• Emotion Exit

    poem book
    နတ်ဆိုးလေးရဲ့ ဒီဘလော့ဂ်မှာ ဖော်ပြပြီးဖြစ်တဲ့ ကဗျာ လေးတွေကို စုစည်းပြီးတော့ ဖန်တီးထားတဲ့ ကဗျာစာအုပ်ကလေးပါ.။ ကဗျာ ၀ါသနာအိုးများအတွက် မျှဝေလိုက်ပါတယ်..။
    ပုံကိုကလစ်လိုက်နော်

နတ်နတ်လဲ ဘောလုံးပွဲက တော်တော်ထိထားတော့ ပို့စ်ဖက်ကို မရောက်ဖြစ်ဘူး ဖြစ်နေတာ..။ ခုတော့ ရေးလိုက်ပါဦးမယ်.. တစ်ပုဒ်လောက်..။ ဘလော့ဂါ အကိုအမတွေ အိပ်မပျော်ဘူးကြားလို့ ပုံပြင်ပြောဦးမလို့။။ ဟဲဟဲ... ပုံပြင်ကတော့ တိုတိုလေးရယ်..။ ပို့စ်ရှည်အောင် နတ်နတ်က ကြားထဲကနေ လေပန်းပေးရမှာပေါ့. နော..။ ပုံပြင်လို့တော့ ပြောလို့မရဘူးဗျ..။ တကယ်ရှိခဲ့တာကိုး.။ ကိုင်း စရအောင်..။

ပုံပြင်ဆိုတော့ ဟိုးရှေးရှေးတုန်းကနဲ့ပဲ စမယ်ဗျာ..။
ဟိုးရှေးရှေးတုန်းကတဲ့... ဂရိ မှာ အရစ္စတိုတယ်က သင်တန်းကျောင်းတစ်ခု ဖွင့်ပါသတဲ့..။ သူက သူ့ရဲ့ မြို့လေးကို ပညာရှင်တွေ ပေါတဲ့ မြို့လေး ဖြစ်စေချင်တာပေါ့..။ အဓိက ရည်ရွယ်ချက်ကတော့ သူတို့မြို့မှာ လစ်ဘရယ် ပညာရေး သိသိသာသာ ဖွံ့ဖြိုးတိုးတက်စေချင်တာရယ်... ပြီးတော့ သူတို့ နိုင်ငံကို ခေါ်းဆောင်မယ့် လူတစ်ယောက်ဟာ အတွေးအခေါ်အမြော်အမြင်နဲ့ ပြည့်စုံတဲ့ အရည်အချင်းပြည့်ဝတဲ့ နိုင်ငံ့ ခေါင်းဆောင် တွေ ဖြစ်စေချင်တာရယ်ကြောင့်ပေါ့..။ အနာဂါတ် နိုင်ငံ ကို ခေါင်းဆောင်မယ့်သူတွေက လူငယ်တွေမဟုတ်လား..။ အရစ္စတိုတယ်ရဲ့ အမြာ်အမြင် ကြီးမားမှုကြောင့် သင်တန်းကိုလာတက်ကြသူတွေကလဲ အများသားကိုး...။ အရစ္စတိုတယ် ရဲ့ တပည့်ဆိုရင် ခုခေတ် အိုင်အယ်လ်ဘီစီ တို့ တက်တဲ့ ကျောင်းသားလိုပေါ့..။ အများက အထင်ကြီးခံရတာပေါ့..။ ဒီလိုနဲ့ အရစ္စတိုတယ်ရဲ့ သင်တန်းကျောင်း ဂုဏ်သင်းက မွှေးပြီးရင်း မွှေးရင်းပေါဗျာ..။

