• Emotion Exit

    poem book
    နတ်ဆိုးလေးရဲ့ ဒီဘလော့ဂ်မှာ ဖော်ပြပြီးဖြစ်တဲ့ ကဗျာ လေးတွေကို စုစည်းပြီးတော့ ဖန်တီးထားတဲ့ ကဗျာစာအုပ်ကလေးပါ.။ ကဗျာ ၀ါသနာအိုးများအတွက် မျှဝေလိုက်ပါတယ်..။
    ပုံကိုကလစ်လိုက်နော်

အနေဝေး တော့လည်း..

Posted by နတ်ဆိုးလေး On Thursday, June 17, 2010 10 ယောက်ရဲ့ စကားသံတွေ

နတ်ဆိုးလေးရဲ့ ချစ်ရေးချစ်ရာ ဆိုပါတော့ဗျာ..။ နတ်ဆိုးလေး ချစ်ကံဆိုးခဲ့သမျှလေးတွေကို ပြောပြမနော်.။ နတ်ဆိုးလေးက ချာတိတ်အရွယ်တည်းက ရည်းစားထားတယ်..။ ချာတိတ်အရွယ်ဆိုတာ ၈တန်းပါ..။ ဟ ၈တန်းတည်းက ထားတာဆိုတော့ ဒီကောင်တော်တော် ပွေတာပဲ လို့တော့ မတွေးကြပါနဲ့ဗျာ..။ တစ်ယောက်တည်းပါ.. အဟီး.။ ကျွန်တော်ခေါ်တဲ့ သူ့နာမည်လေးက ဇင်ဇင်တဲ့..။ သူနဲ့က ၅ တန်းမှာ စခင်တာ.။ ၈ တန်းနှစ်ကျတော့ လူငယ် သဘာဝ ပါးစပ် သရမ်းရင်း ရည်းစားတွေ ဖြစ်သွားကြလေသတည်းပေါ့.။ ဖြစ်တုန်းကတော့ ပါးစပ်သရမ်းရင်း ဖြစ်သွားတာ..။ ချစ်သူဘ၀ မှာ နေနေကြရင်း ကြီးကြီးမားမား ပဋိပက္ခတွေလဲ မရှိလေတော့ အချစ်ရေး ခိုင်မြဲ ကြလေသည်ပေါ့..။ အဲဒါနဲ့ ၈ တန်း .. ၉ တန်း ... ၁၀ တန်း.. ၃ နှစ်ရှိသွားရော..။ အဲဒီအတောအတွင်းမှာလေ. သူတော့ မသိဘူး.. ကျွန်တော်ကတော့ သူ့ကို ပိုပို ချစ်လာတာ..။ ၁၀ တန်းအောင်တော့ သူက နယ်မှာပဲ GTI နဲ့ နေခဲ့တယ်.။ ကျွန်တော်က UFL နဲ့ မန္တလေး ရွှေမြို့တော်ကြီးကို ရောက် လာတယ် ဆိုပါတော့..။ အဲဒီထိ ပြသနာ မရှိသေးဘူး..။ ပထမ အသုတ် ပြီး ၂ လ နယ်ပြန်တယ်.။ သူနဲ့တွေ့တော့လဲ အေးဆေးပဲ.။ ဘာမှ မပြောင်းလဲဘူး..။ အချစ်တွေက တော့ တိုးတိုးလာတာ.. (ကျွန်တော့ ဘက်ကပေါ့နော)..။ အဲလိုနဲ့ ၂ လ အတွင်းမှာ ပျော်ကြ ပါးကြ လျှောက်လည်ကြ.. ပျော်လိုက်တဲ့ ဖြစ်ခြင်း..။ ကျွန်တော်ကလဲ သူကလွဲလို့ ဘယ်သူ့ကိုမှ ချစ်နိုင်တော့မယ် မထင်ဘူး.. အဲလို ချစ်ခဲ့တာ..။ ၂ လ ပြည့်တော့ ဒုတိယ အသုတ် ပြန်တက်ရပြီ..။ မန္တလေး ပြန်တယ်..။ အဲဒီမှာ စ ဖောက်ပြီ။ သူ ဖုန်းမဆက်တော့ဘူး..။ အဆက်အသွယ် မလုပ်တော့ဘူး..။ ကြေကွဲလိုက်ရတာ. လွမ်းလိုက်ရတာ မပြောပါနဲ့တော့.။ စိတ်ပျက်စရာကောင်းတဲ့ ဒုတိယအသုတ် ၄ လကို ဆွေးဆွေးကြီး ဖြတ်သန်းရင်းနဲ့ ကျောင်းပိတ်ရက်ကို ရောက်လာပါလေရော..။ အားရ၀မ်းသာ ချစ်သူဆီ သွားတော့ ချစ်သူ ထွက်မတွေ့ဘူးဗျာ.။ ချစ်သူ ရက်စက်တယ်..။ နောက်နေ့တွေမှာ သူငယ်ချင်းမြားနတ်မယ် တစ်ယောက်ကို နားပူနားဆာ လုပ်ပြီး ခေါ်ခိုင်းလိုက်တော့.. ပါလာတယ် စူပုတ်ပုတ်ကြီး..။ နေရာက ဧရာဝတီ မြစ်ဘေး ရွှေမုဌော ဘုရား နားက မြစ် ရေကာတာ ကြီးပေါ်မှာ..။ လေတစ်ဖြူးဖြူးနဲ့.. ဒါပေမယ့် ရင်ထဲပူနေတယ်.။ ချစ်သူက ကိုယ့်ကို မျက်လုံးချင်းတောင် ဆုံအောင် မကြည့်ပဲနဲ့ နှုတ်လဲဆိတ်နေတယ်လေ..။ ၅ မိနစ် .. ၁၀မိနစ်... နာရီဝက် ၁ နာရီ.. ကြာလာတော့ ချစ်သူကို ကိုယ်က စပြောရတာပေါ့..။ ပြောစရာ မရှိဘူးလား လို့..

