• Emotion Exit

    poem book
    နတ်ဆိုးလေးရဲ့ ဒီဘလော့ဂ်မှာ ဖော်ပြပြီးဖြစ်တဲ့ ကဗျာ လေးတွေကို စုစည်းပြီးတော့ ဖန်တီးထားတဲ့ ကဗျာစာအုပ်ကလေးပါ.။ ကဗျာ ၀ါသနာအိုးများအတွက် မျှဝေလိုက်ပါတယ်..။
    ပုံကိုကလစ်လိုက်နော်

ကိုနတ်ဆိုးလေး မင်္ဂလာပါ...
ဟုတ်ကဲ့ မင်္ဂလာပါဗျာ...

နတ်ဆိုးလေးက ဘယ်လို လူမျိုးလဲ...
လူတွေထဲမှာ လူဖြစ်နေပေမယ့် လူတွေကြားထဲ ကျင်လည်နေရတာကို စိတ်ပျက်နေတဲ့လူ
လူတွေ နဲ့ ရောနေရတာထက် တစ်ယောက်တည်း ဆေးလိပ်ထိုင်ဖွာနေရတာကို ပိုပြီးခုံမင်တဲ့လူ..

လူတွေနဲ့ မနေချင်ဘူးဆိုတော့ ဘယ်လိုနေရာမျိုးက နတ်ဆိုးလေးအတွက် အကောင်းဆုံးဖြစ်မလဲ..
လေတစ်ဟူးဟူးတိုက်နေတဲ့ မြစ်ရေကာတာ ထိပ်လိုမျိုးကို နှစ်သက်တယ်..
လူတွေနဲ့ မနေချင်ဘူးဆိုပေမယ့်. သူတို့ဘာသာရှိနေတာ ပြသနာ မဟုတ်ပါဘူး.. ကျွန်တော်နဲ့ ရှိမနေစေချင်တာပါ.. (မလိုအပ်ဘုးထင်တဲ့ အချိန်တွေမှ ပါ.. လိုအပ်ရင်တော့ နေပေးရတာပေါ့.. တစ်ဦးတစ်ယောက်တည်း အမြဲနေလို့မှ မရတာ....)

နတ်ဆိုးလေးရဲ့ကဗျာတွေက ဘယ်လိုခံစားပြီးရေးလဲ..
ဟုတ်ကဲ့... စိတ်ကူးထဲမှာ ကောင်မလေးတစ်ယောက်ကို ထည့်ပြီး ရင်ခုန်ပစ်လိုက်တာပါ..
ကြေကွဲချင်ရင် စိတ်ကူးထဲက ကောင်မလေးက ကျွန်တော့ကို ဖြတ်သွားတာမျိုး တွေးပစ်လိုက်တယ်..
ကြည်နူးချင်ရင် အဲကောင်မလေးနဲ့ လျှောက်လည်ပစ်လိုက်တယ်...
အတွေးထဲမှာဆိုတော့ လွပ်လပ်ပါတယ်... လျှောက်လည်လဲ နှောက်ယှက်မဲ့လူမရှိဘူး.... ရန်ဖြစ်လဲ ၀င်ဖြေရှင်း ပြန်တည့်အောင် လုပ်ပေးမယ့်လူမရှိဘူး..

အပြင်က ကောင်မလေးကို စိတ်ကူးထဲ ထည့်လိုက်တာလား...
မဟုတ်ပါဘူး.. အပြင်မှာ မရှိပါဘုး.. စိတ်ကူးထဲမှာပဲ... သူ့နာမည်က ထာဝရ တဲ့..

အော် ... ဒါဆို နတ်ဆိုးလေးက ရည်းစားမရှိဘူးပေါ့....။
ရည်းစားက ပေါပါတယ်.... ချစ်သူမရှိတာ.....

ဒါနဲ့ နတ်ဆိုးလေး ကျောင်းထွက်လိုက်တယ်ဆို.. ဘာလို့လဲ..။
အဲဒါက မိုက်မဲရာများ ကျမလားမသိဘူး.. ဘွဲ့ကို အထင်မကြီးလို့ဗျ.. ဘာမဟုတ်တဲ့ ဘွဲ့ကို ၃နှစ်တက်ပြီး ယူရမှာ မတန်ဘူးထင်လို့... ကျွန်တော် အရမ်းမိုက်တယ်လို့တော့ ပြောကြတယ်... အမေ့ဆန္ဒအတွက်
အဝေးသင်တော့ တက်မှာပါ...။

နတ်ဆိုးလေးရဲ့ လက်ရှိအခြေအနေကကော... အဆင်ပြေလား
အင်း ပြေပါတယ်... ငတ်ပြတ်မနေရင် ကျွန်တော့အတွက် အဆင်ပြေပါတယ်.. ဘာကိုမှ အပူအပင် မထားတတ်ဘူးဗျ..

