• Emotion Exit

    poem book
    နတ်ဆိုးလေးရဲ့ ဒီဘလော့ဂ်မှာ ဖော်ပြပြီးဖြစ်တဲ့ ကဗျာ လေးတွေကို စုစည်းပြီးတော့ ဖန်တီးထားတဲ့ ကဗျာစာအုပ်ကလေးပါ.။ ကဗျာ ၀ါသနာအိုးများအတွက် မျှဝေလိုက်ပါတယ်..။
    ပုံကိုကလစ်လိုက်နော်


နတ်ဆိုးလေး ကဗျာရေးမလို့ ခေါင်းစဉ်တပ်တာ ဟုတ်ပါဘူးဗျာ .. ပက်ပက်စက်စက် ဝေဖန်မလို့ပါ ..
နတ်ဆိုးလေး မျက်လုံးထဲ ကန့်လန့် ကန့်လန့်နဲ့ ကြည့်ရတာ ကသိကအောင့် ဖြစ်တယ်ဆိုရင် ပြောချင်တာ .. ဘယ်လိုမနေနိုင်မှန်းကို မသိဘူး .. အပေါင်းအသင်းတွေ လျှောက်ပြောလို့လဲ မကောင်းသေးဘူး.. အချင်းချင်းကို ကြီးကြီးကျယ်ကျယ်တွေ လာပြောနေပြန်ပြီနဲ့ နေမှာ .. ပြောပါဘူး ဒီကောင်တွေကို ဘာမှ ပြောဘူး.. ဒီဘလော့ဂ်လေးရှိနေတာ ကျွန်တော့အတွက် မိုက်တယ်ဗျ.. ပြောချင်တာတွေ ပြောချလိုက်.. ဘယ်သူမှ လာဖတ်ဖတ် မဖတ်ဖတ် ကျေနပ်နေတာ.. ကိုယ့် စိတ်ထဲက ဖြစ်တာလေးတွေ ဖွင့်ချပစ်လိုက်တော့ လုံးလုံး မဟုတ်တောင် တော်တော် များများ ပေါ့ပါးသွားတယ်..။ တကယ်.. ကျွန်တော်က ဒီ ဘလော့ဂ်လေး ဒီလောက် အခြေအနေလေးနဲ့ကို ကျေနပ်ပါတယ်..။ နာမည် အတော်အသင့်ရနေတာ မဟုတ်ပေမယ့် ပုံမှန် လာလည်တဲ့ စာဖတ်သူတွေဆီက comment ပုံမှန် ရနေတာကိုပဲ ကျေနပ်လှပါပြီ.. ရေးပျော်တယ်လို့ ပြောရမှာပေါ့.. ။ ကဲထားပါ .. ကျွန်တော် ပြောချင်တာက ဒီလိုဗျ..။

ဒီကနေ့ ရွှေနိုင်ငံမှာ ဖွံ့ဖြိုးလာတယ် ခေါ်တာလား ဆုတ်ယုတ်တာလို့ ခေါ်မလား ဘယ်လို ခေါ်ရမှန်းကိုမသိတဲ့ (ပြောင်းလဲ သွားတာတော့ သေချာတဲ့ ) ယဉ်ကျေးမှုတစ်ရပ် ဖြစ်ပေါ်နေပါတယ်.။ ဘာလဲ ဆိုတော့ ပွင့်လင်းလွပ်လပ်လွန်းတာပါ..။ အပြောအဆို အနေအထိုင် အ၀တ်အစား အားလုံးအားလုံး ပြောင်းလဲ ကုန်တာပါ..။ အ၀တ်အစား ဆိုရင်လဲ ရှေ့မှာ ကျွန်တော် ပို့စ်တစ်ခုတောင် ရေးထားပါတယ်..။ အားလုံးဟာ မြန်မာယဉ်ကျေးမှုနဲ့ ဘယ်လိုမှ မအပ်စပ်တဲ့ ပုံစံတွေ ဖြစ်ကုန်ကြပါပြီ..။ ကောင်းကြသေးရဲ့လား..။ ရွှေမန်းမှာ ပိုဆိုးတယ်ထင်ပါတယ်..။ ကျွန်တော် တွေ့နေမြင်နေရတဲ့ ပတ်ဝန်းကျင်မှာ ၀တ်စားဆင်ယင် ကြတဲ့ ပုံသဏ္ဍာန်တွေဟာ မြန်မာတစ်ယောက်လို့ ကျိန်ပြော ယုံချင်စရာ မရှိတဲ့ ၀တ်စားဆင်ယင်မှုတွေ ဖြစ်နေကြတယ်..။ မောင်နဲ့ နှမ သားနဲ့ အမိ မြင်ရတာကိုက မျက်စိရှက်စရာ ကောင်း ပါတယ်..။ ဒီယဉ်ကျေးမှုတွေ လွှမ်းမိုးလာတာကို အကြောက်အကန်ကြီး ဆန့်ကျင်နေတာမဟုတ်ပါဘူး..။ တော်ရုံတန်ရုံပဲ အတုခိုးကြဖို့ တိုက်တွန်းချင်တာပါ..။

