ခြေမ အောက်မှာ နေရာရှိသေးရင်
အဖေ့ချွေးတွေ အဲဒီထိ ကျသွားပါစေ..
ဘာဖြစ်မှာမလို့လဲကွယ်..
အဖေက အဖေ့သားအတွက် ရပ်တည်နေတာ..
အဖေ့ သမီးအတွက် ရှင်သန်နေတာ..
အဖေ ခရောင်းလမ်းကို အရင်လျှောက်နေတာ
နောက်က မင်းတို့လေးတွေ
သက်တောင့်သက်သာ လျှောက်ဖို့ ပေါ့..။
သားတို့ သမီးတို့ ပတ်ဝန်းကျင်မှာ
မျက်နှာငယ်ရရင် အဖေ့ကိုပြောစမ်း..
အဖေ ဂုဏ်ငယ်သွားပါစေ
မင်းတို့လေးတွေအတွက် ဖြည့်ဆည်းပေးမယ်..။
အဖေ့ ချွေးစက်တိုင်းကို
မင်းတို့လေးတွေ အတွက်
ကျောက်စက်ရေထက် အေးမြအောင်
ဖန်တီးပစ်လိုက်လို့ရတယ်...။
သားတို့သမီးတို့ ကြိုးစားကြစမ်းကွယ်..
အဖေ ပေးနိုင်တဲ့ ဒီအမွေ..
ခေတ်ပညာတွေ.. နည်းပညာတွေ
အဖေ မပိုင်ဆိုင်ခဲ့ရပေမယ့်..
မင်းတို့လေးတွေ ရပါစေတော့..။
နည်းပညာတွေ တိုးတက်သလောက်
မင်းတို့လေးတွေ လိုက်တိုးတက်နေရင်
အဖေ ပီတိ ဖြစ်လို့ မဆုံးဘူးကွယ်..။
အဖေ တဖွဖွ ဆုံးမတဲ့ စကားတွေကို
သားတို့ သမီးတို့ မငြိုငြင်နဲ့ကွယ်..
မင်းတို့လေးတွေ ဘ၀တက်လမ်းမှာ
အဲဒီစကားလေးတွေကို
လှေကားလို့ သဘောထားလိုက်ပါ..။
ကုန်ကုန်ပြောမယ် သားတို့သမီးတို့ရယ်
မင်းတို့ မော့ကြည့်လိုက်..
မင်းတို့ မြင်ရသလောက် အမြင့်ကိုရောက်ဖို့
အဖေ့တာဝန်ထား...။
အဖေ့ရင်ထဲ ခဏ၀င်ကြည့်ရင်း
အဖေများနေ့သို့ အမှတ်တရ.....
....နတ်ဆိုးလေး.........
Categories:
ကဗျာ
,
ကိုယ်ပိုင်ကဗျာ
Subscribe to:
Post Comments (Atom)
နတ်ဆိုးရေ ကောင်းလိုက်တဲ့ ကဗျာ လာဖက်သွားပြီနော်.......
အင်း နတ်ဆိုးလေး ရေ ဖတ်သွားပြီ ဒီလို အဖေမျိုးရတဲ့ အတွက် ကံကောင်းတာပေါ့နော်
အပေါ်ဆုံးနှစ်ကြောင်းနှင့်အောက်ဆုံးသုံးကြောင်း အကြိုက်ဆုံးဘဲ။
အဖေ့အတွက်ကဗျာလေးဖတ်သွားပါတယ်။
နတ်ဆိုးလေးရေ..ကဗျာလေးကကောင်းအိ။
အဖေ မဖြစ်ဖူးတော့ အဖေနေ့ဆိုတာတောင် ခုမှသတိရတယ်..အဟီး
ဟင် ဘကျောက်ကလဲ... အဲဒါဆို နတ်နတ် ကပဲ အဖေ ဖြစ်ဖူးနေတဲ့ ပုံစံကြီး
ဘကျောက်နော်..
ကောင်းတယ် နတ်နတ်ရေ...
ခံစားပြီး ဖတ်သွားပါတယ်နော်...
ညီလေး...
အဖေကဗျာလေး အားပေးသွားတယ် ...
ကဗျာလေးဖတ်သွားတယ်.. ကောင်းလိုက်တာ...းဝ