• Emotion Exit

    poem book
    နတ်ဆိုးလေးရဲ့ ဒီဘလော့ဂ်မှာ ဖော်ပြပြီးဖြစ်တဲ့ ကဗျာ လေးတွေကို စုစည်းပြီးတော့ ဖန်တီးထားတဲ့ ကဗျာစာအုပ်ကလေးပါ.။ ကဗျာ ၀ါသနာအိုးများအတွက် မျှဝေလိုက်ပါတယ်..။
    ပုံကိုကလစ်လိုက်နော်

မန္တလေးမြို့တည် နန်းတည် နှစ် ၁၅၀ပြည့် ပြဇာတ်ကြည့်ရင်း နောက်ဆုံး ငိုသံပါကြီးနဲ့ ပြောချလိုက်တဲ့ လူရွှင်တော်ကြီး ရဲ့ ပြောင်မြောက်တဲ့ ပျက်လုံးလေးပါ...။ တရုတ်ပုံစံပေါက်နေတဲ့ လူရွှင်တော်ကြီးက ဗမာစစ်စစ် မန္တလေးသားစစ်စစ် ဖြစ်တဲ့အကြောင်း ကို မှတ်ပုံတင်နဲ့ သက်သေထူပြီး နန်းတော်တိုင်ဖက်မွေးလာတဲ့ မန္တလေးသား စစ်စစ်ကြီးပါဗျာ.. လို့ မျက်နှာငယ်လေးနဲ့ ပြောလိုက်ပုံက ပြောချင်တဲ့ အကြောင်းအရာကို ထိထိမိမိ ပြောချလိုက်တာ အရမ်း နှစ်သက်မိပါတယ်..။ လူမျိုးခြားတွေ (အထူးသဖြင့် တရုတ်တွေ) မျက်စိနောက်နေအောင် မြင်နေရတဲ့ ဒီကနေ့ မြန်မာနိုင်ငံမှာ လူမျိုးခြားယဉ်ကျေးမှုတွေ လွှမ်းမိုးလာလိုက်တာ... တစ်ချို့ ဗမာများဆို ဗမာ ပါလို့ ကျိန်ပြော .. ဘယ်သူမှမယုံဘူး..။ အထူးသဖြင့် မိန်းကလေးများ ပါ..။ တွေ့လိုက်ရရင် မျက်စိ ကျိန်းချင်စရာ.တွေချည်းပဲ..။ Mini Skirt တွေ Micro Skirt တွေနဲ့ သူတို့ကို အဲဒါလေးတွေနဲ့ နေတတ်တာ နတ်ဆိုးလေးတို့များ အံ့သြလို့ မဆုံးဘူး..။ လွပ်လွပ်လပ်လပ်လှုပ်ရှားလို့ မရ ဘာမရနဲ့ ..။ ယောက်ျားလေးများကရော အ၀တ်အစား တွေက ဘာတွေမှန်းကို မသိပါဘုးဗျာ..။ ဟိုနေရာက အချွန်အတက်တွေ ထွက်နေရတာ နဲ့ ဒီနေရာက အပေါက်တွေ ဖောက်ထားရတာနဲ့... နတ်ဆိုးလေးလဲ လူငယ်ပါ.. လူငယ်မှ မိုက်လို့ကောင်းတဲ့ အရွယ် လူငယ်ပါ..။ ရင့်ကျက်နေတဲ့ လူငယ် မဟုတ်သေးပါဘူး..။ ကိုယ်ကိုယ်တိုင် လူငယ်တစ်ယောက် ဖြစ်နေတယ်.. ။ ဒါတွေကို အကောင်းမြင် မပေးနိုင်ဘူးလား..။ မေးစရာ ရှိပါတယ်..။ ဟုတ်ကဲ့ တော်ရုံပဲ ကောင်းပါတယ်..။ သရုပ်ပျက်လွန်းရင် နတ်ဆိုးလေးက အချင်းချင်းလဲ အမြင်ကတ်ဲ့ပါတယ် ..