• Emotion Exit

    poem book
    နတ်ဆိုးလေးရဲ့ ဒီဘလော့ဂ်မှာ ဖော်ပြပြီးဖြစ်တဲ့ ကဗျာ လေးတွေကို စုစည်းပြီးတော့ ဖန်တီးထားတဲ့ ကဗျာစာအုပ်ကလေးပါ.။ ကဗျာ ၀ါသနာအိုးများအတွက် မျှဝေလိုက်ပါတယ်..။
    ပုံကိုကလစ်လိုက်နော်

အတိုအစလေးများ (၂)

Posted by နတ်ဆိုးလေး On Thursday, March 18, 2010 0 ယောက်ရဲ့ စကားသံတွေ

၁။ ပေခုံ

တူနဲ့ရိုက်တာတော့ နာတာပေါ့
ဓါးတွေကို ပုံသွင်းပေးရတာကိုတော့
ဂုဏ်ယူလို့ မဆုံးဘူး..။


၂။ သော့ဂလောက်


ငါ့ဗိုက်ကို ထိုးကလန့်လိုက်လို့
ငါ ပွင့်သွားတာတော့ ဟုတ်ပါပြီ
သော့နဲ့ထိုးတာ ငါ့ရဲ့ ဘယ်နေရာလဲ..????


၃။ ဆွဲကြိုး

လူတွေများခက်တယ်နော်
သူတို့ လှချင်တာနဲ့ပဲ
သူ့တို့လည်ပင်းကိုဖက်ပြီး
ငါ့မှာ တန်းလန်းကြီး.............။


၎။ တစ်ရှူး

ဘ၀ဆိုတာ ခဏလေးပါ..
ကြည့်လေ... ကျုပ်ဆို...
အိတ်ထဲက ထွက်ထွက်ချင်း
ရှူးဆို ကျုပ်ရင်ခွင်ထဲ နှပ်ညှစ်ချ
မလှမပ လုံးထွေးရင်း
ဖြေထောက်နဲ့ တက်နင်းခံလိုက်ရ
ပြီးပြီ.... ဘ၀.... ဒါပဲ............။






0 Response for the "အတိုအစလေးများ (၂)"