• Emotion Exit

    poem book
    နတ်ဆိုးလေးရဲ့ ဒီဘလော့ဂ်မှာ ဖော်ပြပြီးဖြစ်တဲ့ ကဗျာ လေးတွေကို စုစည်းပြီးတော့ ဖန်တီးထားတဲ့ ကဗျာစာအုပ်ကလေးပါ.။ ကဗျာ ၀ါသနာအိုးများအတွက် မျှဝေလိုက်ပါတယ်..။
    ပုံကိုကလစ်လိုက်နော်

မှီထား....
ငါ့ပုခုံးကို မှီထား
မင်း ခါးလေးကို ငါဖက်ထားတယ်..။

ကြယ်တွေလှတာ
ဒီည ပိုပြီး ခမ်းနားတယ်..
မင်းရှိတဲ့နေရာ မင်းကမ္ဘာပဲ..။

ငါပါတဲ့ မင်းဘဝ
မလှရင်ပြော..
မင်းသဘောအတိုင်း ဆေးခြယ်ပေးမယ်..။

မင်းနှုတ်ဖျားက ရေရွတ်သမျှ
ငါ့အတွက် ကဗျာချည်းပဲ
သဲသဲကွဲကွဲ ခံစားဖို့ နှလုံးသားတော့လိုမယ်..။

ရင်ဘတ်ချင်း အနီးဆုံးဖြစ်အောင် ဖက်တွယ်ထား
တော်တော်ကြာ လမင်းကြားရင်
ငါတို့ရင်ခုန်သံကို မနာလိုဖြစ်နေဦးမယ်..။

ချစ်တယ်လို့ ငါပြောရင် ပြန်မေးခွန်းမထုတ်နဲ့
ချစ်လို့ ချစ်တာကွာ...
ချစ်တာဟာ ချစ်လို့ပဲ....။

မရှက်နဲ့........သဲ
မျက်လုံးလေးတွေ မှေးထား..
မင်းနှုတ်ဖျားက ကမ္ဘာမှာ အချိုဆုံး.....။



........နတ်ဆိုးလေး.............

2 Response for the "နှစ်ယောက်တည်း ကမ္ဘာ"

  1. Cameron says:

    ကဗျာလေးကချစ်စရာလေး ပွင့်လင်းလွတ်လပ်ပြီး ပျိုမျစ်နုနယ်တဲ့ ချစ်သူစုံတွဲလေးကို မြင်မိတယ်....။ အားပေးပါတယ်...ကဗျာလေးတွေကောင်းတယ်...။


    ခင်မင်စွာဖြင့်
    မိုးငွေ့

  2. ကဗျာလေး က ချစ်စရာ တော်တော်ကောင်းတယ်