အပြောအဆိုပိုင်းကိုကြည့်မယ်ဆိုရင်လဲ လူတွေ သတိမထားမိကြတဲ့ အပိုင်းပါ..။ ဗန်းစကား ဗန်းစကားဆိုပြီး ထွက်လာတဲ့ လူငယ်တွေရဲ့ ပါးစပ်ဖျားက စ တဲ့ စကားလေးတွေပါ..။ တော်တော်များများ လူကြီးပိုင်းတွေ အထိ လက်ခံသုံးစွဲလာကြတာကိုတွေ့ရပါတယ်..။ -နည်းနည်းလေး နားထဲမှာ ဘယ်လိုပြောရမလဲ.. နားထဲမှာ နည်းနည်းလေး ထောက်ထောက်သွားပါတယ်..။ နည်းနည်းလေး ရိုင်းတဲါဖက်ကို ပါသွားတယ်..။ ဥပမာ ပြောရရင် ကောင်မလေးကို `စော်´ လို့ ခေါ်တာတို့.. `ရှော်တီ´ လို့ခေါ်တာတို့. `.လန်ထွက်နေတာပဲ.´. တို့ နောက်ပြီး ဘာပြောပြော ရှေ့က `ေ-ာက်´ ဆိုတာကြီးပါ ပါနေတာ.. ရိုင်းတယ်လို့ကို မသတ်မှတ်ပဲ နဲ့ ယောက်ျားရော မိန်းမ ပါ နေ့စဉ်သုံးဝေါဟာရ တစ်ခု အနေနဲ့ လက်ခံသုံးစွဲနေကြတာ အံ့ သြစရာ ပါ..။ ရိုင်းတယ်လို့ မထင်မိကြဘူးလား..။ လူကြီးသူမ တွေကြားရင် ဘယ်လို နားထောင်ကြမလဲ မစဉ်းစားမိကြဘူးလား..။`ေ-ာက်ရမ်း မိုက်တယ်´ တို့ ဘာတို့ ပြောတာတွေ မဖြစ်သင့်ဘူးထင်ပါတယ်..။

