• Emotion Exit

    poem book
    နတ်ဆိုးလေးရဲ့ ဒီဘလော့ဂ်မှာ ဖော်ပြပြီးဖြစ်တဲ့ ကဗျာ လေးတွေကို စုစည်းပြီးတော့ ဖန်တီးထားတဲ့ ကဗျာစာအုပ်ကလေးပါ.။ ကဗျာ ၀ါသနာအိုးများအတွက် မျှဝေလိုက်ပါတယ်..။
    ပုံကိုကလစ်လိုက်နော်

ကျွန်တော်က မန္တလေးသား မဟုတ်ဘူုး.။ ပခုက္ကူက..။ ပခုက္ကူမှာ နှပ်တွဲလောင်း ပိစိကွေး ငယ်ငယ်လေးတည်းက ပေါင်းလာတဲ့ သူငယ်ချင်းတစ်ယောက်အကြောင်း ပြောပြချင်လို့ပါ..။ ဒီကောင့်နာမည်က ခန့်ဆက်တဲ့.။ ၁၀တန်းအောင်တော့ ကျွန်တော်က UFL သူက Dental မန္တလေးမှာ အတူတက်ရတော့ တွဲဖြစ်တယ်..။ အတူသွား အတူစား အတူလည်. ပျော်ဖို့တော့ အကောင်းသားကိုး..။ အဲ .. ကျောင်းပိတ်ချိန်ကျတော့ ကျွန်တော်က စော ပိတ်သဗျ..။ ဒီကောင် နောက်ကျတော့ မန္တလေးမှာ ကျန်ခဲ့တယ်..။ ကျွန်တော်က ပခုက္ကူ ပြန်တယ်.။ ဒီကောင်က ကျွန်တော် ပြန်တော့ သူပြီးမဲ့ရက်လောက် ဖုန်းဆက်လိုက်ဦးတဲ့..။ သူ့ကို လာကြို ခိုင်းဖို့ နေမှာပေါ့..။

စာမေးပွဲတွင်းမှာ သူ့အဖေ သူ့ဆီ လိုက်သွားတယ်..။ သူ့ အဖေကလဲ အလိုတော့ အလိုက်သားဗျ..။ သူ့သားလေးကို အရမ်းချစ်တာ..။ ကျွန်တော် သူ ဖုန်းဆက်ခိုင်းတဲ့ မနက်ပိုင်း သူ့ဆီ ဆက်လိုက်တယ်..။

ငါ မင်းကို လာကြိုခိုင်းဖို့ ဆက်တာ တဲ့ ဒါပေမယ့် ငါမလာသေးဘူးတဲ့ အဖေက နေခိုင်းလို့ နေဦးမယ်တဲ့ ကောင်မလေးနဲ့ လျှောက်လည်ဦးမှာတဲ့

ဆိုတော့ ကျွန်တော်က
အာ မင်း လုပ်လိုက်ရင် အဲဒီအတိုင်းချည်းပဲ.. ငါ ဒီမှာ ပျင်းနေပြီ.. လို့ပြောတော့

သူက မနက်ဖြန် ပြန်လာမှာတဲ့ မင်း ပျင်းလဲ မြို့ပြင် အ၀င်ဂိတ်က ထွက်စောင့်နေ တဲ့
ကျွန်တော်သူ့ကို ပိုးစိုးပက်စက် မေတ္တာပို့ ပစ်လိုက်တယ်..။

ဒီကောင်က တစ်မျိုးပဲဆဲတတ်တာ .. ကျွန်တော့ကို ပြန်ဆဲတယ်
မင့်မေကြီးတော် တဲ့

အဲဒီနေ့ ညနေ ၇ နာရီလောက် ကောင်မလေး သူငယ်ချင်းတစ်ယောက် ကျွန်တော့်ဆီ လာပြောတယ်..။ ခန့်ဆက် ဆေးရုံတင်ထားရတယ် တဲ့..။
အကျိုးအကြောင်းမေးကြည့်တော့ ဆိုင်ကယ် အက်ဆီးဒင့် ဖြစ်တာ..။ ကားနဲ့ ချိတ်မိတာ.. ။ ညနေ ၅ခွဲလောက်က ဖြစ်တာ.။ ၆ နာရီမှာ ဆေးရုံရောက်တယ်တဲ့..။ ခု အော်ပရေးရှင်းမှာ လို့ ပြောတယ်..။

ကျွန်တော် မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ ၀မ်းနည်းရတော့မှာလိုလို မနောက်ပါနဲ့ဟာ လို့ပဲ ပြန်ပြောရမှာ လိုလို ဖြစ်နေတုန်း.. အဲကောင်မလေးက မျက်ရည်တွေ ၀ိုင်းလာပြီး. ငါတကယ်ပြောတာဟ.. တဲ့
ခန့်ဆက် အဖေက သူတို့အိမ်ကို လှမ်းဖုန်းဆက်ရာကနေ သိတာပါ.။ မန္တလေး ပြည်သူ့ဆေးရုံမှာတဲ့..။

ဒါထက်အံ့သြဖို့ကောင်းတာကတော့ ည ၉ နာရီလောက် ဘာရယ်မဟုတ် ခန့်ဆက်တို့ အိမ်ရှေ့ က အဖြတ် မှာ ကျွန်တော် ခေါင်းကြီး ရှိန်းကနဲ ဖိန်းကနဲ ဖြစ်သွားတယ်.။
သူတို့ အိမ်ရှေ့မှာ ဆိုင်းဘူတ်လေးထောင်ထားတယ်..။

မောင်ခန့်ဆက်
အသက် ၁၈ နှစ်
../../၂၀၀၉ ည ၈ နာရီ ၂၀ တွင်ကွယ်လွန်သည်
(နောက်နေ့နေ့စွဲ) ညနေ ၄ နာရီ သင်္ဂြိုလ်မည်..