။ ဘယ်လို ကြည့်မရမှန်းကို မသိတာပါ..။ မိန်းကလေး နဲ့ ယောက်ျားလေး ကြားလို့မှ နားမချမ်းသာတဲ့ စကားလုံးများ ကို လဲ ဗန်းစကားလို့ နာမည်တပ်ပြီး ဖောဖောသီသီ သုံးနေကြပါတယ်.။ ကလပ်ဆိုတဲ့ နေရာမျိုးတွေမှာ လဲ မိန်းကလေးရော ယောက်ျားလေးရော အရွယ်ရောက်ပြီးသူရော အရွယ်မရောက်သေးသူများရော ရောက်နေကြတယ်..။ နောက်ပြီးတော့ အင်တာနက်ပါ.. နေ့စဉ်နဲ့ အမျှ အချိန်ပိုင်းအလုပ်လုပ်နေရတဲ့အတိုင်း အချိန်မှန် လာနေကြတယ်..။ အင်တာနက်ဆိုင်ကို..။ ဘာလုပ်ကြတာလဲ .. ဟုတ်ကဲ့ chatting ထိုင်တာပါခင်ဗျ..။
Gtalk လေးဖွင့် ဘောက်ဘောက် ဘလောက် ဘလောက် ဗြောင်း.. ဆို လက်ကွက် ခပ်မြန်မြန်လေး ရိုက်တတ်တာ ကြီးကို သူတို့က ဘ၀ ထင်နေကြတာလေ..။ ဒီကောင်က အင်တာနက် ငါ့ထက်ပိုကျွမ်းတယ်ကွ.. ဘာတွေလုပ်တတ်လို့လဲ.. လက်ကွက်ပိုမြန်လို့... အော်.. ဖြစ်မှ ဖြစ်ရလေ..။ ဟုတ်တော့လဲဟုတ်ပါတယ်.. သူတို့မှာက အင်တာနက်ဆိုတာ chatting ပဲ လို့သိထားကြတာကိုး..။ သိပ် နှမြော ဖို့ ကောင်းပါတယ်.အချိန်တွေ..။ Gtalk ပဲ လုပ်စရာရှိတော့.. Gtalk ရယ် Sign in ရယ် Sign out ရယ် ပြီးရင် သူတို့တတ်စရာက လက်ကွက်ပဲ ရှိတော့တာကိုးးး။ အကျိုးရှိတာလေးတွေတော့ လုပ်စေချင်တာပေါ့ဗျာ..။ ပြောရင်းနဲ့ ဘယ်တွေတောင် ရောက်သွားမှန်းမသိဘူး..။ ပြောချင်တာက လူမျိုးအကြောင်းပါ..။ မြန်မာမှာ ကိုယ်ပိုင် ယဉ်ကျေးမှု ရှိပါတယ်..။ နိုင်ငံတကာက လေးစားမြတ်နိုးခြင်း ခံရတဲ့.. ယဉ်ကျေးမှုကြီးတစ်ခုလုံး ပိုင်ဆိုင်ထားပါတယ်..။ ထိန်းသိမ်းဖို့က ကျွန်တော်တို့ လူငယ်တွေ လက်ထဲမှာပဲ ရှိနေတာ.. ဒီတိုင်းဆိုရင်တော့ မြန်မာ့ယဉ်ကျေးမှု ကြီး ပျောက်သွားတော့မှာလားဗျာ...။
နတ်ဆိုးလေး ၁၀ တန်းတုန်းက မှတ်ပုံတင်သွားလုပ်တော့ ဖတ်ခဲ့ရဖူးပါတယ်..။ မှတ်ပုံတင်ရုံးတွေမှာ.. မြေမျိုလို့ လူမျိုးမပြုတ်.. လူမျိုမှ လူမျိုးပြုတ်မည်.. ဆိုတာလေး ..။ ကဲ.. ယနေ့လူငယ်များ..နတ်ဆိုးလေးတော့ မြန်မာနိုင်ငံမှာ ထင်ပါတယ်..။

