နတ်ဆိုးလေးဆိုတဲ့ကောင်ကလည်း ဖျင်းမိရင် ဘယ်လိုဖျင်းမှန်းကို မသိဘူး..။ သုံးမရအောင်ကို ဖျင်းတဲ့ကောင်..။ ခုလည်းကြည့်..။ ဘာရေးရကောင်းမလဲဆိုတာ စဉ်းစားနေတာ တစ်ရက်နဲ့ တစ်ပိုင်း ရှိသွားပြီ..။ ဘာမှ ခေါင်းထဲက ထွက်မလာဘူး..။ တစ်ချက်တစ်ချက် ကျတော့လဲ အကြံကောင်း ဥာဏ်ကောင်းလေးတွေ ထွက်တတ်တဲ့ ခေါင်းလေး မလို့ ဘာမှတော့ မပြောပါဘူး..။ ပုံပြင်ပဲ ပြောရတာကောင်းမယ်ထင်တယ်ဗျ ..။ နတ်ဆိုးလေးတို့ကတော့ စာလာဖတ်တဲ့ ပရိတ်သတ်ကို ကလေးတွေ များ အောက်မေ့နေလား မသိဘူး..။ ပုံပြင်တွေ ပြောပြောပြီး ပြန်လွှတ်နေတယ်..။ ဟီးဟီး။။ ကိုင်းကိုင်း.. ပုံပြင်လေး စလိုက်ကြရအောင်..။
အင်း... ဟိုးရှေးရှေးတုန်းကပဲ ဆိုကြပါစို့..။ တက္ကသိုလ်ပြည်မှာ ပညာတွေ သင်ကြားပို့ချပေးနေတဲ့ ဒိသာပါမောက္ခကြီး ရှိသတဲ့..။ (ပြောလို့သာပြောတာနော် ကိုယ်လဲ မြင်ဖူးတာမဟုတ်ဘူး.. ဒိသာပါမောက္ခ က အီမိုကေနဲ့လားဆို နတ်ဆိုးလေးတို့ ခက်ရချည်ရဲ့..) အဲဒီ ပါမေက္ခကြီးက သူ့ဆီမှာ လာပြီး ပညာသင်ယူကြရှာတဲ့ ကျောင်းသားလေးတွေကို စနစ်တကျ သင်ကြားပေးပြီးတဲ့အခါ.. (ယောကျာ်းတို့ တတ်အပ်တဲ့ အဌရသ ဘာညာ သာရကာပေါ့..) အဲဒါတွေ စုံအောင်လဲ သင်ပေးပြီးရော ကျောင်းသားတွေ ကိုယ့် အရပ်ကို ပြန်ကြမယ့်အချိန်ပေါ့..။
ဆရာကြီးက ကျောင်းသားတွေအားလုံးကို စုဝေးခေါ်ယူပြီးတော့ ပုစ္ဆာတစ်ခု ထုတ်ပါသတဲ့..။ (စပြီ မဟုတ်က ဟုတ်ကတွေ မေးတော့မယ်)..။ တပည့်တွေ အားလုံး စုရုံးစုရုံးနဲ့ ရောက်လာတဲ့ပြီးတော့ ဆရာကြီးကို စူးစမ်းတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြတယ်..။ (ဒီဆရာ .. ဘာပေါက်ကရတွေ မေးဦးမလဲ မသိဘူးပေါ့..)..။ အတန်ကြာ အိုက်တင်ခံပြီးကာကျမှ ဆရာကြီးက ဘယ်တုန်းက မိန်းမ မသိအောင် ဖွက်ယူလာတာလဲ မသိဘူး..။ ဆန်ချတဲ့ ဆန်ခါ ကြီး..။ (ဇဂါ လို့ ဖတ်ပါတယ်... :P ) ..။ အဲဒီဆန်ခါ ကြီးကို တပည့်တွေရှေ့ ပစ်ချလိုက်ပြီးမှ
လို့ပြောလိုက်သတဲ့..။ (ကိုင်း ကျွန်တော် မပြောဘူုးလား တော်တော် လက်ပေါက်ကပ်တဲ့ဆရာပါလို့)
အဲတော့ ကျောင်းသားတွေ ပျားတုပ်တာပဲ..။ မြစ်ရေချိုးဆိပ်မှာ ရေမချိုးရပဲ ဆန်ခါကြီး ကို သူကိုင်ကြည့် ငါကိုင်ကြည့် ရေခပ်ကြည့် လုပ်နေတယ်..။ ရလားဆိုတော့ ... ရဘူး..။ ဘယ်ရမလဲ ဆန်ခါကြီးပါဆိုနေမှ .. ဘယ်လိုလုပ် ရေ ရမှာလဲ..။ တော်တော် ရှုပ်တဲ့ဆရာ.. ပဲ..။ (ကျွန်တော်ပြောတာ မဟုတ်ဘူး ကျောင်းသားတွေထဲက ပြောတာနော်)..။ အဲလိုနဲ့ ဘယ်လိုမှ ကြံရာမရတဲ့ အဆုံး မြစ်ဆိပ်မှာ ကျောင်းသားတွေ အစုလိုက်အပြုံလိုက်ကြီး ထိုင်နေလိုက်ကြတယ်..။