အချစ်အပေါ် နတ်ဆိုးလေး ဘယ်လိုမြင်လဲ..
အချစ်ကို ပူလောင်တယ်.. အေးချမ်းတယ်.. ခါးတယ် .. ချိုတယ်.. အမျိုးမျိုး ဖွင့်ကြတာ.
ကျွန်တော်က အချစ်ကို ဖွင့်ဆိုတဲ့ အကောင်းဘက်က အဓိပ္ပါယ်သတ်မှတ်ချက် အားလုံးကို လက်ခံတယ်..
အချစ်က အ၇ာအားလုံး ကောင်းပါတယ်...

ရည်းစားတွေ ပေါတယ်ဆိုတော့ ချစ်ဖူးမှာပေါ့...။
ဟင့်အင်း.. ရည်းစားတွေကို မချစ်ဖူးပါဘူး... ထာဝရ ကိုပဲ ချစ်တယ်...

အချစ်က အရာအားလုံးကောင်းတယ်ဆိုပြိး ဘာလို့ မချစ်တာလဲ..
အချစ်ကို ယုံတယ်လေ... ချစ်ပါတယ်လို့ ပြောလာမယ့် လူတွေကို မယုံတာ..

မေးခွန်းအကြီးကြီး မေးလိုက်ဦးမယ်.. လောကကြီးကို နာကြည်း ဖူးသလား..
ဟင့်အင်း မနာကြည်းဖူးပါဘူး... တစ်ခုပဲ... လောကကြီးက သူ "က" တာ လောလွန်းတယ်.. လိုက်မမီဘုး...

တိုးတက်နေတဲ့ ခေတ်ကြီးကရော နတ်ဆိုးလေးကို ဘယ်လိုတွန်းအား မျိုးပေးနေသလဲ..
ခေတ်ကြီးတိုးတက်တာကို ကြိုက်ပါတယ်.. တိုးတက်ချင်သလောက်တိုးတက်ပါစေ.. အမီ လိုက်မှာပါ..
(မီမီ မမီမီ လိုက်တာကတော့ လိုက်မှာပါ..)

မမီခဲ့ရင်ကော စိတ်ပျက်အားငယ်တာတွေ ဖြစ်လာနိုင်သလား..
မဖြစ်နိုင်ပါဘူး... အစကတည်းက မီမယ်လို့မှ ထင်မထားတာ ... စောစောက ပြောသလိုပဲ
လောကကြီး က "က" တာ လောတယ်လေ..။

ဟုတ်ပါပြီ... နောက်ဆုံး မေးခွန်းကတော့..
သေဖို့ ငါးမိနစ် ပဲ လိုတော့တယ်ဆိုရင် ဘာလုပ်မှာလဲ..
အဲဒီအချိန်မှာ လုပ်နေတဲ့ အလုပ်ကိုပဲ ဆက်လုပ်နေမိမှာပါ... ကြိုသိနေရရင်တော့ တစ်မျိုးပေါ့...

အဲ .. ဟုတ်တယ်.. ကြိုသိနေရရင်ကော....
မရောင့်တက်နဲ့လေ... စောစောက မေးခွန်းက နောက်ဆုံးမေးခွန်းလို့ ပြောထားတယ်လေ...


နတ်ဆိုးလေး ကိုယ်တိုင်မေးပြီး နတ်ဆိုးလေးကိုယ်တိုင် ခပ်တည်တည်ဖြင့် ပြန်ဖြေထားပါသည်...။

နတ်ဆိုးလေးရဲ့ ပုံမကျ ပန်းမကျ အယူဝါဒ များကို စိတ်ရှိလက်ရှိ ဝေဖန်သွားကြပါခင်ဗျာ


အားလုံးကို လေးစားလျက်
...နတ်ဆိုးလေး....