ပြောနေတာလဲ ကြီးကျယ်ရာ ရောက်ပါတယ်.. မလောက်လေး မလောက်စား ကောင်လေးက ကြီးကြီးကျယ်ကျယ် ရေးတယ် ဆိုပြီး ၀ိုင်းဟားမှာလဲစိုးရသေးတယ်..။ အထင်သေးတာတို့ ဘာတို့.. အထူးသဖြင့်တော့ နတ်ဆိုးလေးက blogger ပါး မ၀သေးတာပေါ့..။ ရေးချင်နေတာ ကြာပါပြီ... ။ စာဖတ်သူတွေဆီက ထွက်လာမယ့်အသံ တွေကို ရင်မဆိုင်ရဲသေးလို့.. စဉ်းစားနေလို့ပါ..။ ပဋိပက္ခတွေကိုလဲ နဲနဲ ကြောက်မိတာပါ..။ ခု အရဲစွန့်ပြီး တင်လိုက်တာပါ..။ စာဖတ်သူရဲ့ အသံကိုရင်တစ်ထိတ်ထိတ်နဲ့ စောင့်ကြည့်နေပါတယ်ခင်ဗျာ...။

အားလုံးကို လေးစားလျက်
....နတ်ဆိုးလေး........

9 Response for the "မန္တလေးသားစစ်စစ်ကြီးပါဗျာ...တဲ့"

  1. ကိုနတ်ဆိုးရယ် တိုတိုလေးတွေဝတ်ရတဲ့အကြောင်းကဒီလိုပါ ကမ္ဘာကြီးကပူနွေး
    လာပြီလေ ၊ ရေခဲတုန်းကြီးတွေတောင်ပျော်ကုန်ပတဲ့ ဟဲဟဲ အဲဂလိုကြောင့်ပေါ့
    ပေါ့ပါးပါးလေးဝတ်တာပါ ၊ ကိုယ်ပိုင်ယဉ်ကျေးမှုဟန်ပန်ရှိတယ်ဆိုပေမင့်လဲသိပ်
    မမျှော်လင့်ပါနဲ့ မြန်မာနိုင်ငံမှာနိုင်ငံတော်သီချင်းတောင်လုံးစိပတ်စိမရတဲ့လူက
    များတယ်လေ ၊ နောက်ပြီးဆန်ရေစပါးတို့အားထားလို့ဆိုသမို့လား ဆန်ရေစပါး
    ရှားရင်လဲ ၊စကပ်ကိုတိုတိုလာတဲ့သဘောရှိသပေါ့ ၊ နောက်တခုကလေ မြေမျို
    လို့ လူမျိုးမပြုတ်ဆိုပေမဲ့လဲ မြေသာတကယ်မြိုတတ်ရင် မြန်မာနိုင်ငံဟာလူနဲနဲ
    လေးဘဲရှိတော့မယ်လေ ၁၀သိန်းလောက်တဘရိတ်ထဲမျိုနိုင်တဲ့သဘောပေါ့
    လူမြိုလို့လူမျိုးပြုတ်တယ်ဆိုတာကလေ လေနဲနဲရှည်သွားရင်ခွင့်လွတ်နော်သိ
    လား မုဆိတ်ဖွားဖွားကုလားကြီးနဲ့ ဒေးဗစ်ဘက်ခန်းကိုဘယ်သူ့ကိုရွေးမလဲလို့
    မေးရင် ဦးဏှောက်ကြပ်မပြည့်တဲ့လူတောင် ဘက်ခန်းကိုရွေးလိမ့်မပေါ့အဲလို
    မရွေးဘဲ ကုလားကြီးကိုရွေးရတာလဲအကြောင်းရှိလိမ့်မပေါ့လေ ၊ဆန်ရေစပါး
    တို့အားထားဆိုသမို့လား…ကာချာဆိုတာနိုင်ငံတိုင်းရှိသပေါ့ ဒါတွေကိုမထိန်း
    သိမ်းတိုင်း လူမျိုးမပျောက်ပါဘူး ၊ တောင်ကိုးရီးယားကိုကြည့်ပါလား ဗုဒ္ဓဘာ
    သာကနေ တခြားဘာသာဖြစ်ကုန်တာတွေလေ ကောင်မလေးတွေဘက်ကမလိုက်
    ပါဘူး ပညာရေး ၊ လူမှုရေး ၊ ကျမ်းမာရေးဆိုတာသာပြည့်စုံရင်လူတိုင်းယဉ်ကျေး
    မှုဆိုတာ အိုကေလာတတ်ပါတယ် ၊ အားလုံးကတော့ ဆင်းရဲမှာကြောက်ကြတယ်
    နဲ့တူပါတယ်… စကပ်လေးတွေတိုတာကို မကြိုက်လဲမြင်နေရအုံးမယ်ကိုနတ်ဆိုးရေ
    သီးခံ သီးခံ

