• Emotion Exit

    poem book
    နတ်ဆိုးလေးရဲ့ ဒီဘလော့ဂ်မှာ ဖော်ပြပြီးဖြစ်တဲ့ ကဗျာ လေးတွေကို စုစည်းပြီးတော့ ဖန်တီးထားတဲ့ ကဗျာစာအုပ်ကလေးပါ.။ ကဗျာ ၀ါသနာအိုးများအတွက် မျှဝေလိုက်ပါတယ်..။
    ပုံကိုကလစ်လိုက်နော်

အမေများနေ့ကို ဒီပို့စ်လေးနဲ့ ဂုဏ်ပြုအပ်ပါတယ်....


ပန်းရိုင်းတွေကြား သား..မနားတော့ဘူး အမေ


အမေ..
သား အားလုံး အဆင်ပြေတယ် အမေ
သားကို အမေ စိုးရိမ်တာ အရမ်း ပင်ပန်းလွန်းပါတယ်အမေရယ်
သားက မစိုးရိမ်ဖို့ပြောတာမဟုတ်ဘူးနော်
အမေပဲ.. သားကို စိုးရိမ်တာ ဖြစ်သင့်တာပေါ့
ဒါပေမယ့် အမေရယ်... ခုလောက်ကြီးတော့...
မဟုတ်တာ အမေရယ်
သား ပစ်စလတ်ခတ် နေနေတာမဟုတ်ဘူး အမေရဲ့
ဘာမှတော့ မဟုတ်ပေမယ့် သား အလုပ်သေးသေးလေးတစ်ခုနဲ့ပါ
သားစာမေးပွဲနှစ်ခါကျပေမယ့် အမေက Day ပဲ တက်စေချင်တယ်တဲ့..
မလုပ်ပါရစေနဲ့ အမေရယ်..
သား မသုံးရက်တော့ပါဘုး.... သားဘာသားလဲ ရှာပါရစေဦး..
အမေကတော့ အမေ့သား အလုပ်လုပ်နေတာ မကြည့်ရက်လို့ပေါ့...
ဟုတ်လဲ ဟုတ်ပါတယ် ..
၁၈နှစ်ဆိုတဲ့ အရွယ်က အလုပ်လုပ်နေရမယ့် အရွယ်မှ မဟုတ်တာ..
ပြီးတော့ အမေ့သားက ဂုဏ်ထူးနှစ်ခုနဲ့ အောင်ထားတာဆိုတော့
အမေ နှမြောမှာပေါ့..... ခုမှတော့ ဘာတတ်နိုင်မှာလဲ အမေရယ်..
သား UFL မတက်ချင်တော့ပေမယ့် အဝေးသင် ဘွဲ့တစ်ခုရအောင်ယူမှာပါ...
ခု သား အလုပ်လုပ်နေတယ်ဆိုတာလဲ မပင်ပန်းဘူး အမေရဲ့
သားပြောပြမယ်....
အင်တာနက်ဆိုင်မှာ လာသုံးတဲ့ user တွေလာရင်
သား အချိန်မှတ်ရတယ်... သူတို့ပြန်ရင် အချိန်နဲ့ တိုက်ပြီး
ပိုက်ဆံတွက်ယူရတယ်..... မီးမလာရင် မီးစက်နှိုးရတယ်
ဆိုင်ရဲ့ ဝေယျာဝစ္စ တွေတော့ နည်းနည်း လုပ်ရတာပေါ့ အမေရယ်
ဒါပါပဲ.... ကဲ အမေ သားဘယ်မှာ ပင်ပန်းလို့လဲ အမေရဲ့
သားကို စိတ်ချနော် အမေ..
အမေ့သားက ဒီတစ်ခါ လခ တိုးရင် အမေ့တို့ကို ကန်တော့နိုင်တော့မှာ
သိလား .. အမေရဲ့
ပြီးတော့လေ အမေ... ဒီနှစ် ၁၀တန်းဖြေနေတဲ့ အမေ့သမီး ကို
သားထက် ဂုဏ်ထူးတွေ အများကြီးပါရင် အမေတို့တင်မက ဘူး
သားကပါ ဆုချမှာအမေရဲ့ ... သိလား..
အမေက သာ စိတ်ပူနေတာ.. .အဖေကဆို
သား UFL မှာတက်တုန်းက လို မပျက်စီး မပေတေတော့ပဲ
အလုပ်လုပ်ချင်စိတ်တွေ ၀င်နေတာကို ၀မ်းသာနေတာ အမေရဲ့
အမေလဲ အဲလိုဖြစ်ရမှာ............
နောက်ဆိုလေ... ဒီထက် ပိုကောင်းတဲ့ အလုပ်တွေရရင်လေ
သား က စုစုထားပြီးတော့ သားကျောင်းစရိတ်ကို ကိုယ့်ဘာကိုယ်
ရှာတက်မှာ အမေရဲ့.....
အမေကတော့ သားက လက်ဖြန့်ရင် ဘယ်ချိန်မဆို ပေးမယ်ဆိုတာ
သားသိတာပေါ့..
ဒါက အမေ ဂုဏ်ယူဖို့ ပြောပြတာ...
အမေ........ အဖေ လို သားရဲ့ အပြောင်းအလဲလေးကို
ဝမ်းသာနေနော် ... အမေ
အရင်ကလို သားအပေါင်းအသင်းတွေ နဲ့ ပေတေနေလို့
ရတဲ့နေရာမှာ နေနေတာမဟုတ်ဘူး
သားကို စိတ်ချနော်.. အမေ..
အမေ့သမီးကိုလဲ ပြောလိုက်ဦး...
သားက ဆုချမှာတဲ့.... လို့ နော် အမေ...
နောက်ထပ် ပြောပါရစေ အမေ....
သားကို စိတ်ချပါ...



အမေ့ရဲ့ သားကြီး






.............နတ်ဆိုးလေး...........................

4 Response for the "ပန်းရိုင်းတွေကြား သား..မနားတော့ဘူး အမေ"

  1. noblemoe says:

    ကြိုးစားနေတဲ့သူတွက် အောင်မြင်မှုဆိုတာ ရှိုမှာပါ။
    ဇွဲ တော့မလျှော့လိုက်ပါနဲ့  ရည်မှန်းချက်ပန်းတိုင်ရောက်တဲ့နေထိ အားသွန်ခွန်စိုက်ကြိုးစား လိုက်ပေါ့  မောင်လေးအမေလည်းဝမ်းသာဂုဏ်ယူနေမှာပါ။
    သာယာချမ်းမြေ့ပါစေနော်
    မိုး

  2. ကြိုးစားရင်ဘုရားတောင်ဖြစ်တယ်ရှင့် မကြိုးစားရင် ဒိုးပြားတောင်မဖြစ်ဘူး
    ဟီဟိ

  3. လိမ်မာ တဲ့ သားလေးပေါ့ ကျိုးစားပါ စာတွေလာဖတ်ရဲ့လား

    ခင်တဲ့
    ရွှေစင်

  4. နတ်ဆိုးလေးရဲ့အမေတော့မသိဘူး...
    စာလာဖတ်တဲ့သူတွေတောင် ကြည်နူးရပါတယ်...