• Emotion Exit

    poem book
    နတ်ဆိုးလေးရဲ့ ဒီဘလော့ဂ်မှာ ဖော်ပြပြီးဖြစ်တဲ့ ကဗျာ လေးတွေကို စုစည်းပြီးတော့ ဖန်တီးထားတဲ့ ကဗျာစာအုပ်ကလေးပါ.။ ကဗျာ ၀ါသနာအိုးများအတွက် မျှဝေလိုက်ပါတယ်..။
    ပုံကိုကလစ်လိုက်နော်

လုပ်ရက်ကြပါပေ့

Posted by နတ်ဆိုးလေး On Tuesday, June 29, 2010 8 ယောက်ရဲ့ စကားသံတွေ

ကျွန်တော့ မေးလ်ကို အကို တစ်ယောက် forward လုပ်လာတယ်..။ ဖတ်ကြည့်တယ်...။ အင်မတန် မိုက်ရိုင်းတဲ့ အဖြစ်ပါပဲ..။ တကယ်ကိုယ်တွေ့ကြုံခဲ့ရသူ ကိုယ်တိုင် ရင်ဘတ်ကြီးကို ဖွင့်ချပြီး ရေးထားတာထင်ပါရဲ့ဗျာ..။ သနားဖို့ကောင်းသလို လုပ်တဲ့သူတွေကိုလဲ အံ့ပါရဲ့ဗျာ...။ ဘာလဲဆိုတော့ ပြောပြမယ်..။

သိပ်တော့ မကြာသေးဘူးလေ .. ကျွန်တော်လဲ အမှတ်တမဲ့ပဲ..။ အတိအကျတော့ မမှတ်မိဘူး.။ တလောက ပေါ့ မြန်မာနိုင်ငံမှာ Private School တွေ ဖွင့်တော့မယ် ဆို ကြားတော့ ကြားမိသား..။ ဖွင့်သွားတာတော့ မသိလိုက်ဘူး..။ ထားပါတော့ အခု ဖွင့်ပြီ..။ ဒီတော့ MA ဘွဲ့ M.Sc ဘွဲ့လေးတွေ လက်ထဲ ပိုက်ပြီး ဟိုယောင်ယောင် ဒီယောင်ယောင် ဖြစ်နေတဲ့ အလုပ်လက်မဲ့လေးတွေ ပျော်လိုက်ကြတဲ့ဖြစ်ခြင်း..။ ဘယ်ပြောကောင်းမလဲဗျာ..။ Study Guide သဘော အလုပ်ဆိုတာ ဘာပင်ပန်းတာမှတ်လို့ ..။ လစာကလဲ လေးသောင်းခွဲလောက်ကနေ ရှစ်သောင်းလောက်ထိ ရမယ် ဆိုတော့ .. လုပ်ပျော်တာပေါ့..။ လျှောက်ကြပြီ..။

ဘယ် ကျောင်းကလဲ ဆိုတာ နာမည်တော့ မပြောတော့ ပါဘူး..။ မေးလ်ထဲမှာတော့ ကျောင်းနာမည် အတိအကျနဲ့ လာတာပါ..။ အဲကျောင်းမှာ အဲဒီ တစ်ယောက် သွားလျှောက်တယ်..။ ကျောင်း က စာချုပ်ချုပ်ရတယ်..။ သင်ကြားရေးတာဝန်ခံဆရာမ ဆိုတဲ့ ရာထူးနဲ့ တစ်လ လေးသောင်းခွဲ သုံးနှစ် စာချုပ်ချုပ်ရတယ်တဲ့ ..။ ချုပ်လဲပြီးရော ဆရာမဆောင် ကို ခေါ်သွားတယ်တဲ့..။ အဆောင်သာ ဆိုတာ ဂိုထောင်သာသာပါတဲ..။ မိုးတွင်းမှာ ခြေသလုံး ရေမြုပ်မယ့် အခန်းတွေတဲ့ဗျာ..။