နောက်တစ်ချက်က အနေအထိုင် အသွားအလာ လွပ်လပ်ပွင့်လင်းတာ.. တစ်ချက် ပြောစရာ ရှိပါတယ်.. ရွှေမန်းက ဟိုးတုန်းကတော့ စက်ဘီးမြို့တော်လို့ နာမည်ကြီးတယ်.. ။ ခုတော့ ဟုတ်ပါဘူးဗျာ.. လမ်းပေါ်မှာ ကြည့်လိုက် ၀ူးးးး ဝေါ နဲ့ ဆိုင်ကယ်တွေ ချည်းပဲ .. အဲတော့ ဆိုင်ကယ်မြို့တော် လို့ ခေါ်ရမှာပေါ့... ထားပါ.. သူ့ဘာသူ ဆိုင်ကယ်မြို့တော် မကလို့ ဟက်စကီး မြို့တော် ဖြစ်ဖြစ် နတ်ဆိုးလေး နဲ့ မဆိုင်ပါဘူး..။ ပြောချင်တာက ဆိုင်ကယ်စီးကြတော့ (အထူးသဖြင့်တော့ နတ်ဆိုးလေးတို့ အရွယ်လူငယ်တွေကို ပြောချင်တာပါ) ကောင်လေးတွေ ကောင်မလေးတွေ အတူတူစီးကြတဲ့အခါ ကောင်မလေးက နောက်က ထိုင်တော့ ထဘီ လေး ၀တ်ထားရင် ဘာ ပြောစရာရှိလဲ .. ဘာမှပြောစရာ မရှိဘူး.. တင်ပါးလွဲလေး ထိုင်လိုက် .. ကျက်သရေတောင် ၇ှိသေး..။ ခုတော့ ဟုတ်ပါဘူးဗျာ.. မိန်းကလေး တဲ့ ဘောင်းဘီ ကျပ်ကျပ်ကြီး ၀တ်ပြီး သိတဲ့လူ နောက်ရော မသိတဲ့လူနောက်ရော ခင်တဲ့လူနောက်ရော မခင်တဲ့လူနောက်ရော လိုက်ရင် ၀ုန်းဆို ကားရကြီးခွပြီး လိုက်သွားတာ..။ (နတ်ဆိုးလေး ကြည့်မရတာတွေထဲမှာ အဲဒါတွေလဲ ပါတယ်..) ။ ၀တ်လိုက်စားလိုက်တဲ့ အ၀တ်အစားတွေက တိုတိတိုနှံ့နဲ့ ထလိုက်ထိုင်လိုက်ရင် လျှပ်စီးတွေများ လက်လက် သွားတာ.. (နတ်ဆိုးလေး သူငယ်ချင်းတွေက အဲဒါတွေ လိုက်ကြည့်ချင်လို့ဆိုပြီး ညနေတိုင်း ကျုံးပတ်တယ်ခင်ဗျ) .။ အဲဒီ ကျုံး ကိစ္စ ကလဲ ရှိသေးတယ်ဗျာ..။ မန္တလေးကျုံးဆိုတာ.. ချောင်ကျကျနေရာမှာရှိတာလဲ မဟုတ်ပါဘူးဗျာ.. ။ လူပြတ်လပ်တဲ့ နေရာမျိုးမှာလဲ မဟုတ်ဘူး.. မြို့လည်ခေါင်မှာ..။ ပြီးတော့ မန္တလေး မြို့နေ ပြည်သူအားလုံး ဒီကျုံးဘေး က လမ်းတွေမှာ ကူးသန်းသွားလာနေကြတာ . .ဒုနဲ့ဒေးပါ..။ အဲဒါကိုဗျာ ကိုကိုတို့ မမ တို့ စုံတွဲတွေ ကျုံးဘေးကို ဘယ်လို စိတ်ကူးပေါက်ပြီး ဘယ်လိုမြင်ကြလဲ မသိပါဘူးဗျာ.. ။ ကျုံးဘေးမှာ လာလာထိုင်ကြတယ်.. ။ ထိုင်ရုံ တင်လာထိုင်တာဆိုရင်တော့ မန္တလေးကျုံးကြီး ကြည့်ပြီး နှစ်ယောက်သားကြည်နူးလို့... ကောင်းပါတယ် .။ ခုဟာက မဟုတ်ဘူးဗျာ... တစ်ချို့က လက်သရမ်းတယ်.. ။ နှာခေါင်း သရမ်းတယ်.. ။ ပါးစပ် သရမ်းတယ်..။ ကဲ ဖြစ်သင့်လားဗျာ.. ။ အများပြည်သူ သွားလာလှုပ်ရှားနေတဲ့ မြို့လည်ခေါင် နေရာဟာ သူတို့ အတွက် ပန်းခြံလို့များ ထင်နေလား မသိပေါင်ဗျာ... ။ အံ့ရော အံ့ရော..။ တစ်ချို့ ဆို ညနေ နေ၀င်ရီတရော မှောင်တောင်တောင် နေရာမျိုးတွေမှာ နှာခေါင်း သရမ်း ပါးစပ် သရမ်းရုံတင် မကဘူး...( အဟမ်း) ခြေထောက်ပါ သရမ်းချင်ကြသေးတာ... ။ သန့်ရှင်းရေးသမားတွေ မသက်သာဘူးဆိုပဲ... ။ ခြေထောက်သရမ်းထားတဲ့ ခြေအိပ်တွေ လိုက်လိုက်ရှင်းရတာပြောပါတယ်..။ တက္ကသိုလ်လို နေရာမျိုး မှာလဲံ ရှိတယ်.. ။ ကျောင်းသူကျောင်းသားတွေ ကျောင်းပရ၀ုဏ် အတွင်းမှာ ဖက်လဲတကင်းနေကြတာ မသင့်တော်ဘူးလို့ မမြင်မိကြဘူးလား ..။ ဆရာ သမားတွေ ငါတို့ကို မြင်ရင်..... ဆိုတာ မတွေးမိကြဘူးလား..။ `အာ မသိဘူး တို့ကတော့ ချစ်တာတစ်ခုပဲ သိတယ်´ ဆိုပြီး ဘယ်သူ့မှ ဂရုမစိုက် . နေချင်သလိုနေလို့ ရမလား..။ ဒီကျောင်းပရ၀ုဏ်မှာ ဆရာ ဆရာမ ပေါင်းများစွာနဲ့ ဆက်ဆံနေရတာ..။ တစ်ချို့ဆို အတန်းထဲမှာ ရှေ့က ဆရာက စာသင်လို့ နောက်က အတွဲက အံမယ် တစ်ယောက်ပုခုံးပေါ်တစ်ယောက် ဖက်လို့ တွတ်တွတ် တွတ်တွတ်နဲ့ ဘာတွေမှန်းမသိဘူး ပြောလို့.. ရှေ့က ဆရာကို ရှိတယ်တောင် မထင်ထားကြဘူး..။ လူငယ်သဘာဝ ချစ်ကြကြိုက်ကြတာ ချစ်ပေါ့..။ ချစ်တာတစ်ခုတည်း သိလို့ မရဘူးဗျ..။ ပတ်ဝန်းကျင်ရှိသေးတယ်.။ နည်းနည်းပါးပါး ဆင်ခြင်ဖို့ ကောင်းတယ်ဗျာ..။