တစ်နေ့မှာ အရစ္စတိုတယ်ရဲ့ သင်တန်းကျောင်းကို အမျိုးသမီးတစ်ယောက် ရောက်လာတယ်..။ အရစ္စတိုတယ်ရဲ့ သင်တန်းကျောင်းမှာ သူ့သားလေးကို ကျောင်းထားဖို့ကစ္စ လာဆွေးနွေးတာပေါ့...။ သူကလဲ သူ့သားသမီးတွေကို အရစ္စတိုတယ်ရဲ့ တပည့် ဖြစ်စေချင်တာကိုး..။ အရစ္စတိုတယ်နဲ့ အဲဒီ အမျိုးသမီး ဟာ နှစ်နာရီ သုံးနာရီ ကြာ ဆွေးနွေးမှုတွေ ပြုလုပ်ကြတယ်။။ နောက်ဆုံးမှာ အမျိုးသမီးက အရစ္စတိုတယ်ကို မေးခွန်းတစ်ခု မေးလိုက်တယ်..။
ကျွန်မ သားလေးကို ဘယ်ချိန်မှာ စ ပညာသင်ပေးသင့်သလဲ.။။ ဘယ်ချိန်လောက်မှာ အမြော်အမြင် အတွေးအခေါ်ရင့်ကျက်တဲ့ လူငယ်တစ်ယောက် ဖြစ်နေသင့်သလဲ..။  တဲ့..။

အရစ္စတိုတယ်က အမျိုးသမီးကို ပြန်မေးလိုက်တယ်..။
ခင်ဗျားသား က အသက် ဘယ်လောက်လောက် ရှိသွားပြီလဲ....။ တဲ့
ဆိုတော့.. အမျိုးသမီးက

၅ နှစ်တော့ရှိသွားပါပြီ...........။ လို့ဖြေတော့

အရစ္စတိုတယ်က သူမေးတဲ့ မေးခွန်းကို ဖြေလိုက်ပါတယ်..။

ခင်ဗျား အချိန်တွေ သိပ် အလေအလွင့်မခံနဲ့တော့..။ ခင်ဗျားသားကို ပညာသင်ပေးဖို့ဆိုတာ ငါးနှစ်လောက်နောက်ကျနေပြီ................။ တဲ့

ကိုင်း ပုံပြင်လေးကတော့ဒါပါပဲ..။ တိုတိုလေးတော့ တိုတိုလေးပါ..။ တွေးစရာလေးတစ်ခု ရဖို့ ပြောပြတာပါ..။


လူရယ်လို့ဖြစ်လာရင် မွေးလာလို့ အူဝဲလို့ စအော်ကတည်းက ပညာတွေကို သင်ယူနေရတာပါပဲ.. ။ အရစ္စတိုတယ် ပြောသွားတာက ၅နှစ်အရွယ်ကလေးတစ်ယောက်ဟာ ပညာသင်ယူမှု မရှိသေးဘူးဆိုရင် ပညာသင်ယူဖို့ ၅ နှစ်နောက်ကျနေပြီ.... ဆိုတော့.......


အားလုံးကိုလေးစားလျက်
.......နတ်ဆိုးလေး..........

6 Response for the "လူသားနဲ့ သင်ယူမှု"

  1. ကဲ..အရောက်လာလို့ဖတ်မှတ်...
    သွားပါတယ်..နတ်ဆိုးလေးရေ။

    ခင်မင်စွါဖြင့်
    ခိုင်နုငယ်

  2. အဲဒီကလေးကမှ ငါးနှစ်တည်းနောက်ကျတာ
    မောင်ဘကြိုင်ကတော့ ကျည်ပွေ့အပွင့်ပွင့်လည်းနှောင်းပြီး)

  3. မသေမခြင်း သင်ယူလို့ပြီးမှာ မဟုတ်

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

  4. အယ် ၅နှစ်တောင်နောက်ကျသွားတယ်တဲ့လား

    ကိစ္စမရှိဘူး ကျန်တဲ့ကိစ္စနောက်မကျဖို့အရေးကြီးတယ်

    အဟီး

    ကိုနတ်ဆိုး နောက်တစ်ပွဲအတွက် ရေဘ၀ဲကိုအားကိုးမှာလား ကိုယ့်ဘာသာကိုယ်တွက်မှာလား :P

  5. ကျွန်တော်က တော့ နောက်ကျတယ်လို့ ကိုယ့်ကို ကိုယ်
    ဘယ်တော့မှ သဘောမထားဘူဗျ။အခြားလူတွေကို
    အကြောပေးထားတယ်လို့ပဲ သဘောထားလိုက်တယ်..
    ဟီး အဲဒါ မဂွတ်ဘူးလားဗျဟင်....။

  6. အရစ္စတိုတဲလ်က နာနီအလုပ်ပါ သူ့သင်တန်းမှာ ထည့်ပေးထားပုံရတယ်။ ဒါကြောင့် ငါးနှစ်နောက်ကျသွားပြီလို့ ပြောတာရှိမယ်။းဝ)