• Emotion Exit

    poem book
    နတ်ဆိုးလေးရဲ့ ဒီဘလော့ဂ်မှာ ဖော်ပြပြီးဖြစ်တဲ့ ကဗျာ လေးတွေကို စုစည်းပြီးတော့ ဖန်တီးထားတဲ့ ကဗျာစာအုပ်ကလေးပါ.။ ကဗျာ ၀ါသနာအိုးများအတွက် မျှဝေလိုက်ပါတယ်..။
    ပုံကိုကလစ်လိုက်နော်

ချစ်သူ သိစေ....

Posted by နတ်ဆိုးလေး On Saturday, June 26, 2010 8 ယောက်ရဲ့ စကားသံတွေ

ငါ့ကို ပြောခွင့်ပြုပါ..
နင် စာနာနိုင်ဖို့ပေါ့.............။

ရော့ယူပါ ..လို့ ပုံပေးထားတဲ့
ငါ့အချစ်တွေ..
ရပါတယ်ဟာ..လို့ ခွင့်လွှတ်ထားတဲ့
ငါ့အချစ်တွေ
နင့်သဘောပါ.. လို့ လိုက်လျောထားတဲ့
ငါ့အချစ်တွေ..။

ချစ်လွန်းလို့ပါ
ချစ်သူရယ်..။

မှတ်မိလား ချစ်သူ..
နင် တောင်းဆိုတာ ဘာကြီးဖြစ်ဖြစ်
ငါမငြင်းခဲ့မိတာတွေ
နင်ဘာတွေပဲ ရှုပ်ရှုပ်
ငါ ရပ်ကြည့်နေခဲ့တာတွေ
နင် ငါ့နားက ထွက်သွားတုန်းက
ငါ ခွင့်ပြုခဲ့တာတွေ...။

ချစ်လွန်းလို့ပါ
ချစ်သူရယ်..။

နင် မှတ်မိသေးလား ချစ်သူ..
ငါ့ရဲ့ ပေးဆပ်မှုတွေ ကို နင်..
ရှောင်ဖယ်ခဲ့တာလေ.
ငါ့ရဲ့ ခွင့်လွှတ်မှုတွေကို
နင် ဥပေက္ခာ ပြုခဲ့တာလေ
ငါ လိုက်လျောခဲ့သမျှ
နင်ရောင့်တက်ခဲ့တာလေ..။

နင်ရှုပ်သမျှ ဇယားတွေလဲ
ငါသိတယ်..
နင် မပြင်သေးတဲ့ အကျင့်ဆိုးတွေလဲ
ငါ သိတယ်
နင် ငါ့အပေါ်ထားတဲ့ အတွင်းစိတ်ကိုလဲ
ငါသိတယ်..။

ငါ့မှာ တောင်းဆို နိုင်တဲ့ အင်အားရှိရင်လေ
ငါ ခုပြောခဲ့တာတွေကို မလိုချင်ပါဘူး..
နင့်နားမှာ နေခွင့်လေးပဲ ရချင်တာ..။

တကယ်ပါချစ်သူ..။



ချစ်လွန်းလို့ပါ
ချစ်သူရယ်.............။



....နတ်ဆိုးလေး.....

8 Response for the "ချစ်သူ သိစေ...."

  1. လာတယ်..ဖတ်တယ်.မန့် တယ်..
    အဲ..သိပ်အလိုမလိုက်နဲ့ ..
    မိတ်ကပ်တွေ ဈေးကြီးတယ်..အဟီ

  2. တော်တယ် နတ်နတ်
    ခံစားသွားတယ် ...
    ကဗျာလေးမှာ တခုခု ပါနေတယ် နော်....။

  3. အလိုသိပ်မလိုက်နဲ့နော် လျှာထွက်လိမ့်မယ်

    နဖူးကချွေးခြေမကျလဲမင်းအလိုကိုမဖြည့်နိုင်ခဲ့ ခွိခွိ

  4. အလိုလိုက်တယ်ဆိုတာ လိုက်ဖို့လိုနေသေးတဲ့သဘောပေါ့ဗျာ။ လိုနေသေးသရွေ့ တော့ လိုက်နေရုံဘဲပေါ့။းဝ)

  5. ကဗျာတွေကတော့လန်တယ်နော် ၊ ဟဲဟဲ အပီအပြင်ကို
    သီကြွေးနေတာပါလား ၊ ရေးနည်းလေးဘာလေး ရှယ်ပါ အုံးသီကြွေးချင်နေလို့ အချစ်အကြောင်းကို......။

  6. သူ့အလိုတွေလိုက်ရင်းနဲ့
    ကိုယ့်လိုအင်တွေ..“ဆိတ်သုန်း
    သွားတတ်တယ်...နတ်ဆိုးလေးရေ

  7. အိမ်အသစ်လေးနဲ့ပါလားနတ်ဆိုးလေးရေ..။
    အိမ်တက်ပွဲမလုပ်ဖူးလားဟင်......
    ကဗျာလေးကလည်းကောင်းဆိုတော့.. ဘာနဲ့ဧည့်ခံမှာ
    ပါလိမ့်...

    ခင်တဲ့
    သဒ္ဓါ

  8. Unknown says:

    အဟွတ် ... အဟွတ်.. အဟွတ်.... ဆောရီးဗျိုး.. comment ပေးမလို့ပါဆို "ချစ်သူ" တွေမွှန်သွားတယ်.... ကွိကွိ.. ချစ်တာလေးလဲ နဲနဲလျှော့ပေါ့.. ရူးသွားဦးမယ်... ဟီး