ပွင့်လင်းလွပ်လပ်တာ ကောင်းပါတယ်..။ Over ဖြစ်သွားရင် ကျတော့ မကောင်းတော့ဘူး..။ ကျောင်းဖယ်ရီကား မောင်းတဲ့ ဦးလေးကြီးတစ်ယောက်ပြောဖူးတာ လေး ပြောပြမယ်..။ မင်းတို့ ခေတ်ကောင်မလေးတွေကလဲကွာ တဲ့
ပထမနှစ် ဖရက်ရှာ လေးတွေ ၇ှိသေးတယ်.. ။ ၀တ်တာစားတာတွေက တိုတိတိုနှံ့နဲ့ ဘာမှကို မရှိဘူး.. တဲ့ ဖိုင်နယ်များ ရောက်သွားရင် အ၀တ်အစား ၀တ်မဲ့ပုံတောင် မပေါ်တော့ဘူး .. တဲ့..။ အဲဒီလောက်ကြီး ပွင့်လင်းလွပ်လပ်တော့လဲ ကောင်းဘူးပေါ့ဗျာ..။ စုံတွဲတွေကလဲ ချစ်တာတစ်ခုပဲ သိလို့ မရပါဘူး..။ မောင်နဲ့ နှမ သားနဲ့ အမိ အမြင်မတော်တဲ့ နေရာများမှာ ဆင်ခြင်ကြဖို့တော့ လိုပါလိမ့်မယ်..။

ကဲကဲ စာကလဲ နည်းနည်းရှည်သွားပြီ။ နတ်ဆိုးလေး ပွားသမျှ သည်းခံ ဖတ်ပေးတာကျေးဇူးတင်လျက်နဲ့ပဲ ထပ်ပြီး နှိပ်စက်လိုက်ဦးမယ်.. ။ အောက်က ပုံက နတ်ဆိုးလေးရဲ့ ပုံပါခင်ည.. ရှုစားတော်မူသွားကြပါဦး.. ဟိဟိ..။ (ပို့စ် နဲ့လဲ ဘာမှ မပက်သက်ဘူးနော်... တစ်မျိုးကြီးပဲ..) .. အဟက်ဟက်..။အားလုံးကိုလေးစားလျက်
......နတ်ဆိုးလေး............