10 Response for the "နတ်ဆိုးလေးနဲ့ အင်တာဗျူးခြင်း.. :P"

  1. နတ်ဆိုးလေး အမှန်ဆုံးကတော့ ကျောင်းထွက်လိုက်တာဘဲ တခြား ကမ္ဘာ့ အဆင့်မှီ အသိအမှတ်ပြု သင်တန်းများ တက်ရောက်ရန်ကျိုးစားပါလေ..

    စာများ များများဖတ်ပါ

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

  2. မောင်နတ်ဆိုးလေး..

    ကျေးဇူးပါ လာလည်တာ.. ပုံတွေကတော့ အများကြီးရှိတယ်.. ပြောစရာတွေလည်း တပွေ့တပိုက်ကြီး..။ ဒါက အကျဉ်းချုပ်..။

    ရေးထားတဲ့ အိုင်ဒီယားလေးက အရမ်းကောင်းတယ်.. အမရွေစင် ပြောသလိုပဲလို့ ထောက်ခံပါတယ်.. ဟဲ.. ထောက်ခံနေကျ အကျင့်ပါနေတာ..။

    အတန်းပညာ ကတော့ အလုပ်တခုခု ရဖို့ အတွက် အရမ်းအရေးပါတယ်.. မြန်မာပြည်ကတော့ မောင်နတ်ဆိုးတို့ ပိုသိမှာပါ.. အမကတော့ သိပ်မပြောချင်ဘူး..။ တကယ်သင် လေ့လာတဲ့ သူတွေကတော့ ဘယ်နိုင်ငံပဲ ဖြစ်ဖြစ် တကယ်တယ်တယ်.. ဘွဲ့ရပြီး တော့ အမရေးခဲ့သလိုပဲ မြန်မာပြည် ဘယ်ရှိမှန်း မသိတဲ့ အဖြူတွေ ရှိသလို အမဲတွေလို ထိုနည်းလည်းကောင်း ပေါ့နော်..။ ဒါကြောင့် မောင်နတ်ဆိုး ပြောနေကြစကားဖြစ်တဲ့ အမေ့ကြောင့် ဆိုတာထက် အမေ့ကို နားလည်အောင် တကယ်ရှင်းပြနိုင်ရင်ကောင်းမယ်ထင်ပါတယ်.. ဆိုလိုတာက ဖြစ်နေတဲ့ အခြေအနေ ရေစီးကြောင်း..။

    အမကတော့ ဘယ်မှာနေနေ ကိုယ်သွားချင်တဲ့ လမ်းကြောင်းကို တကယ် ဖောက်ထွင်း သိနိုင်အောင် ကျိုးစားစေချင်တဲ့ ဆနရှိပါတယ်..။ ကျိုးစားရမယ်ပေါ့..။ ပန်းတိုင်ကို သေသေချာချာထား.. ပြီးရင် ပုံမှန်လုပ်ဖြစ်အောင် ဇွဲနဲ့လုပ်.. ရောက်ကိုရောက်မယ်.. အောင်မြင်မယ်..။

    အမက အဲ့လိုပဲ ပြောနေကျ.. မင်းတို့လို အရွယ်တွေကို အုပ်ချုပ်ခဲ့ဖူးတယ်ပဲ ပြောရမလား.. လက်တွဲ ခေါ်ခဲ့ဖူးတယ်ပြောရမလား.. အတူတူနေဖူးတော့ စေတနာ စကားတော့ လက်လှမ်းမီရင် ပြောချင်တာပါပဲ.. ကျိုးစားပါနော်.. ဇွဲ မလျော့နဲ့.. အရွဲ့မတိုက်နဲ့ လောကကြီးကို အကောင်းဘက်က မကြည့်နိုင်တောင် .. အပြုသဘောကြည့်စေချင်တယ်.. တော်ပါပြီ..

    ထပ်ပြောလိုက်ဦးမယ်.. ဒီလိုအရွယ်နဲ့ ဒီလိုရေးနိုင်တာလည်းချီးကျူးတယ်နော်..။

    ခင်တဲ့

    မဗေဒါ (၈၈)

  3. ကျေးဇူးပဲဗျာ ... ကျွန်တော်ကလဲ ခက်တယ်ဗျ..။ ဒီလောက် ကျောင်းတက်ဖို့တွန်းအားတွေ အများကြီးပေးနေတဲ့ကြားက
    ရုန်းထွက်ပြီး မဖြေပဲ နေလိုက်တာ.... .။ ဟုတ်ကဲ့..
    ကြိုးစားပါ့မယ်ဗျာ..