  2. အဟမ်း အဟမ်း ( ချောင်းရှင်းမှ ခုနကပဲ သီချင်းဆိုပြီးတယ်.. အသံက သိပ်မလာတော့ဘူး.. ဒါပေမဲ့ ရပါတယ်.. အခုဟာက ရေးမှာ မှားပြီးပြောနေမိတာ..)။

    ဒီလိုရှိပါတယ်ကွယ်..။

    မြန်မာပြည်ကို လူမျိုးခြားတရုတ်.. ကုလား အစရှိသဖြင့် ဝင်ရောက်လာတာလည်း ကြာလှပါပြီ.. အမတို့ လို အရွယ်ဟိုင်းတွေ လူမဖြစ်ခင်ကတည်းပဲ ဆိုရမှာပေါ့..။ အမတို့တောင် ဘဝအခြေအနေတွေအရ ဟိုပြေးဒီပြေးနဲ့ နောက်ဆုံး ဒီဘက် မဲဇာကို ရောက်လာတာသာကြည့်..။ ရောက်လာတာက စည်းနဲ့ကမ်းနဲ့ပါ.. အချက်အလက် အခိုင်အမာ အပြည့်အစုံနဲ့ တကယ်ကို ခိုလှုံချင်လို့ ရောက်ခဲ့ပါတယ်..။ ခေါ်မဲ့သူရော ခေါ်ခံခဲ့သူတွေပါ အားလုံး စုံစုံညီညီ အချက်တွေ ရှိမှ လာလို့ရတာပါ..။ ဆိုတော့ ဥပဒေအောက်မှာ အကျုံးဝင်ခဲ့ပါတယ်..။

    ဒါပေမဲ့လည်း အဲလိုမဟုတ်ပဲ အကြံအဖန်တွေ လည်း အများကြီးပါ..။ ဆိုလိုတာက ရေကြည်ရာ မျက်နုရာကို ရှာဖွေထွက်လာကြာတာ..။ ငွေပုံပေးတာတို့ လုပ်ပြီးတော့ပေါ့.. ဥပမာ အမ အသိ ဆိုမားလီးယားတွေ..။

    ဆိုတော့ လူတွေက တိုးတက်ရာ ( အရင် အခြေအနေထက် ပိုကောင်းတဲ့ နေရာ) လေးကို လာကြတယ်..။ လက်ခံတဲ့ နိုင်ငံတွေကလည်း စီစစ်ပြီးတော့ လုပ်ကြတာပါပဲ.. ပိတ်နိုင်တာ ရှိသလို မပိတ်နိုင်တာလည်း ရှိပါတယ်..။

    ပြည်မြန်မာအစိုးရတော့ ဘယ်လို အစီအမံတွေ ရှိသလည်း ဆိုတာ နေထိုင်နေကြတဲ့ မောင်နတ်ဆိုးတို့ တွေ အသေအချာ စုံစမ်း ကြည့်စေချင်ပါတယ်..။ နောက် သူတို့ကို ဘယ်လိုမျိုး နိုင်ငံသား ပေးသလဲဆိုတာမျိုး အစရှိသဖြင့်ပေါ့..။

    တခုပြောရရင် မြန်မာပြည်က ဆင်းရဲ ပြီး လူဦးရေများတဲ့ တဲ့နိုင်ငံတွေနဲ့ ကပ်နေသလို.. အမတို့တိုင်းပြည်ကလည်း အကြောင်းကြောင်းကြောင့် ဆင်းရဲနေတာ ဆိုတော့ ဝင်လာတာတွေကို ပိတ်ဖို့ဆိုတာ နဲနဲခက်မယ် ..။

