• Emotion Exit

    poem book
    နတ်ဆိုးလေးရဲ့ ဒီဘလော့ဂ်မှာ ဖော်ပြပြီးဖြစ်တဲ့ ကဗျာ လေးတွေကို စုစည်းပြီးတော့ ဖန်တီးထားတဲ့ ကဗျာစာအုပ်ကလေးပါ.။ ကဗျာ ၀ါသနာအိုးများအတွက် မျှဝေလိုက်ပါတယ်..။
    ပုံကိုကလစ်လိုက်နော်

မန္တလေးမြို့ ကျွန်ုပ်နေထိုင်ရာ. ရပ်ကွက်တွင် လျှပ်စစ်မီးများ ၂၄နာရီ လာနေသည်မှာ. ၂ရက်ရှိသွားပြီ ဖြစ်ကြောင်း.ထူးဆန်းအံ့သြဖွယ်ရာ တွေ့ရှိရကြောင်း ရပ်ကွက်နေ ပြည်သူများမှာ မယုံကြည်နိုင်အောင် ဖြစ်နေကြောင်း.. .. မီးပျက်လျှင်လဲ ၅ မိနစ်ဆိုသည်မှာ အကြာဆုံးဖြစ်ကြောင်း.. ထိုသို့ မီးလာနေသည်မှာ.. မည်သည့်အတွက်ကြောင့် လာနေသည်ကို မသိသေးကြောင်း.. စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း မြို့တွင်း မီဒီယာမှ
သတင်းထောက်အကျော် နတ်ဆိုးလေး.ထံမှ သိရှိရတာကို တင်ပြလိုက်ရပါတယ်ခင်ဗျာ...

အမှားပါတွားရင်ခွင့်လွှတ်ပါခင်ညာ...

လေးစားလျက်
နတ်ဆိုးလေး

11 Response for the "သတင်းထူးဗျို့ သတင်းထူး..."

  1. makhaing says:

    ဘာကြောင့်ပဲပေးပေး မီးရနေတာဆိုတော့ စိတ်ချမ်းသာကြမယ်ထင်ပါတယ်..။

    မလာတဲ့အချိန်လည်း ဒုံရင်းပြန်ဖြစ်ကြတာပေါ့..နော်..။

    မဗေဒါ (၈၈)

  2. Anonymous says:

    သတင်းထူးဆိုလည်းပြေးလိုက်လာတာ..ဖိနပ်တောင် ဘယ်နားကျကျန်ခဲ့ပြီလဲ မသိဘူး...။ ဟိုတလောက မီးပေးဖို့ လူငယ်တွေ စာရေးလက်မှတ်ထိုးပြီး နေပူတော်ကို ပို့တယ်ကြားတာပဲ။။ မီးလာတုန်း နင်းကန် သုံးထားလိုက်။ သူက ခဏနေရင် ပြန်ပျက်မှာ..ဟီးး

  3. အော ဂလိုလား... သတင်းထောက် အကျော်က အဲဒါကို မတိလိုက်ဘူးဗျ
    ကိုမိုးပြောပြမှပဲ ဒီ ဒဒင်းဒေါက် တော်တော် ညံ့မှန်း တိတွားတော့ဒယ်

  4. အမြင့်ဆုံးကိုတက် အချစ်ဆုံးကိုဖက်ပြီး အကျယ်ဆုံး သုံးခါအော်လိုက်မယ်
    မီးလာပြီ မီးလာပြီ မီးလာပြီဟေ့...........

  5. အံ့သြစရာကြီးပါလား
    သဘောတွေကောင်းလိုက်တာနော်...

  6. မောင်ရင်.. ပြောမရပါလား။ ဒီတစ်ခါတော့ တခါတည်း လိုက်ခဲ့ပေတော့။

  7. ခဏလေးပါခင်ညာ .. မီးလာတုန်း ထမင်းပေါင်းအိုးလေး တည်လိုက်ပါဦးမယ် ခင်ဗျာ... ပြီးတော့ အနော်ကြိုက်တဲ့ Avatar ဇာတ်ကားလေးလဲ ကြည့်ဦးမယ် ... မီးပျက်ရင်လိုက်ခဲ့ ပါ့မယ် ... ဟီးဟီး

  8. ~P~ says:

    တယ်ဟုတ်ပါလား....ထီထိုးအုန်းမှပဲ... :D
    သိပ်အော်မနေနဲ.နော် ကိုနတ်ဆိုးလေး...တော်ကြာကြားသွားလို. ပြန်ပျက်နေလို. ထမင်းတောင်မတည်လိုက်ရပဲနေအုန်းမယ် :P

  9. ~J-Quen ~ says:

    အခုလို အထူးဆန်းတင်ပြတဲ့တွက် ကျေးဇူး:D

  10. မဟာ သတင်းထူးကို လာဖတ်သွားပါတယ်...ယနေ့ လျှပ်စစ်မီး မဟာကံထူးရှင်ဆုကိုတော့ မန္တလေးက အနိုင်ရသွားပါသည်...နောက်ဆို တိုးတိုးပြောပါ...ကြားသွားမှဖြင့်...ခက်ကုန်မယ်နော်...

  11. Z says:

    ကောင်းတဲ့ သတင်းပါ။ :)