• Emotion Exit

    poem book
    နတ်ဆိုးလေးရဲ့ ဒီဘလော့ဂ်မှာ ဖော်ပြပြီးဖြစ်တဲ့ ကဗျာ လေးတွေကို စုစည်းပြီးတော့ ဖန်တီးထားတဲ့ ကဗျာစာအုပ်ကလေးပါ.။ ကဗျာ ၀ါသနာအိုးများအတွက် မျှဝေလိုက်ပါတယ်..။
    ပုံကိုကလစ်လိုက်နော်

မပြောမပြီး မတီး မမည်လို့ ဆိုတာကိုးဗျ..။ အဲတော့ နတ်ဆိုးလေး ပြောပါရစေခင်ဗျ..။ နတ်ဆိုးလေးတို့ ရွှေမြန်မာ မှာ အင်တာနက် ကို တွင်တွင်ကျယ်ကျယ် သုံးလာတာ ဘယ်နှစ်နှစ်ရှိသွားပြီလဲ..။ မရှိပါဘုူးဆို ၁၀နှစ်တော့ကြာသွားပြီဗျာ..။ ဒါ လျှော့လျှော့ပေါ့ပေါ့ တွက်လိုက်တာ...။ ထားတော့..။ အင်တာနက်သုံးလို့ရတယ်..။ သတင်းအချက်အလက် နည်းပညာ ဆက်သွယ်ရေး.. ၀န်ဆောင်မှု တွေ အများကြီး အများကြီး အတွက် အင်တာနက်ကို အသုံးချလို့ရတယ်..

ဆိုတော့ နတ်ဆိုးလေးလဲ အူယားဖားယားနဲ့ သင်တန်းတွေ လိုက်တက်ရတော့တာပေါ့..။ နတ်ဆိုးလေးတို့ စသုံးတတ်ခါစက ကောင်းတယ် မဆိုးဘူး..။ နောက်ပိုင်း ၂၀၀၉ မေ လောက်မှာ ဖြစ်မယ်ထင်တယ်။။ ကေဘယ်လ်တွေ ပျက်လို့ ပြင်နေတယ်ဆိုပြီး.. တစ်နိုင်ငံလုံးသုံးမရဘူး။။ ပြီးလဲ ပြီးရော..။ သုံးမယ်ဟ.. ဆို cyber cafe ကို ပြေးတော့တာပေါ့..။
ဒဘလယူ ဒဘလယူ ဒဘလယူ ဒေါ့ ဂူဂဲ ဒေါ့ ကွန်.. အင်းတား.....
........ ....... ....
ဟုတ်ကဲ့ မော်လီဇာ မှာ loading ဖြစ်နေတယ်ခင်ဗျ....
..............အိပဲ့ အိပဲ့ နဲ့
ဟုတ်ကဲ့ loading မပြီးသေးဘူးခင်ဗျ..

၅ မိနစ်လောက်ကြာသွားရော.. ဘာဖြစ်တာလဲ .. ဆိုင်ကို မေးကြည့်တော့ တိဝူးတဲ့ဗျာ... စသုံးရ ကတည်းက အဲတိုင်းပဲတဲ့...။ ကောင်းရော..။
(ဟုတ်ကဲ့ ထိုအချိန်မှ စပြီး အိပဲ့ အိပဲ့ ဖြစ်လာတာ ယနေ့ အချိန်ထိ ဖြစ်ပါတယ်ခင်ဗျာ)

နောက်တစ်ခု ကတော့ ဘန်းတဲ့ကိစ္စပါ..။ ဘယ်လို ခေါင်းစဉ်တပ်ပြီး ဘာတွေ လိုက်ဘန်းနေမှန်းလဲ မသိဘူး..။ တရားမ၀င်တာရော (သူတို့ အခေါ် ပေါ့) တရားဝင်တာရော .. ကောင်းကောင်းကန်းကန်း ရေးတာရော မကောင်းမကန်း ရေးတာရော သိမ်းကျုံး ဘန်းထားတာ..။ ဘာလုပ်တာလဲ..။ ဒီနေ့ လူငယ်တွေကို အင်တာနက်ကနေ ဘာတွေ ပေးမှာလဲ..။ လူငယ်တွေက ဘာတွေ လေ့လာရမှာလဲ..။ အင်တာနက်ကို ဘယ်လို အသုံးချရမှာလဲ..။ ဂျီတော့ချက်တင်လောက်ပဲ သုံးစွဲခွင့်ရတာ သတင်းအချက်အလက် နည်းပညာလား..။ Friendster လောက်သုံးရတာ communication လား..။ သီချင်းလေး တစ်ပုဒ်ကို ၅ မိနစ်လောက် download လုပ်ယူရတာ ဘာဝန်ဆောင်မှုလဲ..။

