• Emotion Exit

    poem book
    နတ်ဆိုးလေးရဲ့ ဒီဘလော့ဂ်မှာ ဖော်ပြပြီးဖြစ်တဲ့ ကဗျာ လေးတွေကို စုစည်းပြီးတော့ ဖန်တီးထားတဲ့ ကဗျာစာအုပ်ကလေးပါ.။ ကဗျာ ၀ါသနာအိုးများအတွက် မျှဝေလိုက်ပါတယ်..။
    ပုံကိုကလစ်လိုက်နော်

အတန်ကြာ သွေ့ခြောက်ပြီးဖြစ်တဲ့
ငါ့ရဲ့ နှလုံးသားရပ်ဝန်းမှာ
ကံကောင်းထောက်မစွာ
နေရာကွက်ကျား မိုးထစ်ချုန်း ရွာသွားလေရဲ့..။

အချိန်အတော်ကြာ ညှိုးလျှနေခဲ့တဲ့
ငါ့ရဲ့ နှလုံးသား ဥယျဉ်မှာ
ကံကောင်းထောက်မ စွာ
ပန်းတွေဝေဆာ ပွင့်လန်းလာလေရဲ့..။

တကယ်ပါ ကောင်မလေးရယ်.
တွယ်ညိမိတော့ ခက်တယ်
(မယ်မင်းကြီးမ) မင်းက မသိဘူး
ငါက ယဉ်ယဉ်လေး ရူးနေတာ..။

တေလေတစ်ယောက်ရဲ့ ကမ္ဘာမှာ
သာယာချိုမြိန်မှုတွေ ငတ်မွတ်ခဲ့တာ
ဘာဆိုဘာမှ.... မစိုပြေခဲ့တာပါ..
ကျေးဇူးပြုပြီး ရောင်စဉ်တွေ ဖြာလင်းပစ်လိုက်ပါ..။

ငါ သိတဲ့ ငါ့ဘ၀မှာ
တွယ်တာမှု အပြည့်ပါတဲ့
အနမ်းတစ်ခွက်လောက်တောင်
မသောက်သုံးခဲ့ဖူးဘူး..။

ရူးတဲ့ရင်ဘတ်မှာ ..
ဘယ်လိပ်ပြာကိုမှ
ငါ့ကုသိုလ်ကံနဲ့ငါ.. ဘယ်တုန်းကမှ
ပိုင်ဆိုင်ခွင့် မရဖူးဘူး.......။

တစ်ဆိတ်လောက် ငါ့ကို
သာယာမှုတွေ ဝေမျှပါ..
ငါ မင်းပေးတဲ့ ချိုမြိန်ခြင်းတွေကို
တစ်ရှိုက်မက်မက် စားသုံးချင်လို့..။

အတွေးထဲမင်းကိုခေါ်ထားမယ်
ဘယ်မှမသွားနဲ့ ကောင်မလေးရယ်
မင်းအားတယ်မလား....
အနားမှာမဟုတ်တောင် ကြည်နူးမိလို့ပါ..။

ငါတောင်းဆိုသမျှ
ငါ့အတ္တ ငါ့ဆန္ဒအတွက်ဆိုပေမယ့်
ချစ်တဲ့သူ ငြူစူမှာစိုးလို့
ရင်ဘတ်ထဲမှာပဲ ပေါက်ကွဲတော့မယ်နော်..။





......နတ်ဆိုးလေး..........

10 Response for the "မြားနတ်မောင် မချိန်ဖူးတဲ့ ပစ်မှတ်"

  1. Unknown says:

    အနမ်းဆိုတာ သောက်စရာဆိုတာ ခုမှပဲသိတော့တယ်.. ဟိဟိ.. စတာပါနတ်ဆိုးေ၇... ကဗျာလေးကောင်းတယ်..

  2. ဟိတ် နတ်ဆိုးလေး

    ကဗျာလေး က မိုက်လိုက်တာ ကဗျာလေး ဖတ်ပြီး ကောင်မလေး တော့ မသိဘူး အမ တော့ တော်တော် ကို သနားသွားတယ်


    ဟားးးးးးးးးးးးးးးးး

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

  3. နတ်နတ်
    ကဗျာလေးက ကောင်းလိုက်တာနော်...
    အဟင့် နတ်နတ် ကို တနားလိုက်တာ...
    ကောင်မလေး နဲ့ မြန်မြနါ အဆင် ပြောပါစေနော်...
    နှင်းမိုးမိုး

  4. ကောင်မလေးပေးမဲ့ချိုမြိန်ခြင်းဆိုတာက မလိုင်လုံးလားဟင်
    သိပ်မစားနဲ့ ဆီးချိုဖစ်မယ်
    အဟီး
    ရင်ဘတ်ထဲမတော့မပေါက်ကွဲနဲ့
    ကောင်မလေးကိုသာတန်းပြောလိုက်

  5. (မယ်မင်းကြီးမ) မင်းက မသိဘူး
    ငါက ယဉ်ယဉ်လေး ရူးနေတာ. တဲ့လား...နတ်နတ်ရ
    မယ်မင်းကြီးမ က မသိပေမယ့် မောင်မင်းကြီးသားကတော့
    သိပါ့ဗျား....(ဟိ ခင်လို့စတာ )ကဗျာလေးကလှပါတယ်...။

  6. အလဲ့..ငါ့ညီလုပ်လှချည်လားကွ..
    ကဗျာလေးမိုက်တယ်ကွ..
    သိပ်ပေါက်ကွဲမနေနဲ့ နော်..တော်ကြာဘဘတွေသိလို့ 
    ဘာစွမ်းအင်တွေရှိလဲဆိုပြီး ယူသွားအုံးမယ်..
    နှလုံးသားခံစားချက်ကိုပြောတာ .. ဟိဟီ

  7. This comment has been removed by the author.
  8. ကဗျာလေးလာခံစားသွားပါတယ်

  9. ကိုနတ်ဆိုးလေး
    မင်္ဂလာပါ။

    ဒီကဗျာကို မပေါက်ကွဲခင် လာဖတ်သွားပါတယ်။

  10. sosegado says:

    ချစ်တဲ့သူ ငြူစူမှာစိုးလို့
    ရင်ဘတ်ထဲမှာပဲ ပေါက်ကွဲတော့မယ်နော်..သတိတော့ထားဦး ရင်ဘတ်ပေါက်ရင် မလွယ်ဘူး..းD