• Emotion Exit

    poem book
    နတ်ဆိုးလေးရဲ့ ဒီဘလော့ဂ်မှာ ဖော်ပြပြီးဖြစ်တဲ့ ကဗျာ လေးတွေကို စုစည်းပြီးတော့ ဖန်တီးထားတဲ့ ကဗျာစာအုပ်ကလေးပါ.။ ကဗျာ ၀ါသနာအိုးများအတွက် မျှဝေလိုက်ပါတယ်..။
    ပုံကိုကလစ်လိုက်နော်

 နတ်နတ်တို့ မူးပြီဆိုမှဖြင့် တွေ့တဲ့လူတိုင်းက လက်လန်အောင်မူးတာ..။ နတ်နတ်ကိုခေါ်တာ လောကနတ် တဲ့..။ (လက်လန်ရုံ မက ခြေပါခွင် လို့ )..။ နတ်နတ် တို့က မူးသာမူးတာ သိက္ခာ ကျ မခံဘူး..။ သက်သာရဲ့ လား လာမမေးနဲ့..။ နောက်ကျောလာမနှိပ်ပေးနဲ့..။ ဇက်ကျိုးရင် လက်ထိုးအန်မယ် ဆိုတဲ့ အစားထဲကပဲ..။ နတ်နတ် ကို ဆရာလာမလုပ်နဲ့ အရက်ကွ ကြိုက်လို့ သောက်တာမဟုတ်ဘူး..။ မူးချင်လို့သောက်တာ..။ မူးတာ ဘာဖြစ်လဲ .. ဘာမှ မဖြစ်ဘူး..။ လာမပြောနဲ့..။
ပြောရဦမယ်..  နတ်နတ် ဆေးရုံတက်တုန်းကတောင် ဆရာဝန်က ပြောတယ်..။ အရက်တွေ အများကြီး မသောက်နဲ့တဲ့..။ ဘယ်ရမလဲဗျ.. နတ်နတ်ပဲ.. မိန်းမ ကို ၀ယ်ခိုင်းတာပေါ့..။ တစ်ပုလင်း ၀ယ်လာရှာတယ်..။ မိန်းမက မျက်နှာတော့ မကောင်းဘုး..။ နတ်နတ်ကိုချစ်တော့ ၀ယ်ပေးရှာတယ်..။ (အဲဒါလေးတွေ ချစ်နေရတာ...) နတ်နတ် သောက်တောင် မသောက်ရသေးဘူး.. ဆရာဝန်ကြီး Round လှည့်မယ် ဆိုတော့ ကုတင်အောက် ပုလင်းလေး အသာဖွက်ထားလိုက်တယ်.. ခပ်တည်တည်ပဲ..။ ဒါတောင် ဆရာဝန်ကြီး က မြင်ဖြစ်အောင် မြင်သွားသေးတယ်..။ ပုလင်းကြီးကောက်ကိုင်ပြီး..
အရက် တွေ သိပ်မသောက်ပါနဲ့ဆို ၀ယ်လာပြန်ပြီလား... တဲ့မေးတယ်

နဲနဲလေးပါ ဆရာရယ်

ဒါ နဲတာလာဗျ တစ်ပုလင်းကြီးတောင် ဥစ္စာကို

တစ်ကယ်ရစ်တဲ့ ဆရာဝန်ပဲ.... ဘာတွေပြောမှန်းမသိဘူး နတ်နတ်လဲ ပြောမိပြောရာ ပြောပစ်လိုက်တာ..။

အာ ကျွန်တော့် အရက်က တစ်ဝက်တည်းပါ.. ကျန်တာ သူငယ်ချင်း အရက်တွေ

ဒါဆို ခင်ဗျား အရက်တစ်ဝက် သွန်ပစ်လိုက်မယ်ဗျာ.. တဲ့

အတော် လက်ပေါက်ကပ်တဲ့ဆရာဝန်ဗျ .. ဘယ်ရမလဲ နတ်နတ် က ပြန်ပြောလိုက်တယ်

အာ မဖြစ်ဘူးဗျ အပေါ်က အရက်တွေက ကျုပ် သူငယ်ချင်းအရက်တွေ ကျုပ် အရက်က အောက်မှာ လို့........

