• Emotion Exit

    poem book
    နတ်ဆိုးလေးရဲ့ ဒီဘလော့ဂ်မှာ ဖော်ပြပြီးဖြစ်တဲ့ ကဗျာ လေးတွေကို စုစည်းပြီးတော့ ဖန်တီးထားတဲ့ ကဗျာစာအုပ်ကလေးပါ.။ ကဗျာ ၀ါသနာအိုးများအတွက် မျှဝေလိုက်ပါတယ်..။
    ပုံကိုကလစ်လိုက်နော်

၁။
ခဲတံ

ခဲဖျက် ကုန်သွားပြီ
ဒီတစ်ခါမှားရင်တော့
ရင်ကော့ပြီး အရေးခံနေကျ
ငါ့ဗလာစာအုပ်က ငါ့ကို ဟားတော့မှာ...။


၂။
မီးပုံးပျံ

မီးတောက်ကြီးကိုမြို
ကိုယ့်ကိုကိုယ် မှိုင်းတွေသွင်း
တင်းတင်းရင်းရင်းဖြစ်ကာမှ
ငါ့ရင်ဘတ်ကြီး လေလွင့်သွားလိုက်တာ....။(နှမြောစရာနော်)


၃။
ဖိနပ်

နင်းလျှောက်မှုအောက်မှာ နာကျင်လို့
ငါ့ကိုယ်ငါ ကိုက်ဖြတ်လိုက်မိပါတယ်
သဲကြိုးပြတ်တဲ့ ငါ့ကို
ဟိုဘက်အိမ်က ခွေးက ဆွဲစားတာ ခံလိုက်ရတယ်..။(တောက်)


၎။
ဓါတ်တိုင်

နီယွန်အလင်းစက်ကို ခေါင်းမှာတပ်
ခပ်တည်တည် မတ်တပ်ရပ်နေပေမယ့်
ပျော်တယ် မထင်နဲ့..
ဟို အမူးသမားက ၀င်ဖက်လိုက်
ဒီခွေးက ၀င် သေးပန်းလိုက်
ရိုက်သတ်ချင်နေတာ....။

၅။ ပေခုံ

တူနဲ့ရိုက်တာတော့ နာတာပေါ့
ဓါးတွေကို ပုံသွင်းပေးရတာကိုတော့
ဂုဏ်ယူလို့ မဆုံးဘူး..။


၆။ သော့ဂလောက်


ငါ့ဗိုက်ကို ထိုးကလန့်လိုက်လို့
ငါ ပွင့်သွားတာတော့ ဟုတ်ပါပြီ
သော့နဲ့ထိုးတာ ငါ့ရဲ့ ဘယ်နေရာလဲ..????


၇။ ဆွဲကြိုး

လူတွေများခက်တယ်နော်
သူတို့ လှချင်တာနဲ့ပဲ
သူ့တို့လည်ပင်းကိုဖက်ပြီး
ငါ့မှာ တန်းလန်းကြီး.............။


၈။ တစ်ရှူး

ဘ၀ဆိုတာ ခဏလေးပါ..
ကြည့်လေ... ကျုပ်ဆို...
အိတ်ထဲက ထွက်ထွက်ချင်း
ရှူးဆို ကျုပ်ရင်ခွင်ထဲ နှပ်ညှစ်ချ
မလှမပ လုံးထွေးရင်း
ဖြေထောက်နဲ့ တက်နင်းခံလိုက်ရ
ပြီးပြီ.... ဘ၀.... ဒါပဲ............။



ရေးခဲဖူးပြီးသား ကဗျာ တိုတိုတုတ်တုတ်လေးတွေပါ..။ ပို့စ် နှစ်ခု ခွဲရေးထားတဲ့အတွက် အခု ပြန်ပြီး စုစည်း .တင်ပေးလိုက်တာပါ..။ နှစ်သက်မယ်လို့ထင်ပါတယ်..။


.....နတ်ဆိုးလေး.......

7 Response for the "ခံစားမှု အပိုင်းအစလေးများ"

  1. အခုမှဖတ်ဘူးတယ်။
    နောက်ဆုံးမှာ နှပ်ထွက်တဲ့ ဒီကဗျာ
    အင်တာနက်ပေါ်ကဖတ်ရလို့ တော်သေးရဲ့။

  2. မီးတောက်မျိုတယ်ဆိုတော့...ချက်အရက်ဖြစ်ရမယ်..

  3. အလဲ့..ညီလေးလုပ်လှချည်လား...

    တိုတုတ်ရှတလေးတွေ ဖတ်တွားတယ်ကွာ ...

  4. ခံစားမှုအပိုင်းအစလေးတွေကိုလည်း ခံစားရင်းဖတ်သွားပါတယ် နတ်ဆိုးရေ.

    ခင်တဲ့
    သဒ္ဓါ

  5. နတ်ဆိုးလေး ရေ

    မနေ့က ကိုကြီးကျောက် အောက်မှာ မန့်ခဲ့တာ မဝင်ဘူးလား မသိဘူးနော်

    နတ်ဆိုးလေး ရဲ့ အိုင်ဒီယာ ဆန်းဆန်းလေး နဲ့ ကဗျာလေးကိုကြိုက်တယ် အမက ကဗျာတွေ ဆိုသိပ်မခံစားတတ်ဘူး အခုတော့ ဖတ်လိုက်တာနဲ့ ကြိုက်သွားတယ်နော်

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

  6. တော်သေးတာပေါ့။ တစ်ရှူးက နှပ်ဘဲအညှစ်ခံရလို့းဝ)

  7. Yu Shwe says:

    တော်တော်သဘောကျတယ်။