• Emotion Exit

    poem book
    နတ်ဆိုးလေးရဲ့ ဒီဘလော့ဂ်မှာ ဖော်ပြပြီးဖြစ်တဲ့ ကဗျာ လေးတွေကို စုစည်းပြီးတော့ ဖန်တီးထားတဲ့ ကဗျာစာအုပ်ကလေးပါ.။ ကဗျာ ၀ါသနာအိုးများအတွက် မျှဝေလိုက်ပါတယ်..။
    ပုံကိုကလစ်လိုက်နော်

အင်တာနက်ဆိုင်ထဲမှာ အလုပ်တွေလုပ်နေရင်း လာသုံးတဲ့ user တွေဆီကနေ အသံတွေ ကြားနေရတယ်..။ နေပူလို့ အနိစ္စသဘောနဲ့ ကိစ္စချောချော သွားကြသူများ အကြောင်းကို နေ့စဉ်နဲ့ အမျှ ကြားနေရတော့ နတ်ဆိုးလေး လဲ တွေးမိပါတယ်..။ ကြားမိတဲ့ သတင်းတွေထဲမှာ အဆိုးရွားဆုံးတွေ ကတော့ တစ်လောက မေးလ်ထဲမှာ ဖတ်ရတာ ဆိုရင် ရှင်ပြု အလှူပွဲမှာ ရှင်လောင်းလှည့်အပြန် သာမဏေ ၀တ်ဖို့ ဆံချရင်း ဦးနှောက်ကြောပြတ်ပြီး သာမဏေလောင်းလျာလေးတွေ ဆုံးပါးသွားတဲ့ သတင်းကိုကြားမိတော့ တော်တော်လေး စိတ်မကောင်းဖြစ်မိပါတယ်..။ မိဘများမှာတော့ ရင်ကျိုးပြီပေါ့..။ ဒါတင်လားဆိုတော့ မဟုတ်ဘူးဗျ.။ ရှိသေးတယ်.. ရှိသေးတယ်..။ ဒါကတော့ အပြင်က ကြားတာပါ..။ ကောလဟာလ လဲ ဖြစ်နိုင်တယ် ..။ တစ်ကယ် ဖြစ်နိုင်ချေလဲရှိပါတယ်..။ ဘာလဲဆိုတော့ ကားပေါ်မှာ ကားမောင်းရင်း မီးပွိုင့် မိလို့ စောင့်နေတယ်..။ ပူလာတော့ ကိုယ်တော်ချောက Snow Tower ကို ဂုတ်ပေါ်တင်ထားသတဲ့..။ သူ့ခင်မျာ သူစောင့်နေတဲ့ မီးပွိုင့် စိမ်းသွားတာတောင် မသိလိုက်ရပါဘူးတဲ့ ခင်ဗျာ.။ ကဲ.. ကောင်းကြသေးရဲ့လား ။ အသက်ကြီးတဲ့လူတွေလဲ မခံနိုင်တော့ သေကြတယ်.။ အသုဘ သတင်းတွေ တန်းစိနေတာပဲ..။ ကြားရတာ နားကို မချမ်းသာဘူး..။ ဒီနှစ်နေ က အားလုံးသိကြတဲ့အတိုင်းပဲ တော်တော်ကြီးကို အခြေအနေ ဆိုးရွားပါတယ်..။ ဒီနှစ် မနှစ်ကထက် ပိုပြီး ပူတယ်..။ မနှစ်က ဟိုးအ၇င်နှစ်ကထက် ပိုပူတယ်..။ ဒီတိုင်းသာဆို ရှေ့လျှောက် ပိုပို ဆိုးဖို့က လွဲလို့ ဘာကိုမှ မျှော်လင့်လို့ မရတော့ဘူး ဖြစ်နေပြီ..။ ကျွန်တော်ဆို နေ့လည် ထမင်းစားထွက်ရမှာကို ငရဲထဲ ခုန်ဆင်းရတော့မှာလို ထိတ်လန့်နေမိပါတယ်..။ အပြင်ထွက်လိုက်ရင် ဆိုင်ကယ်ပေါ်မှာ မျက်နှာကြီးတစ်ခုလုံး မီးစနဲ့ထိုးထားသလို ပူလောင်နေတာပါ..။ 78 shopping center နားက နေ မိန်းထဲဆိုတာ ဘယ်လောက်မှ ဝေးတဲ့ အကွာအဝေး မဟုတ်ပါဘူး.။ ဒါတောင် မိန်းထဲကိုရောက်တော့ ထမင်းတန်း မစားနိုင်သေးဘူး..။ ထွက်လာသမျှ ချွေးတွေကို အင်္ကျီအညစ်နဲ့ လိုက်သုတ်နေရသေးတာ.။ ပြီးတော့မှ ထမင်းစားရတာ..။ အဲလို .. အဲလို..။ တစ်နေ့က ဂျာနယ် တစ်ခုမှာ cartoon လေးတစ်ပုဒ် ဖတ်မိတယ်..။ ငရဲ မင်းကြီးရှေ့မှာ အပြစ်သားက ဒူးထောက်ရက်လေးထိုင်နေတယ်..။ ငရဲမင်းက ဘာပြောလဲဆိုတော့ ``လု့ပြည်မှာ အိဇုန်းလွှာ ပါးရတာနဲ့ .. ကမ္ဘာကြီးပူနွေးရတာနဲ့ သစ်တော ပြုန်းတီးနေတာ နဲ့ ဆိုတော့ ဒီအပြစ်သားကို ဆီကုန်ခံပြီး ဒယ်ထဲမှာ မကြော်တော့ဘူး ... လူ့ပြည် ပြန်ပို့စေ´´ တဲ့..။ စိတ်ပျက်ပျက်နဲ့ပဲ ပြုံးမိပါတယ်..။ ဟုတ်တော့လဲ ဟုတ်တယ်..။ ကြာရင် လူ့ပြည်ကို ငရဲ စာရင်းသွင်းပြီး ငရဲ ကြီးကိုးထပ် လုပ်ရမလိုတောင် ဖြစ်နေပြီ..။ တစ်ခါ တစ်ခါ တွေးမိတယ်..။ ၂၀၁၂ က တကယ်ပဲ ကမ္ဘာပျက်မယ့်နှစ်လားဆိုတာကို သင်္ကာမကင်းတောင် ဖြစ်မိပါတယ်ဗျာ..။ မနေ့က ညနေက စိတ်ပျက်လက်ပျက်နဲ့ အလုပ်က နားပြီး ပြန်လာတော့ အင်္ကျီလေးချွတ်ပြီး ရုပ်ရှင်ရုံမှာ ကြည့်ပြီးသား Ninja Assassin DVD ခွေကို ယပ်တောင်ကြီး တစ်ဖျပ်ဖျပ်နဲ့ပဲ ထိုင်ကြည့် နေမိပါတော့တယ်ခင်ဗျာ..။


....နတ်ဆိုးလေး............

0 Response for the "နေမင်းက ရက်ရက်စက်စက်"