တဲ့

ရင်ဘတ်ထဲ ဆို့သွားတယ်ဗျာ..။ ကျွန်တော် သူတို့ အိမ်ထဲ ၀င်မေးကြည့်လိုက်တယ်..။ သူ့အဖေ ဖုန်းထပ်ဆက်တယ်တဲ့ ၈း ၂၀ က ဆုံးသွားပြီ..။ မနက်ကျရင် အလောင်းကို ပခုက္ကူထိ ပြန်သယ်လာမယ် တဲ့..။

သြော် သူငယ်ချင်းရယ်..။ မနက်ကမှ ကျွန်တော်နဲ့ ပြုံး ရယ်ပြီး စကားတွေ ပြောသွားသေးတယ်.။ ပြီးတော့ သူ ပြောသွားသေးတယ်..။ မနက်ဖြန် ပြန်လာမယ်တဲ့.။ မင်းပျင်းရင် မြို့ပြင် အ၀င်ဂိတ် ထွက်စောင့်နေပေါ့.. တဲ့..။ သူပြောတဲ့ မနက်ဖြန်မှာ ၀မ်းနည်းတဲ့ အထိမ်းအမှတ် အနက်ရောင်တွေနဲ့ ကျွန်တော်တို့ ပခုက္ကူက ငယ်သူငယ်ချင်းတွေအားလုံး ခန့်ဆက် အလောင်း လာရာ လမ်း (မြို့ပြင် အ၀င်ဂိတ်) ကနေ ထွက်ကြို ပေးခဲ့ကြပါတယ်..။

သူငယ်ချင်းရယ်..။ တကယ်တော့ မနက်ဖြန်ဆိုတာ အဝေးကြီးကွ .။ တစ်ညအိပ်ပြီးမှ ရောက်မှာ..
နောက်ဘ၀ ဆိုတာကတော့......................



အားလုံးကို လေးစားလျက်
...နတ်ဆိုးလေး....

8 Response for the "မနက်ဖြန် နဲ့ နောက်ဘ၀"

  1. စိတ်မကောင်းစရာဘဲ။
    တစ်ခဏအတွင်း ဖြစ်လိုက်ပျက်လိုက် အဖြစ်အပျက်တွေက မယုံနိုင်စရာပါဘဲ။

  2. အခု ကျွန်မအလုပ်လုပ်နေတဲ့ ပတ်ဝန်းကျင်မှာ ကျွန်မနဲ့ အလုပ်သဘော ဆက်စပ်မှုရှိတဲ့ (မရင်းနှီးပါ) သူ တွေထဲက နှစ်ယောက် (စိတ် အက်ဆီးဒန့် နဲ့) ရုတ်တရက်ကွယ်လွန်သွားတာကြုံဘူးတယ်။ နှစ်ရက် အိပ်မပျော် စားမ၀င်ခဲ့ဘူး။

  3. အမှည့်တဝင်းဝင်း...အကင်းတဖြုတ်ဖြုတ်တဲ့...
    မျက်စေ့အောက်မှာ ..

  4. Anonymous says:

    နတ်ဆိုးလေး ရေ

    စိတ်မကောင်းပါဘူးနော် သူငယ်ချင်း အချင်းချင်း ဆိုတော့ စိတ်မကောင်း ဖြစ်မှာပေါ့

    ရွှေစင်ဦး

  5. ဒါနဲ့ နတ်ဆိုးလေး ရေ ပိုစ် ဘယ်လိုတင်လဲ အမ တင်မရလို့
    shwezinu1961@gmail.com

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

  6. မောင်နတ်ဆိုး..

    ဟဲ့.. တကယ့်အဖြစ်အပျက်လား..။ အမယ်လေး ရင်ထဲကို ဟာထွက်သွားတာပဲ..အဲလိုပဲ အမငယ်သူငယ်ချင်းတယောက်လည်း ဆုံးသွားဖူးတယ်.. အကောင်းကြီးကနေ.. အသက် ၁၆ လောက်မှာ .. ။
    ရင်ထဲမှာ ဟာဖူးတယ်.. ဒါပေမယ့်လေ.. ဘဝမှာ အဲလိုတွေ ကြုံခဲ့ရပေါင်းများလို့ တခါတရံမှာ မျက်ရည်က ခိုင်လာတက်သား.. အမြဲတမ်းတော့ မဟုတ်ဖူးပေါ့.. ။

    မဗေဒါ (၈၈)

  7. Anonymous says:

    လူ့ဘ၀ဆိုတာ မနက်ဖြန်အတွက် အာမခံချက်မရှိဘူးတဲ့။။ မသိခြင်း ၄ ပါးနဲ့ ရပ်တည်နေကြရတယ်ဆိုတာ အမှန်ပဲ။ ဟူးးဖတ်ရတာ စိတ်မကောင်းဘူး။

  8. ချစ်ခင်ပေါင်းသင်းမြတ်နိုးခြင်းကား သေခြင်းနောက်ဆုံးရှိလေ၏ တဲ့နတ်ဆိုးရေ
    စိတ်မကောင်းပါဘူး နှင်းနဲ့ဇေလာလည်သွားတယ်လို့မှတ်ပေးပါ ဟိုမှဘန်းခံရလို့
    ပျားတုတ်နေပြီ...။