အိပ်မက်ဆိုးက ငါ့ကို ၀င်တိုက်
မောတဟိုက်ဟိုက် ချွေးပြိုက်ပြိုက်ကျ
အဲဒိည မလှခဲ့ဘူးကွယ်.. ။
ခြောက်ခြားမှုကို ရေနဲ့ မျှောချ
အိပ်မရတဲ့ အမှောင်ထုက ငါ့ကို
သန်းခေါင်ကျော်တဲ့အထိ ညဥ့်နက်ပြနေတယ်..။
စက္ကန့်လက်တံက အစွယ်အဖွေးသား
အချိန်တွေကို `တစ်ချက်ချက်´ တိုက်စား
ငါ့ရင်ခုန်သံလဲ ငါပြန်ကြားလိုက်တယ်..။
ခြေသံတရှပ်ရှပ်နဲ့ အဲဒိည
အရိပ်မည်းကြီးဆီ ပြန်ပြန်ရောက်
နောက်ကျောကလဲ မလုံသေးဘူး.. (အေးစက်စက်နဲ့)
မျက်လုံးနှစ်ဘက် ပြန်မှတ်မရ
အဲဒီ ခြောက်ခြားည
ငါ့ကိုယ်ငါပဲ မိုးလင်းပစ်လိုက်ရတော့တယ်...။
...နတ်ဆိုးလေး....
Categories:
ကဗျာ
,
ကိုယ်ပိုင်ကဗျာ
Subscribe to:
Post Comments (Atom)
ကိုယ့်ဘာသာကိုယ်မိုးလင်းပစ်တာအကောင်းဆုံးပဲ။
သတ္တိရှိတယ်။ ၀ီရိယ ကြီးတယ်။ ကျွန်မလည်း စနေနေ့ဆို နေ့လည် ၁၂နာရီမှထတယ်။ ထတဲ့ အချိန်မိုးလင်းပစ်လိုက်တာပေါ့။
အဲညကသရဲကားကြည့်လိုက်တယ် ထင်တယ် ၊ အော်အံသြစရာတော့ကောင်း
သားဘဲ သရဲကသရဲကိုပြန်ကြောက်တယ်ဆိုတော့ကား ....ဇေလာလည်သွားပါ
တယ် နတ်မိစ္ဆာရေ
မနေ့ကတော့ မအိပ်ဘဲနဲ့ မိုးလင်းသွားခဲ့တယ်။ အဲဒါလဲ ကိုယ့်ဘာသာကိုယ် မိုးလင်းပစ်ခြင်းတစ်မျိုးပေါ့။ ဒါပေမဲ့ အိပ်မက်ဆိုးတော့ မက်ခဲ့ဘူးဗျ။