    လူငယ်တွေအပိုင်းကတော့ လွတ်လပ်ခြင်း.. ဆန်းသစ်ခြင်း စတဲ့ ထူးတာတွေကို လုပ်တာဆိုတော့ တော်ရုံတန်ရုံဆို ကိုယ်မကြိုက်လည်း ခံစားပေးလိုက်လို့ရပါတယ်..။ ကိုယ်မကြိုက်လည်း မလုပ်ရုံပဲပေါ့..။

    အမတခုကြားဖူးဖတ်ဖူးတယ်.. မြန်မာသေတာ အလောင်းမြေမြှပ်ဖို့နေရာ မရှိပေမယ့် တရုတ်သေတာကြတော့ နေရာကောင်းရတာလေး.. ။ ကြေကွဲစရာတွေပေါ့..။

    လူမျိုးမပြုတ်အောင်က စီမံသူများက ကောင်းမွန်တဲ့ မူ.. ဝါဒတွေကို ချထားရမယ်.. တကယ်လိုက်အကောင်အ ထည်ဖော်ရမယ်.. လူတွေ နဲ့ ပူးပေါင်းရမယ်.. လူတွေ ဘာပြောလည်း သိနေရမယ်.. ။ အမျိုးသား အကျိုးစီးပွားကို ကြည့်ရမယ်.. ကိုယ့် တယောက်ချင်းအတွက် မကြည့်ရဘူး..။

    နိချုံးခုတ်မယ်ဆိုရင်တော့ လူဝင်လာတာကို အစိုးရ ဆိုသူတွေ ဘယ်လိုထိမ်းမလဲ.. ဥပဒေကို လိုက်နာအောင် ဘယ်လိုထိမ်းကျောင်းမလဲ အစရှိသဖြင့်ပေါ့ကွယ်..။

    အမတို့တွေ အားလုံး အခုကတည်းက သေချာစဉ်းစားရမယ်.. ဒီလိုကိစ္စတွေ ကိုဘယ်လိုမျိုး အကောင်းဆုံး ဖြေရှင်းရမလဲဆိုတာကိုပေါ့..။

    ပြောစရာတွေ က အများကြီး.. တော်ပြီ..ဒါပဲ..။

    မဗေဒါ (၈၈)

  3. အဟေး .. လာဖတ်တယ်ကွ ..
    သြော် .. အတိုတွေ တတိုတွေ ... အင်း မျက်စိကိုအနားပေး အေး အေး..
    အဟိ.. ကိုယ်လဲအတိုဝတ်တာပဲကွ .. လိုက်တွေးမနေနဲ့ ..
    စွတ်ကျယ်ကို ပြောတာ ... အဟီ ..
    စွတ် ........... ကျယ် ....

    ရေးသားရေးကွာ ..
    တွေးမိတွေးရာ ထင်မိထင်ရာကို ရေးချတာမှ မဟုတ်တာ ...
    စိတ်ထဲက သိထားတဲ့အသိစိတ်တခုကို ပိုစ့်အနေနဲ့ ချပြတာပဲ ...
    ပြန်လာတဲ့ ကွန်မန့် တွေ အမြင်တွေ ရှုတ်ချမှုတွေ မြင့်တင်မှုတွေက
    ကိုယ့်ကိုထောင့်တနေရာကနေ တယောက်တည်းအထီးကျန်နေရတဲ့အဖြစ်က
    ဆွဲထုတ်နိုင်မယ်လို့ ကိုယ်ကထင်တာပဲ ... ဘဝကတော့ ဒီလိုပါပဲညီလေးရ ..

    (ဘဝဆိုတာက သားရေကွင်းလိုပဲညီလေးရေ ... သူဟာနဲ့ သူဆိုဘာမှမဖြစ်ဘူး ... ဆွဲဆန့် လိုက်တာနဲ့ လက်ကိုပြန်လာရိုက်တဲ့
    လောကဓံဆိုတာတော့ အမြဲရှိတယ် ညီလေးရေ)...