အဲတော့မှ ချစ်သူက နှုတ်ခမ်းလေး မပွင့်တပွင့်လေး ဟပြီး

နင် ငါ့ကို မေ့လိုက်ပါတော့ .. ငါနင့်ကို ငယ်ငယ်က စိတ်ကစားပြီး အဖြေပြန်ပေးမိတာ .. တဲ့ ..အခုတော့ ငါ အဲဒါတွေက ဘာမှ မဟုတ်ဘူး ဆိုတာ.. သိသွားပြီတဲ့... တကယ်ချစ်ခဲ့တာ မဟုတ်ဘူးတဲ့..

သေရော.. ဒီကကောင် ရင်ကွဲရော...

ချစ်သူ တကယ်ပဲ အဲလိုခံစားခဲ့တာလား...
နောက်တစ်ယောက်များ တွေ့သွားလို့လား....
ဒါမှ မဟုတ်..
အနေဝေးလို့ မသာယာ နိုင်တော့လို့ လမ်းခွဲလိုက်တာလား။.

ဘာပဲဖြစ်ဖြစ်
ဒီကကောင်.. ရင်ကွဲသွားရတာကတော့ အမှန်အကန်ပါ..။


ရက်စက်တယ် ချစ်သူရယ်..




အားလုံးကိုလေးစားလျက်
...နတ်ဆိုးလေး..

10 Response for the "အနေဝေး တော့လည်း.."

  1. ကြားကားဆွဲသွားတာ နေမှာပေါ့...
    ရင်ကွဲ မနေမပါနဲ့ ကိုယ့်ဖာသာ အေးဆေး ရှာဖွေစားသောက်နေစမ်းပါ..
    ဘယ်သူချက်ချက် ထမင်းစားရတာလိုရင်းပါပဲ..အဟဲ

  2. အခုတော့လည်း ဒဏ်ရာတွေ ပျောက်လုလု ဖြစ်နေပါပြီ ဘကျောက်ရယ်..
    ပျောက်သောသူ ကြာရင် မေ့ ဆိုတာလို မဟုတ်လား
    (ဟုတ်လဲ မဟုတ်ပဲနဲ့ မေ့ရင်မေ့တယ်ပေါ့.. လျှာရှည်နေသေးတယ်)

    အခုတော့ အနာတွေကျက်လို့ အမာရွတ်တောင် ရှိတော့ပါဘူး ဘကျောက်ရယ်
    ခုပဲ ကြည့်ပါလား စပ်ဖြီးဖြီးနဲ့ ရုပ်ကိုက ပြောင်ချော်ချော်ရယ် :D ... အဟီး

  3. အမယ် အမယ် နတ်ဆိုးလေး တို့တော့ ဘကျောက် ကို ဆရာကြီး တင်မိရင် အမှားကြီးမှားပြီမှတ်

  4. နောက်တစ်ယောက် မတွေ့သေးဘူးလား.. :)

  5. အဲဒါမျိုးကျတော့ကိုကိုဇေတို့ကမှနပ်တာ အတုခိုးကိုယ့်လူ့ ကိုကိုဇေကရီးစား
    ကိုမထားတာ သိပ်ချောတဲ့ကောင်မလေး ကိုကြည့်ချင်ရင်တောင်နောက်ကနေ
    ဘဲခိုးကြည့်တယ် ၊ ဟဲဟဲ အိမ်သရေနဲ့သံပတ်ခွေနဲ့နေတာ ၊ တော်တန်ကောင်
    မလေးတွေ စကားလာစရင် ဇေကဂေး မိန်းခလေးကိုစိတ်မ၀င်စားဘူး လို့အဲ
    လိုလေးပထုတ်လိုက်တာ ပေါ့ပါးနေတာတာနေရတာ ဟားဟား မမိုက်နဲ့ကို
    လူ လောကကြီးမှာနေတတ်အောင်နေမယ်ဆိုရင် ကိုယ်နဲ့အမြဲမတွေ့ထိနိုင်
    ဘဲ ချစ်သူမထားနဲ့ ပြောပြတာနော် ဆရာလုပ်တာမဟုတ်ပါဘူးဟဲဟဲ...။

  6. တစ်ပင်လဲ တစ်ပင်ထူပေါ့ နတ်ဆိုးလေးရာ။းဝ)

  7. Yu Shwe says:

း)

  8. ၀မ်းဂိုးတူးကမ်းသရီးရယ်ဒီဖိုးဝိတ်လုပ်လိုက်ပေါ့..
    နတ်ဆိုးလေးရေ..
    မြောက်ပေးသွားတာ။

  9. ထပ်သာထား
    ပညာလို အိုသည်မရှိ
    ရည်းစားဆို ပိုသည်မရှိတဲ့
    အဟီး
    မြှောက်ပေးတာဟုတ်ဖူးနော်
    မီးလောင်ရာလေပင့်တာ
    ခွိခွိ

  10. နတ်ဆိုးလေး..
    မင်းကတော်သေးတယ်.. ကိုယ့်မှာ ယနေ့ မှစ နှစ်တစ်ရာလို့ ဟစ်ကြွေးခဲ့တာ..
    နောက်နေ့ ပြတ်ပဲ ...
    အဟီ..အလကား နောက်တာ...
    မေ့မေ့ပျောက်ပျောက်နဲ့ ဆယ်ယောက်လောက်ထပ်ထားလိုက်..
    မှန်းချမ်း .. အခုဘယ်နှစ်ယောက်လဲကွ..
    ဟဲ..