• Emotion Exit

    poem book
    နတ်ဆိုးလေးရဲ့ ဒီဘလော့ဂ်မှာ ဖော်ပြပြီးဖြစ်တဲ့ ကဗျာ လေးတွေကို စုစည်းပြီးတော့ ဖန်တီးထားတဲ့ ကဗျာစာအုပ်ကလေးပါ.။ ကဗျာ ၀ါသနာအိုးများအတွက် မျှဝေလိုက်ပါတယ်..။
    ပုံကိုကလစ်လိုက်နော်




နတ်ဆိုးလေး က အားကြီးဆေးလိပ်ကြိုက်တဲ့ကောင်..။ ဆေးလိပ်ကို စွဲစွဲမြဲမြဲ သောက်လာလိုက်တာ.. ဟော.. ယနေ့အချိန်မှစ.. နောင် ၁၀နှစ်ခန့်ကြာလတ်သော် နတ်ဆိုးလေး အိမ်ထောင်ကျလျက်သား ရှိနေလေသတတ်..။ နတ်ဆိုးလေးဆိုတဲ့ကောင်ကလဲ.. ဆေးလိပ်က တိုက်တန်းနစ်သင်္ဘောရှုံးတဲ့အထိ မီးခိုးထွက်အောင် သောက်တာကိုး..။ ဆိုတော့ကာ ဒီကောင် ချူချာပြီပေါ့..။ ချောင်းတဟွတ်ဟွတ် ရင်တမောမော.. ပေါ့..။ ဒီတော့ အိမ်သူသက်ထားက နတ်ဆိုးလေးကို မျက်စောင်းတစ်ခဲခဲ ပေါ့ဗျာ..။ အဲ မနေနိုင် မထိုင်နိုင် ဖြစ်လာတဲ့ တစ်နေ့ကျတော့ ချစ်ဇနီးလေးက နတ်ဆိုးလေးနားကို ကပ် ပြောပါသတဲ့..။

ရှင်.. ဆေးလိပ်ဖြတ်မလား...။ ကျွန်မကို ကွာမလား..။ တဲ့

နတ်ဆိုးလေးကလဲ ပြန်ဖြေလိုက်တာပေါ့..။ ရုပ်ကတော့ မချိုမချဉ်နဲ့ ပြုံးပြုံးကြီးလုပ်ထားရတာပေါ့..။
ဘယ်လိုဖြေလိုက်လဲ သိလား..။

မင်းကိုတော့ မကွာနိုင်ဘူးကွာ.. ။ ဆေးလိပ်ပဲ ဆက်သောက်တော့မယ်....။ လို့..။

ကဲ ...... မခက်ဘူးလားလို့..။ ကောင်းစေချင်လို့ ပြောတဲ့ မိန်းမကတောင် စိတ်ကုန်သွားပြီဆိုတော့. နတ်ဆိုးလေး လဲ သောက်မြဲသောက်ပါ၏..။ အဲ.. သောက်မြဲ သောက်တဲ့အပြင် အရက်တောင် ထပ်တိုးသောက်လိုက်သေးဆိုပဲ..။ ဒီလိုနဲ့ အခြေအနေက ကောင်းမလာ .. (ဘယ်ကောင်းမလဲ .. လျှော့မှ မလျှော့တာ..) ပိုပိုသာ ဆိုးလာတော့... နတ်ဆိုးလေးလဲ ဆေးခန်းကို ချောင်းပေါက်အောင် ပြေးနေရတော့တာပေါ့..........။ ဒေါက်တာက မေးပြီ..။ ဘယ်လိုဖြစ်ရတာလဲဗျ..။


အာ.. ဒေါက်တာ ဒီလိုဒီလိုပဲ..။ အဲဒါ ခြေထောက်တွေ ထုံကျင် ကိုက်ခဲ နေတယ် . ဒေါက်တာ ကြည့်ပေးပါဦး..။

ဆိုတော့ ဒေါက်တာကလဲ ဟိုစမ်း ဒီစမ်း.. (နားကြပ် နဲ့ ) စမ်းလဲ ပြီးရော... မြန်မာ ဗီဒီယိုကားတွေထဲကလို ခေါင်းကြီးယမ်းပြီး...

အင်း ခြေထောက်က သွေးကြောတွေ အရမ်းကျဉ်းနေတာဗျ..။ အဒါ ဆေးလိပ်တွေ အရက်တွေကြောင့် ဖြစ်တာဗျ..။

အင်း ခင်ဗျား အခြေအနေကဗျာ... ခင်ဗျာ ဆေးလိပ်တွေ အရက်တွေ ဖြတ်ရင်ဖြတ် ..။ ဒါမှ မဟုတ်ရင် ခင်ဗျား ခြေထောက် ဖြတ်ရတော့မယ်...။

ဟော.. နတ်ဆိုးလေးတို့ ခေါင်းနပမ်းကြီးသွားတယ်..။

ဒေါက်တာရယ် ကျွန်တော် တစ်ပါတ်လောက် အချိန်ယူ စဉ်းစားပါရစေဦး..။

အဲလိုနဲ့ ဒေါက်တာက တစ်ပါတ်ရှိရင် ပြန်ဆက်သွယ်ဖို့ ချိန်းချက်ပြီး.. ပြန်လွှတ်လိုက်ရော..။
နောက်တပါတ်ကျတော့ ကိုနတ်ဆိုးလေးက ဒေါက်တာ့ဆီ ဖုန်းဆက်တယ်ဗျ..။

ဒေါက်တာကမေးတယ်.

