.........
နင်ပြောသလို အမေလဲပြောဖူးတယ်”.တဲ့....ကဲ..။

မတာမယေး.........
တေဂျင်းဂျိုးမယေး............
အဖြေပေးရင်ပေး.... မပေးရင်တော့
ဒီချီးထုပ် ....... ဖက်ကိုနမ်းဦးမယ်...... (နေနှင့်ပေါ့ကွာ...)....။။။။






...............နတ်ဆိုးလေး..............

0 Response for the "သို့.... ချစ်သောချီးထုပ်"