စိတ်ကူးတွေအပြင်ဘက်ထွက်ရပ်ဖို့
လေထဲကတိုက်အိမ်တွေကို အုတ်မြစ်ချဖို့
ဆေးလိပ်ပြာတွေနဲ့ရောခါချမိတဲ့ အတွေးမှုန်တွေကို
တစ်စချင်းတစ်စချင်း လိုက်ဆက်ဖို့
သာမန်ညတွေထဲကနေ ကုန်းရုန်းထတယ်
အပေအတေဆန်တဲ့ ပိုးဟပ်တွေက
ဘ၀တွေကို တတိတိတိုက်စား
လက်ကြောမတင်းသေးတဲ့ စာရွက်တွေမှာလဲ
ငါ့ရည်မှန်းချက်တွေ မင်ရည် မှောက်ကျခဲ့ဖူးတယ်။
"ဘယ်မှတ်တိုင်မှာဆင်းမှာလဲ"
ယိုင်လိုက်ယိမ်းလိုက်ဖြစ်နေတဲ့ကြားက
တွေဝေခြင်းတွေ ဖမ်းကိုင်လိုက်ရင်း
ဆုံးဖြတ်ချက်က ဘတ်စ်ကားပေါ်မတ်တပ်ကြီးရပ်နေတယ်
ကားစပယ်ယာ မေးတာ ငါမဖြေရသေးဘူး.။
ရူးလောက်အောင်စွဲလန်းတယ်ဆိုတာလဲ
လက်အံသေအောင် ဆုပ်ကိုင်မထားနိုင်တော့
တဖြုတ်ဖြုတ် လွတ်ကျခဲ့တဲ့ အခွင့်အရေးတွေလဲ
စုန်းစုန်းမြုပ်နေခဲ့တာ နူးပွသွားတဲ့အထိပေါ့..။
တစ်နေ့တော့.........
အိပ်မက်တစ်ခုကိုလဲ ကောက်ကိုင်ရဥိးမယ်
အညှီအဟောက်တွေကိုလဲ ကိုယ်လက်သန့်စင်ရဦးမယ်
လမ်းဆုံးဘူတာတစ်ခုခုကိုလဲ ဦးတည်ဘရိတ်ဆွဲရဦးမယ်
လောကကြီးပေးတဲ့ ပါဆယ်တွေ လက်ခံဖို့လဲ
စာတိုက်ပုံးတစ်ခု ချိတ်ဆွဲထားရဦးမယ်
သေချာပါတယ် ..........
တစ်နေ့နေ့ပေါ့.......။ ။
..........နတ်ဆိုးလေး..............
Categories:
ကဗျာ
,
ကိုယ်ပိုင်ကဗျာ
Subscribe to:
Post Comments (Atom)
တစ်နေ့နေ့တော့ ဖြစ်လာလိမ့်မည်။
ကောင်းဧ။်...............
မောင်နတ်ဆိုး
ပါဆယ် တွေ ဒီဘက်မြောက်ဝန်ရိုးစွန်းလည်း ပို့လိုက်..။
ကောင်း၏၏၏၏၏၏၏၏၏၏၏၏..။
မဗေဒါ (၈၈)
ရှတတတွေပါလား .. ကောင်း၏
အားပေး၏ .. သဘောကျ၏ ... ပါဆယ်တွေ ရောက်လာရင်မမေ့နဲ့ နော် ...
ဘ၀တွေကို တတိတိတိုက်စား
လက်ကြောမတင်းသေးတဲ့ စာရွက်တွေမှာလဲ
ငါ့ရည်မှန်းချက်တွေ မင်ရည် မှောက်ကျခဲ့ဖူးတယ်။
........................
ထပ်တူထပ်မျှ...ပါပဲ...
စာတိုက်ပုံး ကို ကြီးကြီးလုပ်ဖို့တော့ မမေ့နဲ့ ညီ...
ဟိဟိ.. ပိုးဟပ်က အပေအတေဆန်တာ ခုမှပဲသိတော့တယ်... ပိုးဟပ်လေး သိရင်လာအော်ဦးမယ်.. ဟားဟား... ဆုံးဖြတ်ချက်တွေ ရပ်နေတာမိုက်တယ်ဗျိုး...
ကဗျာတစ်ပုဒ်လုံးအဓိပ္ပာယ် အရမ်းရှိတယ်...
တစ်နေ့နေ့တော့ ဖြစ်လာမှာပေါ့ ကွယ်
စကားလုံးတိုင်းက ပြင်းပြင်း၇ှ၇ှ ခံစားချက်တွေကြီးပဲ ကောင်း၏။ ။
လာဖက်သွားတယ် သိပ်ကောင်းတာဘဲသရုပ်ပေါ်တယ်သိ
လား ဆေးလိပ်တောင်မှီဝဲချင်စိတ်ပေါက်သွားတယ်......။
ရူးလောက်အောင်စွဲလန်းတယ်ဆိုတာလဲ
လက်အံသေအောင် ဆုပ်ကိုင်မထားနိုင်တော့
တဖြုတ်ဖြုတ် လွတ်ကျခဲ့တဲ့ အခွင့်အရေးတွေလဲ
စုန်းစုန်းမြုပ်နေခဲ့တာ နူးပွသွားတဲ့အထိပေါ့..။
ဒီကဗျာ...
အတော်လေးလှတယ်.... =)
အနုပညာကို ဖက်တွယ်ချင်သလောက် လူလုံးလှအောင်လည်း ရပ်မပြနိုင်သေးတဲ့ ကျွန်တော်တို့ရဲ့နေ့ရက်တစ်ချို့အတွက်
စိတ်ကူတွေရဲ့ အပြင်ဘက်ကို ထွက်ရပ်ပြရဦးမယ်။ လေထဲမှာ ဆောက်ထားခဲ့တဲ့ တိုက်တွေကို တကယ်အုတ်မြစ်ချပြရဦးမယ်။
စပါယ်ယာက မေးလိုက် တစ်ယောက်ကဖြေလိုက်၊ ဆင်းသွားလိုက်နဲ့ ကားပေါ်မှာ ကိုယ်ပဲ ကျန်နေခဲ့ရတယ်ဆိုပြီး သင်္ကေတ ပြု လိုက်တာ လွှတ်လှပေါ့။(ကြုံခဲ့ဖူးတယ်၊ခံစားခဲ့ရတယ်။)
ဒါမျိုးက အိပ်မက်တူသူချင်းပဲ လက်ဝါးချင်းရိုက်လို့ ရတဲ့ ကိစ္စ ပါ နတ်ဆိုးလေးရယ် ဟောဒီမှာ ကျုပ်လက်တစ်ဖက်ကမ်းလိုက်ပါရဲ့ ဗျာ။
အင်း . . စာတိုက်ပုံးတစ်ခုကိုတော့ မမေ့မလျော့ ချိတ်ဆွဲထားရဦးမှာပါ။
သေချာပါတယ် ..........တစ်နေ့နေ့ပေါ့....... ။
အရင်ကတည်းက ပစ်စလက်ခတ် မဖတ်ချင်လို့ သိမ်းသွားတာ။ ချက်ချင်းလည်း ဖဖတ်ဖြစ်ဘူး။ ဒါပေမဲ့ အချိန်ဆွဲထားပြီး ဖတ်ရကျိုးနပ်တယ်။