နောက်ပြီးတော့ အဲဒီ ၀န်ထမ်းတွေကို နှိပ်ကွက် ချက်က လွန်လွန်းတယ်..။ ဒီလိုဗျ...။

(၁) တိုးတက်နေတဲ့ခေတ်ထဲမှာသတင်းစာမဖတ်ရဘူးတဲ့။
(၂) ရေဒီယိုနားမထောင်ရဘူးတဲ့။
(၃) MP3 MP4 လက်ကိုင်ဖုန်းသုံးခွင့်မပြုဘူးတဲ့။
(၄) မိမိမိသားစုအသိုင်းအ၀ိုင်းက မိမိထံသို့ဖုန်းဆက်ခွင့်မရှိပါတဲ့။ လာရောက်တွေ့ခွင့်မရှိပါတဲ့။
(၅) သန့်ရှင်းရေးနဲ့ ပန်းပင်ရေလောင်းတာကို အလှည့်ကျလုပ်ရပါတယ်။
 (၆)ညဘက်ေ၇တင်တာကို အလှည့်ကျစောင့်ရပါတယ်။  (့ကျောင်းသူများရဲ့ရေချိုးခန်းထဲကိုထည့်တာပါ)
(၇) ကျောင်းသူများရဲ့အခန်းကိုroom service ၀င်ပေးရပါတယ်။
(၈) ဂိတ်ပေါက်စောင့်ရပါတယ်။
(၉)ဆရာမများ တနေ့ကိုရေတခါပဲ ချိုး၇မယ်လို့ စည်းကမ်းထုတ်ထားပါတယ်။

 အဲဒါ စည်းကမ်းလို့ နာမည် တပ်ပြီး နှိပ်ကွပ်တာပဲ..။ မမိုက်ဘူးဗျာ. ကိုယ့်လူမျိုးအချင်းချင်းပဲ.။ ကိုယ်ချင်းမစာတတ်ကြဘုးလားမသိဘူး..။ ဒီအလုပ်ကို လာလုပ်တဲ့သူတွေက အလကားလူတွေ မဟုတ်ဘူး..။ ဘွဲ့ရ ပညာတတ်တွေ..။ မြန်မာနိုင်ငံ ဘွဲ့ကလဲ ..
ပြောရင်း စိတ်တိုတယ်ဗျာ.. တကယ်..။ ရင်ထဲမှာ မကောင်းဘူး..။ MA M.Sc ဘွဲ့ကြီးတွေ ကိုင်ထားပြီး ရာထူးကတော့ ဘာတဲ့.. သင်ကြားရေး တာဝန်ခံ ဆရာမ တဲ့ ..။ နေရ စားရ လုပ်ရတဲ့ အခြေအနေက အိမ်ဖော်လောက်တောင် အဆင့်မရှိဘူး..။ ဘာလဲဗျာ.။ တကယ့်ကို ယူကျုံးမရ ဖြစ်မိပါတယ်..။ ပညာတတ်တဲ့လူတွေ ကို ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်ဖြတ်ထားတာ ဘာလဲ ဘသဘောလဲ..။ သတင်းစာ မဖတ်ရတာကော ဘာကြောင့်လဲ.။ အဲဒါကြီး အဆိုးဆုံးပဲဗျာ..။ ထောင်စားတဲ့လူကလဲ မြန်မာလူမျိုး. ပညာသင်တဲ့ ကျောင်းသူကျောင်းသားတွေလဲ မြန်မာလူမျိုး အလုပ်လုပ် တဲ့လူတွေကလဲ မြန်မာလူမျိုးတွေ မဟုတ်လား..။ ဘာလို့ နှိပ်ကွပ်ချင်ရတာလဲ.။ သူရေးထားတဲ့အတိုင်းဆို နေရတာက ထောင်သာသာပဲ အဆင့်အတန်းရှိတယ်.။ စဉ်းစဉ်းစားစားလဲ လုပ်ကြပါဦးဗျာ..။ ဟိုမှာက စာချုပ်ကြီး ကြောက်နေရတော့ ဘာမှ လုပ်မရဘူး.။ နေပေတော့ သုံးနှစ်..။
ပိုက်ဆံရမယ့် ကျောင်းသူကျောင်းသားတွေကို ကောင်းကောင်းမွန်မွန်ထား ပြီးတော့ ကိုယ်က လစာပေးရမယ့် ကိုယ့် အလုပ်သမား (ဆရာဆိုတဲ့ ရာထူးကို အလုပ်သမားလို့တောင် မခေါ်သင့်ဘူး) အလုပ်သမားတွေကိုကျ ဖိနှိပ်တယ်ဆိုတော့ အရပ်ကတို့ ရေ.. အဲဒါ အရင်းရှင်စနစ်ဗျ..။ ဟူး .. ခုထိ အဲဒီ စနစ် မပျောက်သေးဘူးကိုး.။

မြင်မကောင်းရှုမကောင်း မလို့သာ ပြောရတာ . စိတ်ထဲက ကောင်းတာမဟုတ်ဘူး..။ ဒီကကောင်က လုပ်သာမလုပ်သေးတာ..။ အဲဒီ စာသင်ရတဲ့ အလုပ်ကို သိပ်သဘောကျတဲ့ကောင်..။ မြတ်လဲမြတ်နိုးတယ်.။
ဒီသတင်းလေး ရုတ်တရက်ကြားလိုက်ရတော့ ၀မ်းနည်းမိတာတော့အမှန်ပါ.။

စာဖတ်သူ ပရိတ်သတ် ကိုယ်စိတ်နှလုံး ရွှင်ပြုံးနိုင်ကြပါစေခင်ဗျာ..။

အားလုံးကို လေးစားလျက်
........နတ်ဆိုးလေး...........