ဘယ်လိုလဲ ဆေးလိပ်ဖြတ်မှာလား .. ခြေထောက်ဖြတ်မှာလား..။

အဲတော့ သကောင့်သားနတ်ဆိုးလေး က ဘာပြောတယ်မှတ်လဲ..

ကျွန်တော် ဒေါက်တာ့ကို အဆက်အသွယ် ဖြတ်တယ်..ဗျာ.. တဲ့.... ကဲ.။။။။။။

===================================================================

နတ်ဆိုးလေး ဆေးလိပ်ပြတ်သွားတဲ့ အထိမ်းအမှတ် အနေနဲ့ ဒီ ဟာသ ပို့စ်လေးကို ရေးပါသည်...။


အားလုံးကိုလေးစားလျက်
..........နတ်ဆိုးလေး........

12 Response for the "ဖြတ်ကို ဖြတ်ပစ်မယ်.."

  1. ကိုနတ်ဆိုးေးလးရေ
    သတင်းကောင်းလေးတစ်ခုပါပဲရှင်...
    အောင်မြင်ပျော်ရွှင်တဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေနော်...
    ဒီတစ်တရက်ပဲ ဖြတ်တာတော့ လုပ်နဲ့နော်...
    ခင်တဲ့
    နှင်းမိုးမိုး

  2. “CONGRATULATION”

  3. မသောက်နဲ့ဗျာ ဘာမှမဟုတ်ဘူးနဲ့ ဆော်လေးတွေကိုနမ်းရင်ပါးစပ်ကခရာကျ
    တယ်နော် ၊ သတိပေးတာ ဆေးလိပ်သောက်မလားဗျ ဘိန်းရှုမှာပေါ့ အဲဒါက
    ပါးစပ်လဲမနံ့ဘူး မသောက်ပါနဲ့ဗျာ ဇေတို့ဘကြီးလဲ သူ့တသက်မှာဆေးလိပ်
    အခါတရာလောက်ဖြတ်ပြီးသေသွားတယ် သေခါနီးတနာရီလောက်အထိဆေး
    လိပ် လိပ်သောက်နေတုန်းတဲ့..ဟဲဟဲ ကောင်းမှုမြတ်နိုး ၊ကောင်းအောင်ကြိုး
္က္က္က၍၊ ကောင်းကြိုးကိုယ်၌ ၊ တည်စေမင်း လို့ကန်တော်မင်ဆရာတော်ရဲ့လောက
    သာရပျို့မှာဆိုသကိုးဗျ ....။

  4. ဆေးလိပ်ဖြတ်ရတာ လွယ်ပါတယ်တဲ့ ကျနော်တောင် ခဏ ခဏဖြတ်တယ်တဲ့

    ကြားဘူးတာပါ..........

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

  5. လာသွားတယ်ဗျ ကွမ်းတော့ယောင်လို့သွားမစားနဲ့နော်
    ဆေးလိပ်ပြတ်ပြီးကွမ်းစားလို့ကတော့ စွဲပြီဆို ဘာနဲ့မှ
    ပြန်ဖြတ်လို့ရတော့ဘူးဗျို့

  6. တော်ပါသေးရဲ့...ဆေးလိပ် ဖြတ်လိုက်လို့..
    နို့မို့ရင်..ခြေထောက်..........................အမလေး.....

  7. ဆေးလိပ်ဖြတ်တာ ကောင်းပါ့ဗျာ။ Congratulation!

  8. ကျနော်ကတော့ ဆေးလိပ်ဖြတ်နေတာ ၁၀ ကြိမ်ကျော်ပြီ.. ဘယလိုမှကို ဖြတ်လို့မရတာ.. အကို ဆေးလိပ်ပြတ်သွားတာ ၀မ်းသာပါတယ်..

  9. လိမ်မာသွားပြီပေါ့..
    နတ်ကောင်းဖြစ်သွားပြီ..။

  10. တဖွာ နှစ်ဖွာ သုံးလေးဖွာ .. အဲ သူပြတ်သွားပြီပေါ့ .. ဒို့ ကိုအငွေ့ တွေကြား
    ချန်ထားရစ်ပြီပေါ့ .. အဟင့်အင့်

    ကောင်းကွ .. ပြတ်ရင်ဖြတ် .. အရေးကြီးတာက စိတ်ပဲညီလေး ...
    ဒါလေး ဖွာလိုက်ရမှ စားဝင်အိပ်ပျော်ဆိုတဲ့ စိတ်ကို ရအောင်ဖြတ် ...
    ငါတို့ ဖွာလို့ သူကအငွေ့ ထွက်ပေးရတာ ... သူခမျာ သနားစရာ ..ဟင့်

    ကောင်းတယ် .. ဘောလိုက်ကောက်လိုက်အုံးမယ်...
    ညီညီ(လောကမီးအိမ်)

  11. ဒုက္ခတခုပေးတဲ့ဆေးလိပ်ကိုဖြတ်နိုင်တယ်ဆိုတော့ ချီးကျူးပါတယ်ကွယ်..။
    အမြဲပျက်သွားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်..။

    ခင်တဲ့
    မသဒ္ဓါ

  12. ဆေးလိပ်ကို ဘာနဲ့ဖြတ်။