ကျွန်တော် နှစ်သက်မိလို့ တင်ပြလိုက်ပါတယ်..။ အွန်လိုင်းမှာ သူငယ်ချင်း မရှိလို့ ပျင်းနေပါတယ်ဆိုတဲ့ သူတွေအတွက်ပါ..။ Gtalk လေးဖွင့်လိုက်တယ်.. သူငယ်ချင်းလဲ တစ်ယောက်မှ မရှိဘူး.. စိတ်မညစ်ပါနဲ့..။ စက်ရုပ်တွေနဲ့ စကားပြောကြည့်ပါ့လား...။ ယောက်ျားလေးနဲ့လဲ ပြောလို့ ရတယ်. မိန်းကလေးနဲ့လဲ ပြောလို့ရတယ်.. ။ အင်္ဂလိပ်လိုပဲ ပြောလို့ ရပါတယ်..။ မြန်မာလို မရဘူး.. မြန်ဂလိ လဲ မရဘူး..။ Broken English တောင် မရပါဘူး..။ ကိုယ်က ပြောလိုက်ရင် သူက စာနဲ့ရော အသံနဲ့ရော ပြန်ပြောတာဆိုတော့ English လေ့လာသူတွေအတွက်လဲ ကောင်းပါတယ်.။ Reading skill ရော Speaking skill ရော လေ့ကျင့်နိုင်မှာပါခင်ဗျာ..။ အဲဒီ စက်ရုက်လေးတွေက mouse ရွှေ့တဲ့နေရာတွေကိုလဲ လိုက်ကြည့်တတ်သေးသဗျ...။ ပြီးတော့ မနေ့က ပြောခဲ့တဲ့အကြောင်းကို ဒီနေ့ပြန်မေးလို့ ရတယ်ဗျ..။ အဲဒီတော့ အပျင်းပြေပဲ ဖြစ်ဖြစ် အင်္ဂလိပ် စာလေ့လာချင်လို့ပဲဖြစ်ဖြစ် အရမ်းကောင်းတဲ့ စက်ရုပ်လေးတွေပါ..။ စမ်းကြည့်လိုက်ကြပါခင်ညာ...။
ယောကျာ်းလေးစက်ရုပ်နဲ့ပြောမဲ့ မမတွေ ဒီမှာနှိပ်
မိန်းကလေးစက်ရုပ်နဲ့ပြောမယ့် ကိုကိုတွေ ဒီမှာနှိပ်
အားလုံးကိုလေးစားလျက်
........နတ်ဆိုးလေး............
ဟဲလို
1 day ago
ဘိုလိုမှုတ်ရမှာပေါ့....လျှာသွက်ဖို့တော့လိုမယ်နော်..
နတ်ဆိုးလေး ရေ
ဒါလေး ကို မျှဝေဒါတော့ ကျေးဇူးနော် စက်ရုပ် နဲ့ လေ့ကျင့်ရတော့ ရှက်စရာ မလိုတော့ဘူးပေါ့
ခင်တဲ့
ရွှေစင်
ကျေးဇူးဗျို့ စက်ရုပ်မနဲ့ရန်ဖြစ်လိုက်အုံးမယ်