ကိုင်း.. ဆရာဝန် ဘာတတ်နိုင်သေးလဲ.. နတ်နတ်တို့က အဲလို အဲလို.. ။ ဒီလိုပဲဗျာ အပေါင်းအသင်းလေးတွေ စုံကာမှ သောက်ဖြစ်တာပါဗျာ..။ အရက်သမားလို့လဲ မခေါ်နိုင်သေးပါဘူး..။ ထားလိုက်ပါတော့..။ နတ်နတ် အိမ်ထောင်ရက်သားကျ ကတည်းက တိုက်ခန်း ငှားနေတာ အမြင့်ကြီးဆိုတော့ သောက်ပြီး တက်ရရင် မသက်သာ ဘူး..။ တစ်ခါသား.. ကိုယ့်ဘာကိုယ် တက်ကြည့်တာ အောက်ပြန်ပြန်ရောက်နေလို့ နောက်ဆို မိန်းမ ကို အောက်ကနေလှမ်းခေါ်ပြီး တွဲခေါ်ခိုင်းရတယ်..။ အဲလို အဲလို ..။ ပြောရင်းဆိုရင်း တိုက်တန်းကိုတောင် ရောက်ပြီ..။ မိန်းမ ခေါ်လိုက်မယ်.။ ခေါင်းလောင်းကြိုးလေး ကလောင်ကလောင် ဆွဲလိုက်ရုံပဲ... ဘာခက်တာမှတ်လို့..။ လာထား..။ ဟင် မိန်းမ အခန်းထဲကနေ ခေါင်းပြူကြည့်တာ ဘယ်ကကောင်လဲဟ..။ ပိုင်စီးပိုင်နက်နဲ့ အောင်မာ အင်္ကျီတောင် မပါဘူး..။ ဟာ.... ငါ့မိန်းမ ...  ။ ။ ။

မစောင့်နိုင်တော့ဘူး.. ပြေးတက်မှ ဖြစ်မယ်..။ မူးပြီး တိုက်တန်းပေါ်တက်တာ ဒီတစ်ခါပဲ လျှောလျှောလျှူလျှူ ရောက်သွား ဖူးတယ်..။ တန်းနေတာပဲ.။။ အခန်းဝ ရောက်တော့ တံခါးက အတွင်းက ချက်ထိုးထားတယ်.။ ဘယ်ရမလဲ..။ နတ်နတ်ပဲ.. လာထား.. နိုင်ငံခြားကားတွေထဲကလို နောက်နဲနဲ ဆုတ် အရှိန်ယူပြီး ကိုယ်လုံးနဲ့ တိုက်ချလိုက်တာ ... ၀ုန်းကနဲ မြည်ပြီး တံခါး ကျိုးသွားရော..။ အထဲရောက်တော့ အိပ်ရာ ပေါ်မှာ မိန်းမ က စောင်ကြီးခြုံလို့ ။ ဘောင်းဘီ ပြန်ဝတ်နေတဲ့ သေနာကောင်ကို ဂုတ်ကနေကိုင် ပြီး ၀ရန်တာဘက် ဆွဲခေါ်သွားလိုက်တယ်..။ ပြီးတော့ ၀ရန်တာဘောင် ပေါ် တင်ထားလိုက်ပြီး ... စောစောကလိုပဲ နောက်နဲနဲဆုတ် အရှိန်ယူပြီး ဒီတစ်ခါကျ ဖင်ဘူးတောင်းကြီးထောင်နေတဲ့ မသာကောင်ကို အတင်း ဆောင့်ကန်ပစ်လိုက်တယ်..။

အောင်မလေးဗျ............. ဆိုတဲ့ အော်သံကြီး အဆုံးမှာ ဘုန်း ဆို အောက် ပြုတ်ကျတဲ့ အသံကြီး ကြားလိုက်ရတယ်.........။

ကန်လဲပြီးရော နတ်နတ်လဲ တော်တော်တော့ အမူးနဲနဲ ပြေသွားပြီ..။ ရီဝေေ၀ လေးပဲ ကျန်တော့တယ်..။
ကန်ချလိုက်တဲ့ ၀ရန်တာကို တစ်ချက် ငုံကြည့်ပြီး