    ခင်မင်စွာဖြင့် .. တိုကြီးညီညီ(လောကမီးအိမ်)

  4. ကျွန်တော်နဲ့ အယူအဆချင်းတူတယ်ဗျာ။ ဘာပြောပြောကြိုက်တယ်။ အစ်ကို ပြောသလိုပေါ့။ ကျွန်တော့် အရွယ်ကလည်း မိုက်လို့ကောင်းတဲ့ လူ ငယ်တစ်ယောက်ပါ။ http://kha-nhwe.blogspot.com/2010/05/blog-post_23.html ဒီမှာ ကျွန်တော်ရေးထားတယ်။

  5. Yu Shwe says:

    နတ်ဆိုးလေးဆိုလို့  အဲ့လိုအချွန်အတတ်တွေနဲ့ လူငယ်တစ်ယောက်ထင်ထားတာ..
    တော်သေးတာပေါ့ မဟုတ်လို့ 
    အမြင်တူသူခြင်းမို့ လို့ လားမသိဘူး ထောက်ခံပါတယ် ။

  6. ဟုတ်ကဲ့ နတ်စိုးလေးပြောတာရော ၊ မဗေ (၈၈)ပြောတာရော..၊ ကိုကိုဇေ ကြောတာရော လက်ခံပါဒယ်.... ထောက်ခံပါဒယ်....။
    မှတ်ချက်။ ။ သက်ဘုံမှားသွားတာ တောင်ပန်ပါဒယ်...း)

  7. မနှင်းမိုးမိုးက တောက မိန်းမဆီ စာပေးလိုက် ... အမေ့ဆီ စာပေးလိုက်နဲ့ တူန်းက ဖြူးနေတာပဲ.. ဒီကျမှလာပြီး သတ်ပုံက မှားရတယ် လို့.....ဟဟ

    ကွန်မန့် အားလုံး အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ....

  8. Z says:

    ကိုနတ်ဆိုးလေးပြောတာ လက်ခံနိုင်တယ်.. ခုခေတ်မှာ ခေတ်နဲ့အညီ လိုက်ပြီး ၀တ်တတ်စားတတ် နေတတ်ထိုင်တတ်တာက ကောင်းပါတယ်.. ဒါပေမယ့် လိုတာထက်ပိုပြီး သရုပ်ပျက်တဲ့အထိ ဖြစ်သွားရင်တော့ မကောင်းဘူးပေါ့.. လူတိုင်းတော့မဟုတ်ဘူးပါဘူး.. ဒါပေမယ့် မြင်ရသလောက်တော့ ခုခေတ် လူငယ် တော်တော်များများက တိုးတက်ရာ တိုးတက်ကြောင်း လမ်းတွေရှာပြီး အတုယူတာထက် အပြိုင်အဆိုင် ၀တ်တာစားတာ သုံးတာဖြုန်းတာတွေကို အဓိကထားနေကြသလိုပဲ။ Zကိုယ်တိုင်လည်း လူငယ်တယောက်ပါ။ ဒါပေမယ့် ခုတချို့လူငယ်တွေ လုပ်နေကြတဲ့ ကိစ္စတွေကို လက်မခံနိုင်တာ သဘောမကျနိုင်တာတော့ အမှန်ပဲ။

  9. တို့များ ဘလော့ဂ်မှာ ရေးထားတဲ့
    မန္တလေးသားစစ်စစ်နှင့် မလကာထန်းလျက် ကိုလည်း လာကြော်ငြာတယ်ခင်ဗျ

    ပို့စ်ရေးသူက ကိုဧရာပါ
    ဒီကော်မန့်လာရေးသူကတော့ မသီတာပါ
    နှစ်ယောက်လုံး လူငယ်တွေတော့ မဟုတ်ကြပါဘူး
    လူငယ်လေး နတ်ဆိုးလေး ရေးတဲ့ စာဖတ်ပြီး လူငယ်သံလေး နှောသွားတာပါ။