• Emotion Exit

    poem book
    နတ်ဆိုးလေးရဲ့ ဒီဘလော့ဂ်မှာ ဖော်ပြပြီးဖြစ်တဲ့ ကဗျာ လေးတွေကို စုစည်းပြီးတော့ ဖန်တီးထားတဲ့ ကဗျာစာအုပ်ကလေးပါ.။ ကဗျာ ၀ါသနာအိုးများအတွက် မျှဝေလိုက်ပါတယ်..။
    ပုံကိုကလစ်လိုက်နော်

ဒီချိန်ဆို မင်းလာရတော့မှာ ဘာလို့ မလာသေးတာလဲ.။. မင်းကို မျှော်တဲ့လူတွေကို မင်း ဥပက္ခာ ပြုရက်တယ်နော်..။ တကယ်ဆိုမင်းဟာ ငါ့နားမှာ အမြဲတမ်းရှိနေသင့်တာ..။ ဒါပေမယ့် မင်းက ငါ့ဆီကို အချိန်အကန့်အသတ်နဲ့ ရောက်လာတယ်..။ ငါ နားလည်ပေးပါတယ်..။ မင်းမရှိတဲ့ အချိန်တွေမှာ ငါ အောင့်အီးသည်းခံနေနိုင်ခဲ့တယ်..။ မင်း ဘက်က ဘာအခက်အခဲရှိလို့လဲဆိုတာ ငါ မမေးဘူး..။ ငါ မင်းရှိမှ ပြည့်စုံတယ်ဆိုတာ မင်း မသိတာမဟုတ်ဘူး.. သိသိရက်နဲ့ကွာ မင်းမို့လို့ နေနိုင်တယ်...။ ထား.....။ အဲဒါကိုထားလိုက် ပါဦး..။ မင်း ခု လာမယ်ပြောပြီး မလာဘူး.။. ဘာလဲ အဲဒါ ဘာလဲ..။ မင်းက ငါ့ကို ညှဉ်းနှိပ်စက်နေတာလား..။ ငါ တောင်းပန်ပါတယ်..။ မင်း ငါ့နားမှ အမြဲမရှိတာကို ခွင့်လွှတ်ပြီး မင်း လာမယ်ဆိုတဲ့ အချိန်လေးတွေမှာ ငါ မှောက်မိုက်စွာ ထိုင်စောင့်နေခဲ့တယ်..။ ငါ ဆာလောင်စွာ ထိုင်စောင့်နေခဲ့တယ်..။ ငါ အိုက်စပ်စပ် ယပ်တောင် တစ်ဖျပ်ဖျပ်နဲ့ ထိုင်စောင့်နေခဲ့တယ်..။ လာပါတော့ကွယ်..။ မင်းမလာ မချင်း ငါ စာတွေ ရေးလို့ ရမှာ မဟုတ်ဘူး..။ မင်းမလာမချင်း ထမင်းစားရမှာမဟုတ်ဘူး.။ မင်းမလာမချင်း ငါ ရေချိုးရမှာ မဟုတ်ဘူး..။ အဲကွန်းလဲ ဖွင့်ရမှာ မဟုတ်ဘူး..။
ရာသီဥတုက ပူပါဘိနဲ့... ။ လာပါတော့ ..နော်.. လာပါတော့..။ မနက်က ငါးနာရီ ပျက်သွားတာဆိုတော့
ညနေ ငါးနာရီ ပြန်လာရမှာ ..။ ဘာလို့ မလာသေးတာလဲ..။ ငါ စိတ်က မရှည်ချင်တော့ဘူး..။
အဲဒီ သောက်ရေးမပါတဲ့ လျှပ်စစ်မီး နဲ့တော့ ခက်ပြီ....။ :P

6 Response for the "စောင့်နေသူ မောပြီး... မော"

  1. လာချိန်တန်ရင်လာမှာပေါ့ကွယ်...စိတ်ထိမ်းကောင်လေး..
    နတ်တန်ခိုးနဲ့ လာခိုင်းလို့မရဘူးလား...

  2. လာပြီ .. လာပြီ ..အဲမီးတော့မဟုတ်ဘူး .. မီတာခကောက်သမား (သို့ ) အလှူခံ ..
    ဟဲ .. :PP

  3. Z says:

    သြော် ဘာများလဲလို့.. မီးဖြစ်နေတာကိုး။ :P

  4. အယ်မလေး မီးမလာတာ အဆန်းလုပ်လို့ နတ်ဆိုးလေး..

    ဟင်း....... နတ်ဆိုး တန်ခိုးနဲ့ မန်း လိုက် မန့်လိုက်ပေါ့..။

    နောက် လေ သူတို့ကိုပါ ထည့်ပြီး မန်းလိုက်နော်..။

    အမ ဆီလာလည်ရင် စိတ်ထိန်း.. အဲလို အမြင်မတော်တာတွေ တွေ့ရင်.. အမက တော့ လေ့ကျင့်နေတယ်.. အရည်ထူအောင်.. ။

    မဗေဒါ (၈၈)

  5. ညီလေး ... ခဏလောက် လိုက်ခဲ့ပါ။

  6. ဘယ်ကိုလဲခင်ဗျာ..

    ပတ်စ ပို့ မရှိလို့ ခဏစောင့်ပါ.. ဒါမှမဟုတ်လည်း ၂၀၁၂ မှပြန်လာစေချင်ပါတယ်ခင်ဗျာ..။ အဲကျရင်တော့ အဆင်သင့်မှာပါ ခင်ဗျာ..။


    မဗေဒါ (၈၈)