၁။
ရီဝေမျက်ဝန်းတွေက
ဆာလောင်မှုအစစ်တွေပါ အဖေ
လူတွေ နှာခေါင်းရှုံအောင်
သားတို့ ဘ၀ကို ဘယ်လို လက်တစ်စုံကများ
ချောက်ချခဲ့တာလဲ..။
အ၀တ်ညစ်ထေးတွေကလဲ
နွမ်းပါးမှု အစစ်တွေပါ အမေ
ဘယ်လို ကံကြမ္မာမျိုးကများ
သားတို့ကို အသိုင်းအ၀ိုင်းထဲက
ခွဲထုတ်သွားတာလဲ...။
အဖေတို့အမေတို့ မရှိပဲ
သားတစ်ယောက်တည်း
အသိ မှောင်မဲမဲ တွေမှာ
ဘာဆို ဘာကိုမှ အားတင်းနိုင်စွမ်းမရှိအောင်
ပျိုးထောင်သူမဲ့ လူတစ်ယောက်ရဲ့
ယိုင်နဲ့နဲ့ ရှင်သန်မှုပါလေ..။
၂။
ပြည့်ပြီးသားအိုးတွေထဲ
အထပ်ထပ်အခါခါ ရေဖြည့်တဲ့လက်တွေက
သားရှေ့က ဒန်ဖလား ပိန်ပိန်လေးထဲ
မေတ္တာတွေ စွန့်ကြဲဖို့ ရွံရှာနေဆဲပဲ .. အဖေ။
ဂုဏ်ဓနနဲ့ ဂုဏ်မာနတို့ရဲ့
အညမည ဖြစ်စဉ်တွေအောက်မှာ
သားအသနားခံတဲ့ လက်ဖ၀ါးလေးထဲ
စေတနာတွေ ပေးကမ်းဖို့ နှာခေါင်းရှုံ့နေဆဲပဲ.. အမေ။
မျက်စောင်းထိုးသူ ထိုးသွား
နှာခေါင်းရှုံ့သူ ရှုံ့သွား
တံတွေးထွေးသူထွေးသွား
ကန်ကြောက်သူက ကန်ကြောက်သွား
တမာထက်ခါးတဲ့ နေ့ရက်တွေမှာ
အာဟာရတွေ ပြတ်လပ်ခဲ့ရတာ
သူတို့ မစာနာတတ်လို့ပဲလား အဖေအမေတို့ရယ်.။
၃။
တစ်လမ်းဝင် တစ်လမ်းထွက်
သားအသံတွေ ကြေကွဲရှအက်
သားခြေရာတွေ အပ်ကြောင်းထပ်
သားနှုတ်ခမ်းတွေ တုန်ရီခြောက်ကပ်
သားအာရုံတွေ မူးမိုက်လဲကျမတတ်
ပုထုဇဉ်တွေကတော့ သားကို ရက်စက်နေတုန်းပဲ..။
အော်ဟစ်ဆဲဆို ခြိမ်းခြောက် ဟိန်းဟောက်
လက်ညှိုးငေါက်ငေါက်ကြီးတွေအောက်
မရှက်နိုင် မကြောက်နိုင် သားဒူးထောက်
ရောက်တဲ့နေရာမှာ သား အောက်ကြို့
မနှစ်မြို့တဲ့လူတွေ ဆီက
သားလိုချင်တာ သူတို့ရဲ့ ဂရုဏာလေ..။
နေပူကျဲကျဲ မီးသရဲ ကြီးလဲ
သားကို မညှာတာသေးဘူး
ဓနနဲ့ရှင်သန်တဲ့ လူကုန်တန်တွေလဲ
မာန အရေခွံတွေ မလှန်ကြသေးဘူး
ကွဲအက်ပိန်ရှုံ့တဲ့ သားခွက်စုတ်လေးလဲ
အနုတ်စုတ်လေးတွေ မလုံလောက်သေးဘူး
ခြေသုတ်ပုဆိုးလူတန်းစား သားလဲ
ဒီနေ့ ထမင်းမစားရသေးဘူး...။
၎။
သား အသက်ဆက်ဖို့
တစ်နပ်လောက်တော့ စားမှဖြစ်မယ်.. အဖေ
ဂျိုင်းထောက်နဲ့နဲ့ ကိုလဲ
ဂရုစိုက်နေလို့ မဖြစ်ဘူး
မူးမိုက် ဟပ်ထိုးလဲသွားမှာလဲ
ဆင်ခြင်နေလို့ မဖြစ်ဘူး
သားလုပ်ချင်တာ တစ်ခုလောက်
အရောက်လှမ်းခွင့် ပြုပါဦး ...အမေ.။
အဖေနဲ့အမေ
သားရင်တွေ နာလှပါပြီလေ..