  4. မောင် နှိုးစက်လေး... မင်းစာတွေက ဒီတစ်ခါလည်း ကိုယ့်ကို နှိုးလိုက်ပြန်ပြီကွာ။ အပေါ်က လူဟောင်းကြီးတွေ ပြောတာကိုလည်း ပိုပြီး ထောက်ခံပါတယ်။ နည်းပညာတွေကိုတော့ ခုထက်ပိုပြီး လေ့လာပါကွာ။ နည်းပညာခေတ်မှာ နည်းပညာနောက် လိုက်ရတာ ရိုးသွားတယ်ဆိုတာတော့ မရှိပါဘူး။ သူများတွေလို ဂျီတော့ခ် နဲ့ ဘွဲ့ယူတာထက် စာရင်ပေါ့။

  5. ဟုတ်ကဲ့ မဗေဒါခင်ဗျာ... ကျွန်တော် ဒီပို့စ်အတွက် ဒီလို အားပေးသံတွေ ကြားရလိမ့်မယ်လို့ မျှော်လင့်မထားပါဘူုး...
    ကျွန်တော် သာမန်ကာလျှံကာလေးပဲ ရေးလိုက်တာမို့ အလာပသလာပ ထက်မပိုတဲ့ comment တွေပဲ ဖြစ်လာလိမ့်မယ်လို့ထင်ထားခဲ့တာ.. ခုလို အားပေးတဲ့ စကားတွေ ကြားရတာ ရင်ထဲမှာ အတိုင်းမသိ ၀မ်းသာပါတယ်
    မဗေဒါနဲ့ မရွှေဇင် တို့ကို အထူးကျေးဇူးတင်လျက်ပါ..
    မဗေဒါပြောသလိုပဲ အမေ့ကြောင့် ဆိုတာထက် ပိုပြီး အဓိပ္ပါယ် ရှိအောင်ကြိုးစားပါ့မယ်ဗျာ...


    အားလုံးကို လေးစားလျက်
    ...နတ်ဆိုးလေး....

  6. ကိုZOX ပေးတဲ့ နှိုးစက် ဆိုတဲ့နာမည်ကို နှစ်သက်မိပါတယ်
    ကျေးဇုးပါ ကိုZOX ခင်ဗျား......

  7. Anonymous says:

    မှန်တယ်ထင်ရင် တောင်သမန်အင်းထဲ ခုန်ချသင့်ရင်လည်း ခုန်ချရမှာပေါ့လေ...ဟဲ..ဟဲ

  8. Unknown says:

    ကိုယ့်ဘာသာ ဗျူးပြီးကိုယ့်ဘာသာဖြေထားတာ အဆင်ကို ချောနေတာပဲ နတ်ဆိုးလေးရေ... နှင်းဆီဖြူ ရဲ့ အိမ်လေးကို လာလည်တာ ကျေးဇူးပါ.. သေဖို့ ငါးမိနစ်ပဲ လိုရင်တော့ ရှင်ခဲ့ရတဲ့ အချိန်လေးတွေထဲက ပျော်စရာလေးတွေ စဉ်းစားကြည့်ချင်တယ်...း) ပြုံးပြုံးလေးသေရတာပေါ့ ဟီးဟီ..

  9. ပျော်စရာ လေးတွေ စဉ်းစားပြီး ပြုံးပြုံးလေး သေချင်တဲ့ မနှင်းဆီဖြူရေ ... သေရမှာ သိနေတော့ ပြုံးနိုင်ပါ့မလား..
    ကျွန်တော်တော့ မထင်ဘူးဗျ.. သေတော့မှာပဲ ဆိုတဲ့ အတွေးနဲ့ ထိတ်လန့်မှုကို ဘာနဲ့ ထိန်းချုပ်ပါ့မလဲ..????

  10. ဖတ်တယ် .. မမန့် တွားဘူး..နောက်တခါထပ်ဖတ်တယ် .. မန့် တယ်..
    တေတော့မယ်လို့ အနော်သိရင် ဟို ဟိုဟာလုပ်မယ် ..
    တမျိုးမတွေးကြပါနှင့် ...

    ................
    ............
    ........... သိရင်တော့ နတ်ဆိုးလေးနဲ့ ကိုမာရ်နတ်ဆီမှာ မသေဆေးတောင်းမည်..
    အဟဲ ... မရရင်တော့ အဖော်ခေါ်တွားတယ် .. တယောက်တည်း ကြောက်လို့ ..