8 Response for the "လုပ်ရက်ကြပါပေ့"

  1. နတ်နတ်
    စိတ်လျှော့ စိတ်လျှော့........
    ဒါတွေက ဖြစ်တတ်ပါတယ်.....
    စလျှောက်ကတည်းက မာစတာဘွဲ့ ရဖြစ်ပြီး ခပ်မာမာဝင်ပါလား...
    စာချုပ်ဆိုတာချုပ်တာ သေချာရော ဖတ်ကြလား။။။
    ကျွန်မတို့ဆီက ပညာတတ်တွေက တခါတလေ အလုပ်ရပြီးရော ဆိုပြီး ဒီလိုလုပ်တတ်တာတွေရှိပါတယ်...။

  2. ကြားရတာ(အဲလေ)ဖတ်ရတာ စိတ်မချမ်းသာလိုက်တာ
    နတ်နတ်ရာ...။ဒါမျိုးကျ ဂျာနယ်တွေက မဖွကြတော့ဘူးလား....

  3. သြ ကြားရကြားရ နားဝမသက်သာ...

    အင်း နတ်ဆိုးလေးရေ သတင်းစာ မဖတ်ရတာတော့ ကောင်းသွားတယ်ထင်တယ် ဘာရယ်ဟုတ်ပါဘူး မျက်စေ့ညောင်း သက်သာတာပေါ့..

  4. ဟင်...ဘယ်လိုကြီးလဲ...စာမချုပ်ခင် စည်းကမ်းတွေ
    ဖတ်မကြည့်မိဘူးလား..

  5. အဲဒီဖောဝပ်မေးလ် လွန်ခဲ့တဲ့ ၁ပတ်လောက်က ပူးတေလဲ ရထားတယ်...အဲဒီဆရာမပြောတဲ့ သူတို့ကိုထားတယ်ဆိုတဲ့ ကျောင်း(အဆောင်)ကိုတော့ ရောက်ဖူးတယ်... ဆရာတွေအတွက်နေရာတော့မဟုတ်ဘူး။ ကျောင်းသားတွေအတွက် နေရာကို။ သူငယ်ချင်းတယောက် သူ့မောင်လေးကို စားစရာတွေသွားပို့တာ... သားသားနားနားပဲ။ ကျောင်းသားတွေက ညဖက်ကျ ဗိုက်ဆာရင် ကြာဇံထုတ်တွေ ခေါက်ဆွဲထုတ်တွေတောင် ပြုတ်ပေးသေးတယ်တဲ့...အဲဒီအချိန်ထဲက ဆရာတွေကိုတော့ ဘယ်လိုထားလဲ မသိဘူး။ ကျောင်းသားတွေကို ထားတာတော့ သူလဲ နာမယ်ရကျောင်းတကျောင်းပဲ.. လှည်းတန်းမှာလဲ သူ့ရဲ့ ဒေးစပါယ်ရှယ်လားမသိဘူး။ ရှိတယ်..

    သိသလောက်လေး ပြောပြမိတာပါ...

  6. တကယ်ကို (ကြားလို့)ဖတ်လို့မကောင်းလိုက်တာ။
    စာချုပ်ကိုပြောတာပါ။ ပို့စ်ကို ပြောတာမဟုတ်ပါဘူး။
    ဒီကျောင်းအကြောင်း ကိုယ်တိုင်ရောက်ဖူးတဲ့ ပူးတေ ရဲ့ကော်မန့်နဲ့ ဒီပို့စ်ကို ရေးသားတဲ့ ကိုနတ်ဆိုးလေးကို မျှဝေတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

  7. forward mail ကနေရောက်လာလို့
    ဖတ်လိုက်ရတယ်။
    အဲလိုတွေသာအမှန်တကယ်ဆိုရင်ဖြင့်
    စိတ်မကောင်းစရာ။

  8. Unknown says:

    စာချုပ်ထဲမှာ စည်းကမ်းချက်တွေ ရေးမထားတာလား.. လက်မှတ်ထိုးတဲ့သူတွေက သေချာ မဖတ်တာလားဟင်.. သနားပါတယ်... လူပဲ.. စက်ရုပ်လိုတော့ ဘယ် အခိုင်းခံချင်ပါ့မလဲ..