အဲဒီအချိန်ကြမှ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်အကျော် ဒိသာ ပါမောက္ခကြီး မြစ်ဆိပ်ကို ဆင်းလာပါလေရော..။ အဲတော့ ကျောင်းသားတွေလဲ.. ပျာပျာ ပျာပျာနဲ့ ဖုတ်ဖတ်လေးခါတဲ့ပြီး ဆရာကြီးကို ထ အရိုအသေပေးလိုက်ကြတယ်..။ ဆရာကြီးက
ကိုင်း.. ငါ့ပုစ္ဆာကို ဘယ်သူဖြေနိုင်လဲ လို့ မေးလိုက်တော့
အားလုံးက တက်ညီလက်ညီ ခေါင်းရမ်းကြပါသည်..။ ဒီတော့မှ ဒိသာပါမောက္ခကြီးက ကိုယ်ခင်းတဲ့ဇာတ် ကိုယ့်ဘာကိုယ်တက်, က မဲ့ အထာနဲ့ ကျောင်းသားတွေရှေ့ထွက်ရပ်လိုက်ပြီး ဆန်ခါကြီးကို ကောက်ယူလိုက်တယ်..။
အားလုံး သေချာကြည့်ထားကြပါ.. လို့ပြောပြီး
ဆန်ခါကြီးကို ၀ှီးကနဲနေအောင် အသားကုန် လွှဲတဲ့ပြီး မြစ်ထဲ ပစ်ချ ပစ်လိုက်ပါလေရော..။ ဆန်ခါက အပေါက်တွေနဲ့ဆိုတော့ ရေထဲမှာ မြုပ်သွားရော..။
အဲတော့မှ ဆရာကြီးက ကျောင်းသားတွေဘက်လှည့်ပြီး
ကိုင်း... ခုတော့ ဆန်ခါထဲမှာ ရေပြည့်သွားပြီမဟုတ်လား.. လို့ မေးလိုက်ပါတော့သတဲ့ကွယ်.......။
ပုံပြင်လေးကတော့ ဒါပါပဲ..။
တစ်ခါတစ်လေမှာ သမားရိုးကျတွေထဲမှာ မထင်မှတ်ပဲ အင်မတန် ဆန်းပြားတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတတ်တယ်..။
အားလုံးကိုလေးစားလျက်
.........နတ်ဆိုးလေး..........
ဆန်ခါ ရေဖြည့် တဲ့ ပုံပြင်လေး နားထောင်သွားပါပြီဗျာ
ကျေးဇူးပါ
ရွှေစင်ဦး
ကိုနတ်ဆိုးလေး
မင်္ဂလာပါ။
ဟိုခေတ်တုန်းကရေပေါတဲ့အကြောင်းကိုပြောချင်တာလား။အခုခေတ်က ရေရှားတယ်နော်။
ပုံပြင်ကိုဖတ်ပြီး သမရိုးကျ ကောက်ချက်ချလိုက်တယ်။
ခင်မင်လျှက်
မြစ်ထဲမှာ ရေခန်းနေချိန်ဆို ဆရာကြီး ဇကာလည်း
ရေပြည့်ပါ့မလား ...း)
နတ်နတ်
ပုံပြင်ဖတ်ပြီး အိပ်ပျော်သွားတယ်..။
ခုမှ နိုးတယ်..။ ၀ါးးးးးးး
ဖတ်တယ်...မှတ်တယ်...မန့်တယ်...ပြန်မယ်
နှင်းမိုးမိုး
ဘာမှန်းမသိဘူး လူနောက် အကောင်းမှတ်လို့ကို သေချာလိုက်ဖတ်နေတာ
အင်းလေးကန်ထဲဆိုရင်တော့ ဆရာကြီးတော့ဒုက္ခပဲနော်
နတ်ဆိုးလေးကလည်းပုံပြင်ပြောတတ်တယ်။
"တစ်ခါတစ်လေမှာ သမားရိုးကျတွေထဲက မထင်မှတ်တဲ့
မေးခွန်းတွေမေးလာခဲ့ရင် သမတ်ရိုးကျအဖြေကိုပေးတတ်
ဖို့လိုတယ်။
ဒါကြောင့်စာဖတ်ရမယ်၊စာမှတ်ရမယ်..
အတွေးတွေအမြဲဆန်းသစ်နေရမယ်လို့ဆိုကြတာပေါ့ကွယ်။
အဟက် အဟက် .. ရီရတယ်.. ဗြဲ.... ဒိသာပါမောက္ခဆိုတာ အီမိုကေနဲ့ဟုတ်ဘူး နတ်ဆိုးရဲ့.. ကိုရီးယားမင်းသားတွေလို ဆံပင်ရှည်ကလေးနဲ့... ဟိဟိ