ထပ်ပြီး မေးလိုက်ပါဦးမယ်..။ ဘာအတွက်လဲ..???
မြန်မာနိုင်ငံ အင်တာနက် ဘယ်ကို ဦးတည်နေတာလဲ... ????

အားလုံးကို လေးစားလျက်
...နတ်ဆိုးလေး....

7 Response for the "ဘာအတွက်လဲ.. ဘယ်ကို ဦးတည်တာလဲ..???"

  1. ပြောတတ်ပါဘူး နတ်ဆိုးလေးရယ်........
    နို့ စကားမစပ် ခေတ်မှီဖွံဖြိုးတိုးတက်တဲ့နိုင်ငံတော်ကြီးဖြစ်အောင် ဘဘကြီးတို့
    နေ့မအားညမနား ကြိုးစားနေဆိုတယ်ဆိုလား........

  2. @ဒဘလယူ ဒဘလယူ ဒဘလယူ ဒေါ့ ဂူဂဲ ဒေါ့ ကွန်.. အင်းတား.....
    ........ ....... ....
    ဟုတ်ကဲ့ မော်လီဇာ မှာ loading ဖြစ်နေတယ်ခင်ဗျ....
    ..............အိပဲ့ အိပဲ့ နဲ့
    ဟုတ်ကဲ့ loading မပြီးသေးဘူးခင်ဗျ..

    ၅ မိနစ်လောက်ကြာသွားရော.. ဘာဖြစ်တာလဲ .. ဆိုင်ကို မေးကြည့်တော့ တိဝူးတဲ့ဗျာ... စသုံးရ ကတည်းက အဲတိုင်းပဲတဲ့...။ @

    ဟားဟားးးရှင်းသွားတာပ။

  3. မောင်နတ်ဆိုး

    သိခွင့်ရတာကျေးဇူး.. တကယ်လက်တွေ့မှာလည်း အသုံးပြုရတဲ့သူတွေ စိတ်ညစ်နေမယ် ထင်ပါရဲ့..။ အဆင်ပြေပါစေလို့..။

    ဦးတည်ချက်လား .. တကယ်မသိတာလား.. သိသလောက် ပြောကြည့်မယ်..။
    မီဒီယာရဲ့ အား ကို ကြောက်တာပဲ..။

    မဗေဒါ (၂၀၁၀ အမတ်လောင်း)

  4. ဘဘတို့ရဲ့ သဘောထားအမှန်ကို မသိသေးဘူးလားကွယ်...
    အတိုက်အခံလုပ်ပြီးဒေါ်လှဟာစားဘလော့မှာရေးသလို..မကောင်းတာတွေမပြောကြပါနဲ့ မောင်နတ်ဆိုးရာ...

  5. လာမယ် လေ ဒို့တွေအသက်ကြီးလို့ တို့မြေးတွေဒို့အရွယ်ရောက်တဲ့အခါ
    ဟဲဟဲ လာလည်သွားတယ် နှင်းနဲ့ဇေတို့မောင်နှမ..။

  6. နတ်ဆိုးလေး ရေ

    ဘယ်ပျောက်နေလဲ လျှောက်လျှောက် မပြောနေနဲ့ အရိုက်ခံရမယ်

    ခင်မင်စွာဖြင့်

  7. “မပြောမပြီး မတီး မမည်လို့ ဆိုတာကိုးဗျ..။ အဲတော့ နတ်ဆိုးလေး ပြောပါရစေခင်ဗျ..။ ”
    ပြောလိုက်တော့ပြီးသွားတာပေါ့။
    တီးလိုက်တော့လည်း မြည်သွားတာပါပဲ။
    “ဒါပေမယ့် ကိုနတ်ဆိုးလေးရယ်၊
    စကားနားမလည်သူ။ နားမကြားသူတွေက တော့ ဘာမှ သိရှာမှာမဟုတ်ဘူးလေ”
    ခင်မင်လေးစားလျှက်