6 Response for the "ချစ်တာတစ်ခုပဲ သိတယ် တဲ့"

  1. အော် ခက်ဘီလကွယ် တားတို့က ချစ်တာဘဲတိဒါကို တူတို့က အပစ်ပဲ ကျောနေကြဒယ် အဟင့် အဲလိုနေရာမျိုးမှာ အဲလိုကျောခံထိရင် နောက်ခါချို တားတို့ ဟော်တယ်ပဲတွားတော့မယ် သူများတွေမေးရင် တိုတိုနတ်ဆိုးလေး အဲလိုရေးလို့ အမြင်မတော်မှာစိုးလို့ ဟော်တယ်ပဲတွားဒါရို့ ခွိခွိ
    :P ကောင်းပါဒယ်ခညာ အနော်ကတော့ တွယ်ချင်နေတာတစ်ခုရှိနေတယ်။ ရေးကောင်းလားမကောင်းလား ချင်းချားနေဒါ တွယ်ရမှာကလဲ ကိုယ့်အဖိုး လောက်ရှိတဲ့တူမို့လို့ အဟီး

  2. သီးခံပါကွယ်..မြင်မြင်သမျှ အနိစ္စပါပဲ...
    ဘကျောက်တို့ တော့ အသက်ရှည်ဆေးလေးလို့ပဲ အောက်မေ့လို့
    ဒီကလေးမလေးတွေ လူကြီးကို စိတ်ချမ်းသာမှုပေးတယ်ဆိုပြီး
    သာဓုခေါ်ပါတယ်ကွယ်...

  3. ကဲ နတ်ဆိုးလေးရေ

    ကိုကြီးကျောက် ရဲ့ အသက်ရှည်ဆေးလေးကို စိတ်မဆိုးနဲ့နော် ကိုယ့် အကိုကြီး အသက်ပိုရှည်အောင်... ဒီထက်ဒီထက် တို ပါစေ...

    ရွှေစင်ဦး

  4. ကြိုက်မရှက် ငိုက်မရှက် ကောင်းမရှက်ဆိုတာကိုး အပြုအပြင်ဆရာကြီးရဲ့ အော်
    မြန်မာနိုင်ငံမှာက လူချင်းချင်းနှိပ်စက်ခြင်းကင်းရှင်းကြပါစေလို့ ရွတ်ကြဖက်ကြ
    အသင်းအဖွဲ့တွေကရွတ်ကြ လောက်စပီကတွေကနေမိုးမလင်း သောက်မြင်ကပ် လောက်အောင်ဖွင့်နေပေမင့်လဲ ၊ တကယ်တန်းကျတော့ မေတ္တာတရားကခေါင်း ပါးသမို့လား ၊ အဲဒါကြောင့်ကျုံးဘေးလို နေရာတွေလူစည်ကားရာနေရာတွေမှာ
    ချစ်ချင်းမေတ္တာကိုသရုပ်ဖော်ဟန်ရှိပေမပေါ့ ၊ စိတ်ရှည်ပါနတ်ဆိုးကြီးရဲ့ ....။

  5. ဖွင့်ချင်တဲ့ နေရာတွေဖွင့်၊ ပိတ်ချင်တဲ့နေရာတွေပိတ် လုပ် တဲ့ ပုံစံ မမှန်တဲ့ ဖွံ့ဖြိုးတိုးတက်မူ ကြောင့်ထင်ပါ့။

  6. အင်း.တွေ့ရင်တွေ့တယ် ..မြင်ရင်မြင်တယ်လို့ မှတ်ပါကွယ်..
    ဒါဆို လျှပ်စီးလက်ခြင်းမှ ကင်းဝေးပါလိမ့်မယ်...
    :) :) :)