အတော်အီသွားမှာပဲနော် မိန်းမ........... အမြင့်ကြီးပဲဟ လို့ ပြောလိုက်တော့ နောက်က ပြန်ပြောတယ်....။

မအီပဲနေမလားရှင် ဆယ်လွှာ က ပြုတ်ကျပါတယ်ဆိုနေမှ ... တဲ့..။

နတ်နတ် ခေါင်းနပမ်းကြီးသွားတယ်..။

ဘာ........... ဆယ်လွှာ ဟုတ်လား..။ 
ဟုတ်တယ်လေ.........။

နောက်က စကားပြောတဲ့ အမျိုးသမီးကို ပြန်ကြည့်လိုက်တယ်..။ သေချာပြီ.. ဒါ ငါ့မိန်းမ မဟုတ်ဘူး.....။
မချိုမချဉ် ကြီး ဖြီးပြလိုက်ပြီးတော့ ကျွန်တော် ပြန်ပြောလိုက်တယ်.......။

အဟီး ဆောရီးနော်............. အထပ်မှားတက်လာတာ..... ကျွန်တော့ အခန်းက အောက်မှာ........

အဲလို အဲလို နတ်နတ်တို့က အဲလိုမူးတာ.......... အဟီး။။။။။။။။။။။။။။။


အားလုံးကိုလေးစားလျက်
.......နတ်ဆိုးလေး............

9 Response for the "မှားတဲ့အခါလဲ မှားပေမပေါ့"

  1. ဟားဟား နတ်တွေအတူတူလာမူးနေပါ့လား မာရ်နတ်လဲမူးနေဒယ် အဟိ

  2. ဟိုက် မူးချက်ကတော့ လက်လန်ပါတယ် နတ်နတ်ရယ်
    ဟိဟိ
    ရယ်ရသားဗျ ခွိ

  3. ဟလိုနတ်နတ်...လူပျိုလေးမှတ်ပါတယ်..။
    လူပြိုကြီးဖြစ်နေပါရောလား..။
    စလုံးကအသိကောင်မလေးတွေနဲ့ချိတ်ပေးမလို့စဉ်းစား
    ထားတာ..၊ကောင်မလေးတွေတော့ဆွေးရတော့မှာပေါ့

  4. သြ နတ်ဆိုးလေး က

    မိန်းမ နဲ့ လား သတိထားလည်း ရေးအုန်း အိမ်မက် ဆိုရင် အိမ်မက်လို့

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

  5. ဂျိမ်းစဘွန်းကြီး သိပ်မသောက်နဲ့ အမြီးအမောက်မတဲ့ဘူး ဖြစ်နေမယ် ၊ နသိုးမှန်ရင်ဂျိုရာမကင်းဘူးဆိုတာကိုး ဗျ ဟဲ ဟဲ အဲလောက်လဲမမူးနဲ့ မူးရင်လဲဇေတို့လို အိမ်သရေနဲ့ သံပတ်ခွေနဲ့မူးဗျ ဟဲဟဲ

  6. ဂျိမ်းစဘွန်းကြီး သိပ်မသောက်နဲ့ အမြီးအမောက်မတဲ့ဘူး ဖြစ်နေမယ် ၊ နသိုးမှန်ရင်ဂျိုရာမကင်းဘူးဆိုတာကိုး ဗျ ဟဲ ဟဲ အဲလောက်လဲမမူးနဲ့ မူးရင်လဲဇေတို့လို အိမ်သရေနဲ့ သံပတ်ခွေနဲ့မူးဗျ ဟဲဟဲ

  7. ဇာတ်လမ်း ဖြစ်အောင် ဇာတ်ကောင်ထည့်လိုက်တာပါဗျာ မိန်းမ ရှိပါဝူး လူပျို စစ်စစ်ပါ.. ဟီးဟီး

  8. အေ့..နာမတိဘူး..နာမူးတယ်..အေ့

    မူးနေပီ..တွားတော့မယ်
    ညီညီ

  9. တော်သေးတာပေါ့။ မူးမူးနဲ့ အိပ်ရာအရင်မ၀င်ခဲ့မိလို့။