သားကို ဘယ်နေရာမှာ ဘာကြောင့်
ခုလို စွန့်ပစ်ခဲ့ရတာလဲ..
ကမ္ဘာပေါ်မှာ အသက်ရှင်နေသေးရင်
အမေလို့ အော်ခေါ်ချင်သေးရဲ့.
အဖေ. လို့ ရေရွတ်ချင်ပါသေးရဲ့..။
သားလိုက်ရှာမယ်....
သား အရောက်လာမယ်....
ပုန်းကွယ်မနေကြပါနဲ့..............
ခုတော့ သားဝမ်းရေးအတွက်..
ခရီးဆက်နေဆဲလေ.............
................................................
"ကျွန်တော် ထမင်းမစားရသေးလို့.........
...................................................
သနားကြပါခင်ဗျာ..........................."
.............နတ်ဆိုးလေး................
Categories:
ကဗျာ
,
ကိုယ်ပိုင်ကဗျာ
Subscribe to:
Post Comments (Atom)
နတ်ဆိုးလေး ရဲ့ ကဗျာလေးမှာ ကိုယ်ချင်းစာနာ စရာ လေးတွေ ထင်ရှားနေလေရဲ့
ခင်မင်စွာဖြင့်
ရွှေစင်ဦး
နတ်နတ်ရေ...အကိုတို့ မြေမှာ လုပ်စရာတွေ အများကြီး
ရှိနေသေးတာလည်းသိပါရဲ့..။လုပ်ချင်စိတ်လည်း ရှိပါရဲ့။
စိတ်ကူးနဲ့ အစီအစဉ်တွေလည်း ရှိပါရဲ့..။
သို့ပေမယ့် အခုထိတိုင် ပထမခြေလှမ်းကို လည်းစ မလှမ်း
နိုင်သေးတာလဲ အမှန်..။
ဘာပဲပြောပြော ကဗျာလေးထံက တွန်းအား တစ်ရပ် ကို
ရခဲ့ပါတယ်..။
တစ်ခုခုပေါ့ဗျား........ လုပ်နိုင်ဖို့ကြိုးစားရင်း ခုဒီအရွယ်ထိရောက်လာတာပဲ..
အရမ်းသနားစရာကောင်းတယ်. နတ်ဆိုးလေးရေ.. နှင်းဆီဖြူတို့နဲ့ အလှမ်ဝေးတဲ့ ဘဝတစ်ခုကို ရောက်သွားသလိုခံစားလိုက်ရတယ်.. ဘဝလေးတွေတိုင်း ဘဝလေးတွေတိုင်းလှပပါစေ...း(
နှင်းဆီဖြူကြီးလာလို့ ပိုက်ပိုက်တွေရရင် သူတို့ကိုအနဲဆုံးတော့ စားစရာလေးတွေရစေချင်တယ်.. T____T
ဘ၀တွေကို ကိုယ်ချင်းစာမိပါတယ်။
နေရာယူခံစားရေးထားတာ ကောင်းတယ်။