• Emotion Exit

    poem book
    နတ်ဆိုးလေးရဲ့ ဒီဘလော့ဂ်မှာ ဖော်ပြပြီးဖြစ်တဲ့ ကဗျာ လေးတွေကို စုစည်းပြီးတော့ ဖန်တီးထားတဲ့ ကဗျာစာအုပ်ကလေးပါ.။ ကဗျာ ၀ါသနာအိုးများအတွက် မျှဝေလိုက်ပါတယ်..။
    ပုံကိုကလစ်လိုက်နော်

မုန့်လုံးစက္ကူကပ်

Posted by နတ်ဆိုးလေး On Thursday, March 18, 2010 1 ယောက်ရဲ့ စကားသံတွေ

ဖြစ်ချင်ရာတွေ
ဖြစ်နေကြတယ်
ဖြစ်ချင်တာက
ဖြစ်သင့်လို့လား
ဖြစ်သင့်တာကကော
ဖြစ်ချင်သလိုဟုတ်ရဲ့လား
ဖြစ်ချင်တာနဲ့
ဖြစ်သင့်တာတူနေလား
ဖြစ်သင့်တာထက်
ဖြစ်ချင်တာက များနေလား
ဖြစ်နေတာက
ဖြစ်သင့်တာလောက်မကောင်းဘူးလား
ဖြစ်ချင်တာက
ဖြစ်သင့်တာထက်ကောင်းလို့လား
ဖြစ်ချင်တာနဲ့
ဖြစ်သင့်တာက
ဖြစ်နေတာနဲ့ဘာကွာလဲ
ဟာကွာ...... ရှုပ်နေတာပဲ
ဖြစ်ချင်ရာသာ ဖြစ်တော့ကွာ....။








ရေးစရာမရှိ ရေးစရာရှာပြီး
အကြံကုန်လို့ ဆားချက်လိုက်တာပါ.။ ဘာမှတော့ ဟုတ်ပါဘူး။ ဘာဖီလင်မှလဲ ရှိဘူး ဟီးဟီး


1 Response for the "မုန့်လုံးစက္ကူကပ်"

  1. Mirror says:

    'ဖြစ် ' တွေနဲ့ ရှုပ်နေတာပဲ။ ဖြစ်ချင်ရာသာ ဖြစ်တော့ကွာ...။
    ဖတ်လို့တော့ ကောင်းပါတယ်ဟ..။

    လေးစားခင်မင်လျက်..
    မယ်ရာ