• Emotion Exit

    poem book
    နတ်ဆိုးလေးရဲ့ ဒီဘလော့ဂ်မှာ ဖော်ပြပြီးဖြစ်တဲ့ ကဗျာ လေးတွေကို စုစည်းပြီးတော့ ဖန်တီးထားတဲ့ ကဗျာစာအုပ်ကလေးပါ.။ ကဗျာ ၀ါသနာအိုးများအတွက် မျှဝေလိုက်ပါတယ်..။
    ပုံကိုကလစ်လိုက်နော်

ပန်းတော့ ပန်း
ဒါပေမယ့် အနံ့ မရှိ
မထိတထိလေးတောင် လာမနားတဲ့
လိပ်ပြာတွေကို ငြိုငြင်ရင်း
စူပုပ်နေလောက်တယ်..။

ပန်းတော့ ပန်း
ဒါပေမယ့် အဆိပ်ပန်း
လမ်းပေါ်က ရင်ဘတ်တွေလဲ
မည်းညစ်ညစ် သူ့ဝတ်ရည်ကြားမှာ
နာကျင်စွာ အတုံးအရုန်း...။

ပန်းတော့ ပန်း
ဒါပေမယ့် ငရဲပန်း
မှန်းမထားတဲ့ နေရာမှာ
(ရှာကြံ ပြီးတောင်) မတွေးဖြစ်တဲ့ အိပ်မက်ဆိုးနဲ့ အတူ
ပူလောင်မှုကိုလဲ မီးထိုးပေးတတ်သေး...။

တွေးတတ်ရင် သိမှာပါ
ကြာကြာဝါးမှပဲ ခါးမှာပေါ့
ခပ်သော့သော့ပဲ ငါ တွေးမိတာပါ
(ပန်းတော့ ပန်းပါပဲ.. ဒါပေမယ့်.........
ခွေးသေးပန်း...............) လို့.............။




..........နတ်ဆိုးလေး............

1 Response for the "ပန်းတစ်ပွင့်၏ အစွယ်"

  1. ပန်းတော့ ပန်း...
    ဒါပေမယ့် သူများအပစ်ပယ်ခံရတဲ့ပန်း...
    အဲဒီပန်းကလေး...သနားပါတယ်နော်...။